Thursday 25 December 2014

အကြမ်းဖက်မှု ကိစ္စရပ်များကို စီရင် စစ်ဆေးရန် စစ်ဘက် တရားရုံးများ ပါကစ္စတန် ဖွဲ့စည်းမည်

Photo: အကြမ်းဖက်မှု ကိစ္စရပ်များကို စီရင် စစ်ဆေးရန် စစ်ဘက် တရားရုံးများ ပါကစ္စတန် ဖွဲ့စည်းမည် 
Thursday, December 25, 2014 

အကြမ်းဖက်မှု ဆိုင်ရာ ကိစ္စရပ်များကို စစ်ဆေးဆုံးဖြတ်မည့် စစ်ဘက် တရားရုံးများကို ဖွဲ့စည်း တည်ထောင် သွားရန် ပါကစ္စတန် ခေါင်းဆောင်များက ဒီဇင်ဘာ ၂၄ ရက်တွင် သဘောတူ ခဲ့ကြသည်။ နိုင်ငံတွင် တာလီဘန်တို့က ပတ်ရှဝါမြို့ရှိ စာသင်ကျောင်း ကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း အာဏာပိုင်များက အကြမ်းဖက်မှု ဆိုင်ရာ အမျိုးသား စီမံချက် တစ်ခုအတွက် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြ ပြီးနောက် သဘောတူခဲ့ ကြခြင်း ဖြစ်သည်။

“နိုင်ငံရေး ပါတီတွေက စစ်ဘက် တရားရုံးတွေ ဖွဲ့စည်းဖို့ သဘောတူလိုက်ပါပြီ”ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိတစ်ဦးက ပြောသည်။ အကြမ်းဖက်မှုနှင့် သက်ဆိုင်သည့် အမှုကိစ္စများ အားလုံးကို အဆိုပါ စစ်ဘက် တရားရုံးများက ကိုင်တွယ်သွားမည်ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှဝါ ဒေသရှိ စစ်တပ်က ခန့်ခွဲနေသော စာသင်ကျောင်း တစ်ကျောင်းကို တာလီဘန်များက ၀င်ရောက်တိုက်ခိုက် ခဲ့မှုကြောင့် ကျောင်းသား အများစု အပါအ၀င် လူ ၁၅၀ ခန့် သေဆုံးခဲ့ပြီးနောက်ပိုင်း ပါကစ္စတန် နိုင်ငံရေး ပါတီများသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအစဉ်တစ်ရပ် ရေးဆွဲရန် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ စစ်ဘက် တရားရုံးများကို နှစ်နှစ် သက်တမ်းတစ်ရပ်ဖြင့် တည်ထောင်သွားမည်ဟု ပါကစ္စတန် အတိုက်အခံ ပါတီ ခေါင်းဆောင် ဆိုင်ခါရှီရှာက ပြောကြားသည်။

“အကြမ်းဖက်သမား တွေကိုပဲ ဒီတရားရုံးတွေမှာ စီရင်သွားမှာဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက်တွေအတွက် အသုံးပြုသွားမှာ မဟုတ်ပါဘူး၊ စစ်ဘက် တရားရုံးတွေ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က အကြမ်းဖက်သမားတွေကို အချိန်မြန်မြန်ဆန်ဆန်နဲ့ စစ်ဆေးသွားနိုင်ဖို့ပါ၊ ကျွန်တော်တို့ရဲ့ တရားရေး စနစ်မှာက ဟာကွက်တွေ အများကြီး ရှိပါတယ်”ဟု အတိုက်အခံ ပါတီခေါင်းဆောင် ဆိုင်ခါရှီရှာက ပြောသည်။ စစ်ဘက် တရားရုံးများ ဖွဲ့စည်းရေးကို လွယ်ကူချော့မွေ့စေရန် ဖွဲ့စည်းပုံ ဥပဒေကိုလည်း ပြင်ဆင်သွားရန် နိုင်ငံရေး ပါတီအားလုံးက သဘောတူညီခဲ့ကြသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်လာသူများက  နိုင်ငံ သမိုင်းတစ်လျှောက်တွင် လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့သည့် စာသင်ကျောင်း တိုက်ခိုက် ခံရမှုအပေါ် ပြစ်တင်ဝေဖန်ရင်း ယခု ဆုံးဖြတ်ချက်ကို တခဲနက် သဘောတူခဲ့ကြသည်။ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နောက် ပိုင်း နိုင်ငံတွင် သေဒဏ်ချမှတ်မှုကို ခြောက်နှစ်ကြာ ဆိုင်းငံ့ထားခြင်း ကိုလည်း ၀န်ကြီးချုပ် နာဝက်ဇ် ရှာရစ်က ရုပ်သိမ်းသွားခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ပတ်ရှဝါ စာသင်ကျောင်းကို ၀င်ရောက် ပစ်ခတ်သတ်ဖြတ် ခဲ့သည့် သေနတ်သမားများ
ပတ်ရှဝါ စာသင်ကျောင်းကို ၀င်ရောက် ပစ်ခတ်သတ်ဖြတ် ခဲ့သည့် သေနတ်သမားများ
အကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များကို စစ်ဆေးဆုံးဖြတ်မည့် စစ်ဘက် တရားရုံးများကို ဖွဲ့စည်း တည်ထောင် သွားရန် ပါကစ္စတန်ခေါင်းဆောင်များက ဒီဇင်ဘာ ၂၄ ရက်တွင် သဘောတူ ခဲ့ကြသည်။ နိုင်ငံတွင် တာလီဘန်တို့က ပတ်ရှဝါမြို့ရှိ စာသင်ကျောင်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း အာဏာပိုင်များက အကြမ်းဖက်မှုဆိုင်ရာ အမျိုးသားစီမံချက်တစ်ခုအတွက် အစည်းအဝေးတစ်ရပ် ကျင်းပ ခဲ့ကြ ပြီးနောက် သဘောတူခဲ့ ကြခြင်း ဖြစ်သည်။

“နိုင်ငံရေး ပါတီတွေက စစ်ဘက် တရားရုံးတွေ ဖွဲ့စည်းဖို့ သဘောတူလိုက်ပါပြီ”ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိတစ်ဦးက ပြောသည်။ အကြမ်းဖက်မှုနှင့် သက်ဆိုင်သည့် အမှုကိစ္စများ အားလုံးကို အဆိုပါ စစ်ဘက် တရားရုံးများက ကိုင်တွယ်သွားမည်ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှဝါ ဒေသရှိ စစ်တပ်က ခန့်ခွဲနေသော စာသင် ကျောင်း တစ်ကျောင်းကို တာလီဘန်များက ၀င်ရောက်တိုက်ခိုက် ခဲ့မှုကြောင့် ကျောင်းသား အများစု အပါအ၀င် လူ ၁၅၀ ခန့် သေဆုံးခဲ့ပြီးနောက်ပိုင်း ပါကစ္စတန် နိုင်ငံရေး ပါတီများသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအစဉ်တစ်ရပ် ရေးဆွဲရန် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ စစ်ဘက် တရားရုံးများကို နှစ်နှစ် သက်တမ်းတစ်ရပ်ဖြင့် တည်ထောင်သွားမည်ဟု ပါကစ္စတန် အတိုက်အခံ ပါတီ ခေါင်းဆောင် ဆိုင်ခါရှီရှာက ပြောကြားသည်။

“အကြမ်းဖက်သမား တွေကိုပဲ ဒီတရားရုံးတွေမှာ စီရင်သွားမှာဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက်တွေအတွက် အသုံးပြုသွားမှာ မဟုတ်ပါဘူး၊ စစ်ဘက် တရားရုံးတွေ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က အကြမ်းဖက်သမား တွေကို အချိန်မြန်မြန်ဆန်ဆန်နဲ့ စစ်ဆေးသွားနိုင်ဖို့ပါ၊ ကျွန်တော်တို့ရဲ့ တရားရေး စနစ်မှာက ဟာကွက် တွေ အများကြီး ရှိပါတယ်”ဟု အတိုက်အခံ ပါတီခေါင်းဆောင် ဆိုင်ခါရှီရှာက ပြောသည်။ စစ်ဘက် တရားရုံးများ ဖွဲ့စည်းရေးကို လွယ်ကူချော့မွေ့စေရန် ဖွဲ့စည်းပုံ ဥပဒေကိုလည်း ပြင်ဆင်သွားရန် နိုင်ငံရေး ပါတီအားလုံးက သဘောတူညီခဲ့ကြသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်လာသူများက  နိုင်ငံသမိုင်းတစ်လျှောက်တွင် လူသေဆုံးမှု အများဆုံး ဖြစ်ခဲ့ သည့် စာသင်ကျောင်း တိုက်ခိုက် ခံရမှုအပေါ် ပြစ်တင်ဝေဖန်ရင်း ယခုဆုံးဖြတ်ချက်ကို တခဲနက် သဘော တူခဲ့ကြသည်။ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နောက် ပိုင်း နိုင်ငံတွင် သေဒဏ်ချမှတ်မှုကို ခြောက် နှစ်ကြာ ဆိုင်းငံ့ထားခြင်း ကိုလည်း ၀န်ကြီးချုပ် နာဝက်ဇ် ရှာရစ်က ရုပ်သိမ်းသွားခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment