Friday 26 December 2014

ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံရေးအတွက် လုံခြုံရေးဆပ်ကော်မတီဖွဲ့စည်းပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်နေ

Photo: ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံရေးအတွက် လုံခြုံရေး ဆပ်ကော်မတီ ဖွဲ့စည်းပြီး ပိုမိုတိုးမြှင့်ဆောင်ရွက်နေ
Friday, December 26, 2014

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှု သဘင်အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၄ရက်က ကျင်းပခဲ့ပြီး အခမ်းအနားလုံခြုံရေး အတွက် လုံခြုံရေးဆပ်ကော်မတီ ဖွဲ့စည်းကာ သာမန်လုံခြုံရေး ထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်က ပြောသည်။

''နေပြည်တော် ဗိုလ်ရှုသဘင် အခမ်းအနားအပါအဝင် နေပြည်တော်မှာ အခမ်း အနားတွေလုပ်ရင် လုံခြုံရေးအတွက် လုံလောက်တဲ့ ရဲ တပ်ဖွဲ့အင်အား၊ လုံလောက်တဲ့လုံခြုံ ရေးအထောက်အကူပြုပစ္စည်းတွေနဲ့ ဆောင်ရွက်တာ ပါ၊ နေပြည်တော် ဗိုလ်ရှုသဘင်အခမ်းအနား လုံခြုံ ရေးအတွက် လုံခြုံရေး ဆပ်ကော်မတီ ကို ဖွဲ့စည်းထားပြီး အဲဒီကော်မတီ ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးကဥက္ကဋ္ဌ ၊ ရဲချုပ်က အတွင်း ရေးမှူး ၊ အမှတ်(၁)လုံခြုံရေး ကွပ်ကဲ ရေးမှူး ရဲမှူးချုပ်ကတွဲဖက်အတွင်း ရေးမှူးဆိုပြီး ကော်မတီဖွဲ့စည်းထား တယ်၊ ဗိုလ်ရှုသဘင် အခမ်းအနား လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် တပ်မတော်က လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်''ဟု ယင်းကဆိုသည်။

ဗိုလ်ရှုသဘင် အခမ်းအနားအတွက် လုံခြုံရေးစီမံဆောင်ရွက်ထားမှုနှင့်ပတ်သက် ၍ ရဲမှူးကြီးက ''လုံခြုံရေးဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အရင် ကတော့ ရဲတပ်ရင်းလို့ခေါ်တာပေါ့၊ အခုတော့ လုံခြုံရေးတပ်ဖွဲ့ခွဲပေါ့၊ အဲဒီ တပ်ဖွဲ့တွေလဲပါတယ်၊ နယ်မြေခံရဲ တပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ ရဲတပ် ရင်း၊ အထူးတာဝန်တပ်ဖွဲ့နဲ့ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ အားလုံးပေါင်း စပ်ပြီး လုံခြုံရေး ဆောင်ရွက်ပေးရတာဖြစ်တယ်'' ဟု ဆက်လက်ပြောသည်။

ဗိုလ်ရှုသဘင်အခမ်းအနား တွင် လက်နက်ကိုင်(ကြည်း၊ရေ၊လေ) တပ်ဖွဲ့များ၊ တိုင်းဒေသကြီး ပြည် နယ်မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ကင်းထောက်အဖွဲ့များ ၊ မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့များ၊ NGO အဖွဲ့အစည်း များ၊ စစ် မှုထမ်းဟောင်းအဖွဲ့များ၊ ဝန်ကြီး ဌာနများစသည်ဖြင့် တပ်ခွဲအလိုက် စစ်ကြောင်း ၁၅ခုဖြင့် ချီတက်အလေးပြုကြမည်ဟု သိရသည်။

Democracytoday
(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှု သဘင်အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုကို ဒီဇင်ဘာ ၂၄ရက်က ကျင်းပခဲ့ပြီး အခမ်းအနားလုံခြုံရေးအတွက် လုံခြုံရေးဆပ်ကော်မတီ ဖွဲ့စည်းကာ သာမန် လုံခြုံရေးထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။
''နေပြည်တော် ဗိုလ်ရှုသဘင် အခမ်းအနားအပါအဝင် နေပြည်တော်မှာ အခမ်း အနားတွေလုပ်ရင် လုံခြုံရေး အတွက် လုံလောက်တဲ့ ရဲ တပ်ဖွဲ့အင်အား၊ လုံလောက်တဲ့လုံခြုံ ရေးအထောက်အကူပြုပစ္စည်း တွေနဲ့ ဆောင်ရွက်တာပါ၊ နေပြည်တော် ဗိုလ်ရှုသဘင်အခမ်းအနားလုံခြုံရေးအတွက် လုံခြုံရေး ဆပ်ကော်မတီ ကို ဖွဲ့စည်းထားပြီး အဲဒီကော်မတီထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကဥက္ကဋ္ဌ ၊ ရဲချုပ်ကအတွင်း ရေးမှူး ၊ အမှတ်(၁)လုံခြုံရေးကွပ်ကဲရေးမှူး ရဲမှူးချုပ်ကတွဲဖက်အတွင်း ရေးမှူးဆိုပြီး ကော်မတီဖွဲ့စည်းထား တယ်၊ ဗိုလ်ရှုသဘင် အခမ်းအနား လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် တပ်မတော်က လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်''ဟု ယင်းကဆိုသည်။

ဗိုလ်ရှုသဘင် အခမ်းအနားအတွက် လုံခြုံရေးစီမံဆောင်ရွက်ထားမှုနှင့်ပတ်သက် ၍ ရဲမှူးကြီးက ''လုံခြုံရေး ဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အရင် ကတော့ ရဲတပ်ရင်းလို့ခေါ်တာပေါ့၊ အခုတော့ လုံခြုံရေးတပ်ဖွဲ့ခွဲပေါ့၊ အဲဒီ တပ်ဖွဲ့တွေလဲပါတယ်၊ နယ်မြေခံရဲ တပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ ရဲတပ် ရင်း၊ အထူးတာဝန်တပ်ဖွဲ့နဲ့ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ အားလုံးပေါင်း စပ်ပြီး လုံခြုံရေး ဆောင်ရွက်ပေးရတာဖြစ်တယ်'' ဟု ဆက်လက်ပြောသည်။

ဗိုလ်ရှုသဘင်အခမ်းအနားတွင် လက်နက်ကိုင်(ကြည်း၊ရေ၊လေ)တပ်ဖွဲ့များ၊ တိုင်းဒေသကြီး ပြည်နယ်မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ကင်းထောက်အဖွဲ့များ ၊ မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့များ၊ NGO အဖွဲ့အစည်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ဝန်ကြီး ဌာနများစသည်ဖြင့် တပ်ခွဲအလိုက် စစ်ကြောင်း ၁၅ခုဖြင့် ချီတက်အလေးပြုကြမည်ဟု သိရသည်။

Democracytoday

No comments:

Post a Comment