Friday 26 December 2014

ကင်ညာနိုင်ငံက အကြမ်းဖက်ခံ အမျိုးသမီးငယ်တွေရဲ့ဘဝ

ဓာတ်ပုံများ - Reuters
ကင်ညာနိုင်ငံမှာရှိတဲ့ အမျိုးသမီးငယ်လေးတွေကို ထိမ်းမြားလက်ထပ်ဖို့ရန် ခန်းဝင်ပစ္စည်းကြေးအဖြစ် အိမ်မွေးတိရစ္ဆာန်တွေနဲ့လဲလှယ်ခြင်းခံရပြီး အမျိုးသမီးတစ်ဦးအဖြစ် ဓလေ့ထုံးတမ်းအရ အသိအမှတ်ပြုတဲ့ ပွဲကာလမှာတော့ တော်တော်ကို စိတ်နှလုံးကြေကွဲဖွယ်ကောင်းတဲ့အချိန်ဖြစ်ပါတယ်။

ရိုးရာကျောက်မျက်ရတနာတွေ ဆင်မြန်းပေးထားပြီးဆံပင်တွေကျစ်ထားတဲ့ အချို့အမျိုးသမီးငယ်လေး တွေမှာ လက်ထပ်ထိမ်းမြားရန်ဆွဲထုတ် ခေါ်ဆောင်ခြင်းခံရတာကြောင့် အကြောက်အကန်ရုန်းထွက် နေကြ တာကိုလည်း တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ ဖခင်တွေဟာ သူတို့ကို ဆိတ်အကောင် ၂၀)၊ ကုလားအုပ်(၃)ကောင်၊ နွားဆယ်ကောင်တို့နဲ့ တခြားယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ ရောင်း စားပြီး သွားတာကြောင့်ပါ။

ပေါ့ကော(Pokot) လူမျိုးစုဝင်အမျိုးသမီးငယ်အများစုဟာသူတို့ရဲ့ ခင်ပွန်းလောင်းများထံကို ရောင်းစား ခံထားရပြီးကြောင်းကို မသိရဘဲခင်ပွန်းလောင်းတွေက လာရောက်သိမ်းဆည်းခေါ်ယူပြီး ထိမ်းမြားမင်္ဂလာပွဲ အတွက်တစ်လကြာသီးသန့်ဖယ်ထားခြင်းခံရပြီဆိုတော့မှ သူတို့ဟာ ရောင်းစားခံထားရပြီဆိုတာ ရိပ်မိ ပါတော့တယ်။

သမီးဖြစ်သူကို ထိမ်းမြားမင်္ဂလာကိစ္စအား စီစဉ်ထားပြီးဖြစ်ကြောင်း အသိမပေးရခြင်းက သူမသိရှိသွားမယ် ဆိုရင် ထွက်ပြေးသွားမှာစိုးတဲ့ အတွက်ကြောင့်လို့ မိသားစုဝင်တဦးရဲ့ အဆိုအရ သိရပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေကို ခန်းဝင်ပစ္စည်းကြေးအဖြစ် အပတ်စဉ်အမျိုးသမီးငယ်ရဲ့ မိဘတွေထံပေးဆောင် ရပြီး ပေးဆောင်ဖို့ကျန်တဲ့ နောက်ဆုံးသော အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကိုတော့ အမျိုးသားမှ အမျိုးသမီးငယ် ကို လာရောက်သိမ်းယူသောနေ့ကျမှ ယူဆောင်လာခဲ့ရတာပါ။

ကင်ညာနိုင်ငံမှာ အသက်မပြည့်သေးသူများအား လက်ထပ်ထိမ်းမြားခြင်း အတွက် ဥပဒေအရ တားမြစ် ထားပေမယ့်လည်း လူမျိုးစုတွေဟာ ဓလေ့ထုံးစံတွေကို တင်းကြပ်စွာလိုက်နာကြပြီး ဥပဒေထက် ထုံးတမ်း အစဉ်အလာကို အလေးထားကြတာကြောင့် အသက် (၁၄)နှစ်အရွယ် မိန်းမပျိုလေးများမှာ လက်ထပ် ထိမ်းမြားခြင်းကို ခံကြရတာပါ။

သိမ်းယူခံကြရတဲ့အမျိုးသမီးငယ်တွေဟာ သူတို့ကိုပြုမှုလိုက်တဲ့ အခြေအနေတွေအတွက် ထိတ်လန့် တုန် လှုပ်ခြင်း၊ စိတ်ပူပင်သောကရောက်ရတာတွေ ရှိပေမယ့်လည်း အဲ့ဒီလို အဖြစ်အပျက်တွေဟာ သူတို့ အတွက်ပထမဆုံး အကြိမ်ခံစားရခြင်းမဟုတ်ဘဲ သူတို့မိဘတွေရဲ့ လက်ထဲမှာလည်း ရိုးရာဓလေ့တွေ ကြောင့် အခုလိုခက်ခဲမှုများစွာကိုခံစားခဲ့ရပြီးဖြစ်ပါတယ်။

ဒ့ါထက် ပေါ့ကော့လူမျိုးစုတွေဟာ အမျိုးသမီးလိင်အင်္ဂါတွေကိုဖြတ်ထုတ်တဲ့ ဓလေ့ကိုကျင့်သုံးတာကြောင့် မျိုးနွယ်စုဝင်အမျိုးသမီးတွေရဲ့ ဘ၀ဟာ အချိန်နှင့်အမျှ ရုန်းကန်နေကြရတာပါ။

အဲ့ဒီ လူမျိုးစုဝင်တွေမှာ အမျိုးသမီးလိင်အင်္ဂါတွေကိုဖြတ်ထုတ်တဲ့ ဓလေ့ကိုကျင့်သုံးတဲ့လူမျိုးစုလို့ လူသိများ ကြပြီး အဲ့ဒီလို ပြုလုပ်ရာမှာလည်း အမျိုးသမီးလိင်အင်္ဂါကို ကတ်ကြေး၊ ဘလိတ်ဓါးသို့မဟုတ် မှန်ကွဲစတွေနဲ့ ဖြတ်ထုတ်ခံရပြီး အဲ့ဒီအနာတွေကို မချုပ်မီအနာကြပ်တဲ့အထိ သူတို့ရဲ့ ခြေထောက်တွေကို ချုပ်နှောင် ထားလေ့ရှိကြပါတယ်။

ဒီလို ပြုလုပ်ခြင်းဟာ အတင်းအဓမ္မလက်ထိပ်ထိမ်းမြားပေးခြင်းမတိုင်ခင် ငယ်ရွယ်ချိန် ကတည်းက ဆောင် ရွက်ထားတဲ့ကိစ္စဖြစ်ကာ အဲ့လိုပြုလုပ်ခြင်းဟာ အမျိုးသမီးငယ်တွေကို အမျိုးသမီးတစ်ဦးအဖြစ် အသိအမှတ် ပြုတဲ့ အခမ်းအနားမတိုင်ခင်အထိ ပကတိဖြူစင်တဲ့ အနေအထားကိုထိန်းသိမ်းထားဖို့ရန် အထောက်အကူ ဖြစ်တယ် လို့လည်း ယုံကြည်ကြပါတယ်။

လိင်ဖြတ်ထောက်ခြင်းကိစ္စတွေကိုဆောင်ရွက်တဲ့ သူတွေဟာ များသောအားဖြင့် ဆေးရုံဆေးပေးခန်းနှင့် နီးစပ်မှုမရှိ၊ ကျွမ်းကျင်မှုမရှိတဲ့ ဆရာဝန်တွေက ပြုလုပ်ပေးကာ မေ့ဆေး၊ ပိုးသတ်ဆေးတို့ကို အသုံးမပြုဘဲ လုပ်ဆောင်ာကြောင့် တချို့သောသူတွေမှာ သွေးထွက်လွန်ခြင်း ဒါမှမဟုတ် အနာပိုးဝင်ခြင်းတို့နဲ့ အသက် ဆုံးရှုံးကြရပါတယ်။

အမျိုးသမီးငယ်လေးတွေဟာ လိင်အင်္ဂါဖြတ်တောက်ခြင်းခံရချိန်မှာ သေဆုံးခြင်းမရှိပါက အင်္ဂါကို ပြန်ချုပ် ထားတဲ့ ဒဏ်ကို ဘ၀တလျှောက်လုံး အထူးသဖြင့် မီးဖွားချိန်တွေမှာ အပြင်းအထန် ခံစားကြရတာပါ။

ကင်ညာနိုင်ငံတွင်အသက်မပြည့်သေးတဲ့သူများနဲ့ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ထားပြီး တကယ်လို့ အမျိုးသမီးငယ်လေးတွေ သေဆုံးခဲ့ပါက အမြင့်ဆုံးဖြစ်တဲ့ ပြစ်ဒဏ်နှင့် ထောင်ချရန် ဥပဒေထားရှိထား ပေမယ့် အခုထိတိုင် အဲ့ဒီ ဥပဒေကို အောင်မြင်စွာအသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။

ကင်ညာနဲ့  ယူဂန်ဒါ နိုင်ငံအကြား ပေါ့ကော့ စကားပြောသော လူမျိုးစု (၇)သိန်းမျှ နေထိုင်ကြပြီး အများစုမှာ အနောက် ပေါ့ကော့ နိုင်ငံမှာ နေထိုင်ကြပါတယ်။ 

ဧရာဝတီ

No comments:

Post a Comment