Monday 29 December 2014

ဂျော်ဂျီယာ လွှတ်တော် အစည်းအဝေးတွင် အတိုက်အခံ ပါတီနှစ်ခုမှ လွှတ်တော် အမတ်များကြား တိုက်ခိုက်မှု ဖြစ်ပွား


ဂျော်ဂျီယာ ပါလီမန် လွှတ်တော်၌ ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေး တစ်ခုတွင် အာဏာရ ပါတီနှင့် အတိုက်အခံ ပါတီမှ လွှတ်တော် အမတ်များကြား ငြင်းခုံ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အတိုက်အခံ ပါတီနှစ်ခုကြား ရန်ပွဲသည် ဥရောပ ကောင်စီ၏ ပါလီမန် အစည်းအဝေးသို့ စေလွှတ်မည့် ဂျော်ဂျီယာ ကိုယ်စားလှယ် အဖွဲ့နှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၆ ရက်တွင် လွှတ်တော်အမတ်များ ဆွေးနွေး တိုင်ပင်ခဲ့ရာမှ အစပျိုးခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် အမတ်များကြား တိုက်ခိုက်မှုမှာမူ ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေး အတွင်း အတိုက်အခံ ပါတီဖြစ်သော ပြည်ထောင်စု အမျိုးသား လှုပ်ရှားမှု ပါတီမှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ အာကာကီ ဆိုဘိုခစ်ဒ်ဇ်က ၄င်း၏ မိန့်ခွန်းအတွင်း အာဏာရ ညွန့်ပေါင်းပါတီကို ဆဲဆိုခဲ့ပြီး နောက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အာကာကီ၏ ဆဲရေးပြောဆိုမှု ပြီးနောက်တွင် နှစ်ဖက်ပါတီမှ လွှတ်တော် အမတ်များသည် အပြန်အလှန် ဆဲဆိုမှုများ ပြုလုပ်ပြီး တစ်ဦးနှင့်တစ်ဦး ရိုက်ပုတ် ကန်ကျောက်မှုများ ပြုလုပ်ကာ လွှတ်တော်အမတ် အချို့မှာ ၄င်းတို့၏ မိုက်ခရို ဖုန်းများကို လက်နက်သဖွယ် အသုံးပြု၍ ၄င်းတို့၏ ပြိုင်ဘက် လွှတ်တော် အမတ်များကို ပစ်ပေါက်ခဲ့ကြကြောင်း သိရသည်။
သို့ရာတွင် လွှတ်တော် ဥက္ကဋ္ဌဖြစ်သူက အစည်းအဝေးကို ရပ်ဆိုင်းခဲ့ခြင်း မရှိဘဲ လုံခြုံရေး အရာရှိများ၏ ကြားဝင်ဖျန်ဖြေမှု ပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် လွှတ်တော် အစည်းအဝေးကို ပြန်လည် စတင်ခဲ့ကြောင်း သိရသည်။
Ref: Press TV

No comments:

Post a Comment