Friday 26 December 2014

နေရာလွဲကာ ဆန္ဒထုတ်ဖော်ခြင်းကို အမှုဖွင့်ခြင်းထက် နိုင်ငံပိုင်မြေအား အလွဲသုံးစားလုပ်သည့် အမှုကို အရင်ဆုံးတရားစွဲအမှုဖွင့်သင့်ဟု ဦးကိုကိုကြီးတုံ့ပြန်

တောင်ဥက္ကလာပမြို့နယ်အ တွင်း ကစားကွင်းကိစ္စနေရာလွဲကာ ဆန္ဒ ထုတ်ဖော်ခြင်းကို အမှုဖွင့်သည်ထက် နိုင်ငံပိုင်မြေအား အလွဲသုံးစားလုပ်သည့် အမှုကို အရင်ဆုံး တရားစွဲအမှုဖွင့်သင့် ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး က ပြောဆိုလိုက်သည်။

ဆန္ဒဖော်ထုတ်ရန်အတွက် ခွင့်ပြု မိန့်ကျထားပြီးဖြစ်သော်လည်း နေရာလွဲနေသည်ဟုဆိုကာ တောင် ဥက္ကလာပမြို့နယ်ရဲစခန်းမှ ဆန္ဒထုတ်ဖော်၊ ဟော ပြောခဲ့သူများအား ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းနှင့် ငြိမ်းချမ်းစွာစုဝေး ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ဖြင့် အရေး ယူထားခြင်းအပေါ် ၄င်းက တုံ့ပြန်ပြော ဆိုခြင်း ဖြစ် သည်။

''ရဲစခန်းက တရားဝင်အကြောင်း ကြားတာ မရှိသေးဘူး။ နာမည်ပါတယ် လို့ တစ်ဆင့်ကြားရတာပဲရှိတယ်။ ဆန္ဒ ထုတ်ဖော်ဖို့အတွက် ခွင့်ပြုမိန့်တင်ထားတယ်။ ခွင့်ပြုမိန့်ကျတယ်။ သူတို့ပေးတဲ့ နေရာဟစ်တိုင်က ကျိုက္ကဆံကွင်းထဲမှာ အုတ်ရိုးလေးဖက် ပတ်ထားရုံပဲ။ အပြင် က ဘယ်သူမှမမြင်ရဘူး။ တကယ်ကျူး လွန်တဲ့နေရာက တောင်ဥက္ကလာ(၉)ရပ်ကွက်။ ဖြစ်ရပ်ကို ပိုပေါ်လွင်အောင်လို့ ကျူးလွန်ထားတဲ့နေရာမှာ ဆန္ဒထုတ်ဖော်တာကို ကလေးကစားကွင်းက စတယ်။ ဒါကို ခွင့်ပြုတဲ့နေရာနဲ့လွဲပြီး ဆန္ဒ ထုတ်ဖော်တယ် ဆိုပြီး ပုဒ်မ ၁၉နဲ့ အမှု ဖွင့်ထားတယ်လို့ ကြားရတယ်။ တရား ဥပဒေစိုးမိုးရေးပြောရင် အများပိုင်၊ နိုင်ငံ ပိုင်မြေနေရာကို အလွဲသုံးစားလုပ်တဲ့ အမှုကြီးကို အရင်အမှုဖွင့်ပြီး တရားစွဲသင့်ပါတယ်။ ဒါကို ပထမအဆင့် လုပ်သင့် ပါတယ်''ဟု ဦးကိုကိုကြီးက ပြောသည်။

ဒီဇင်ဘာ ၂၁ရက်က တောင်ဥက္က လာပမြို့နယ် အမှတ်(၉)ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများ စုပေါင်းပြီး ပြည်သူပိုင်အားကစားကွင်း၊ ပန်းခြံပြန် လည်ရရှိရေးအတွက် အဆိုပါပန်းခြံမှ စတင်ကာ အရှေ့ပိုင်းခရိုင် စည်ပင်သာ ယာရေးရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ခြင်းကြောင့် ယင်းဆန္ဒပြ ပွဲကို ဦးဆောင်ပါဝင်သူများဖြစ်သည့် ဦးကိုကိုကြီးအပါအဝင် ဒေါက်တာစော နိုင်၊ ဦးမျိုးခင်၊ ဦးနိုင်ကိုလင်း၊ ဦးအောင် မော်တို့ကို ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်းနှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုင်ရာဥပ ဒေပုဒ်မ ၁၉ဖြင့် အရေးယူထားခြင်းဖြစ် ကြောင်း ပြည်တွင်းသတင်းများက ဆို သည်။

ယခုအခါ အဆိုပါအားကစားကွင်း ပန်းခြံကို ရန်နိုင်ဆောက်လုပ်ရေးကုမ္ပဏီ က ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ခွင့်ပြုချက်ဖြင့် ကွန်ဒိုအိမ် ရာစီမံကိန်း တည်ဆောက်ရန်အတွက် လုပ်ငန်းများ စတင်နေပြီဟု သိရသည်။

Yangon Media Group 

No comments:

Post a Comment