Friday 26 December 2014

MPT ၏ ပြည်တွင်း ပြည်ပဖုန်းခေါ်ဆိုခများအား ယခုနှစ် မကုန်မီ ပြင်ဆင်ပေးမည်ဟုဆို

Photo: MPT ၏ ပြည်တွင်း ပြည်ပဖုန်းခေါ်ဆိုခများအား ယခုနှစ် မကုန်မီ ပြင်ဆင်ပေးမည်ဟုဆို
Friday, December 26, 2014

ယခု၂ဝ၁၄ခုနှစ်မကုန်မီ ပြည် တွင်းပြည်ပ ဖုန်းခေါ်ဆိုခနှုန်းထားများ အား ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးမှ အကြီးတန်းအင်ဂျင် နီယာတစ်ဦးက ပြောသည်။

''သေချာပြင်ဆင်သွားမှာပါ။ လက် ရှိမှာ အခက်အခဲတွေနဲ့ ပြောင်းလဲမှုတွေ ရှိနေလို့ပါ။ ဒီနှစ်မကုန်မီ အမီပြင်ဆင် သွားမှာပါ''ဟု ယင်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအ နေဖြင့် ယင်းသို့ဖုန်းခေါ်ဆိုခများ ပြင် ဆင်သတ်မှတ်မှုအပြင် ဖုန်းခေါ်နိုင်မည့် နိုင်ငံများကိုပါ တိုးချဲ့သွားမည်ဖြစ်ကြောင်း အဆိုပါ အကြီးတန်းအင်ဂျင်နီယာက ပြောသည်။

''သုံးစွဲသူ တော်တော်များများက ဖုန်းခေါ်ဆိုခတွေ လျှော့ချသွားမယ်လို့ ထင်နေကြတယ်။ လျှော့ချသွားမှာမဟုတ် ပါဘူး။ ပြင်ဆင်သွားမှာပါ။ ဘယ်လိုပြင် ဆင်သွားမှာလဲဆိုတာကတော့ အတိအ ကျမပြောသေးသလို နှုန်းထားတွေလဲ ပြောပြလို့မရသေးပါဘူး။ ပြင်ဆင်ပြီး သွားရင်တော့ ထုတ်ပြန်မှာပါ''ဟု ၄င်း က ဆက်ပြောသည်။

ဖုန်းကတ်များအတွက် ငွေဖြည့် ကတ်များကိုလည်း လက်ရှိ ကျပ်၅ဝဝဝ တန်နှင့် ၁ဝဝဝဝ တန်တို့သာ ရှိနေရာမှ တခြားသော ဆက်သွယ်ရေးကုမ္ပဏီများ ကဲ့သို့ ကျပ် ၁ဝဝဝ တန်၊ ကျပ် ၃ဝဝဝတန် တို့အထိပါ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ သိရသည်။

''ဖုန်းငွေဖြည့်ကတ် ၁ဝဝဝ တန် တွေ ပေါ်လာမယ်ဆိုရင်တော့ တော်တော် ကောင်းပါတယ်။ အခုက အော်ရီဒူးတို့၊ တယ်လီနောတို့မှာပဲ ငွေဖြည့်ကတ် ၁ဝဝဝ တန်တွေ၊ ၃ဝဝဝ တန်တွေ ရှိနေတယ်။ ယှဉ်ကြည့်မယ်ဆိုရင်တောင် မျက်နှာ တော်တော်ငယ်ပါတယ်''ဟု မြောက်ဥက္က လာပမြို့နယ် (၂)ရပ်ကွက်တွင် နေထိုင် သူ ဦးနိုင်စိုးကပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး မှ ထုတ်လုပ်ထားသည့် MPT SIM Card နှင့် နိုင်ငံပေါင်း ၂၆ဝ ကျော်သို့ဆက် သွယ်နိုင်ပြီး ၄၆ နိုင်ငံသို့သာ သယ်ယူ သွားနိုင်ကြောင်း သိရသည်။

''ပြည်ပဖုန်းခေါ်ဆိုခအနေနဲ့ တစ် မိနစ်ကို MPT က ကျပ်၉ဝဝရှိပါတယ်။ Telenor တို့၊ Ooredooတို့ဆိုရင် တစ် မိနစ်ကို ကျပ်၂ဝဝပဲရှိပါတယ်''ဟု ဦးနိုင် စိုးကထပ်မံပြောကြားသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး သည် E Top Up စနစ်အား Elite နှင့် Asia Mega Link တို့တွင် ကျပ် ၅ဝဝဝ တန်၊ တစ်သောင်းတန်၊ သုံးသောင်းတန် များလုပ်ဆောင်လျက်ရှိသည်။

မြန်မာ နိုင်ငံတွင် ပြည်သူများ အသုံးပြုလျက်ရှိ သည့် မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းခေါ် ဆိုခများမှာ တစ်မိနစ် ကျပ် ၅ဝဖြစ်သည်။

TheYangonTimes
ယခု၂ဝ၁၄ခုနှစ်မကုန်မီ ပြည် တွင်းပြည်ပ ဖုန်းခေါ်ဆိုခနှုန်းထားများ အား ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးမှ အကြီးတန်းအင်ဂျင် နီယာတစ်ဦးက ပြောသည်။

''သေချာပြင်ဆင်သွားမှာပါ။ လက်ရှိမှာ အခက်အခဲတွေနဲ့ ပြောင်းလဲမှုတွေ ရှိနေလို့ပါ။ ဒီနှစ်မကုန်မီ အမီပြင်ဆင် သွားမှာပါ''ဟု ယင်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ယင်းသို့ဖုန်းခေါ်ဆိုခများပြင် ဆင်သတ်မှတ်မှုအပြင် ဖုန်းခေါ် နိုင်မည့် နိုင်ငံများကိုပါ တိုးချဲ့သွားမည်ဖြစ်ကြောင်း အဆိုပါ အကြီးတန်းအင်ဂျင်နီယာက ပြော သည်။

''သုံးစွဲသူ တော်တော်များများက ဖုန်းခေါ်ဆိုခတွေ လျှော့ချသွားမယ်လို့ ထင်နေကြတယ်။ လျှော့ချသွားမှာ မဟုတ်ပါဘူး။ ပြင်ဆင်သွားမှာပါ။ ဘယ်လိုပြင် ဆင်သွားမှာလဲဆိုတာကတော့ အတိအ ကျမပြောသေးသလို နှုန်းထားတွေလဲ ပြောပြလို့မရသေးပါဘူး။ ပြင်ဆင်ပြီး သွားရင်တော့ ထုတ်ပြန်မှာပါ''ဟု ၄င်း က ဆက်ပြောသည်။

ဖုန်းကတ်များအတွက် ငွေဖြည့် ကတ်များကိုလည်း လက်ရှိ ကျပ်၅ဝဝဝ တန်နှင့် ၁ဝဝဝဝ တန်တို့သာ ရှိနေရာမှ တခြားသော ဆက်သွယ်ရေးကုမ္ပဏီများ ကဲ့သို့ ကျပ် ၁ဝဝဝ တန်၊ ကျပ် ၃ဝဝဝတန် တို့အထိပါ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ သိရသည်။

''ဖုန်းငွေဖြည့်ကတ် ၁ဝဝဝ တန် တွေ ပေါ်လာမယ်ဆိုရင်တော့ တော်တော် ကောင်းပါတယ်။ အခုက အော်ရီဒူးတို့၊ တယ်လီနောတို့မှာပဲ ငွေဖြည့်ကတ် ၁ဝဝဝ တန်တွေ၊ ၃ဝဝဝ တန်တွေ ရှိနေတယ်။ ယှဉ်ကြည့် မယ်ဆိုရင်တောင် မျက်နှာ တော်တော်ငယ်ပါတယ်''ဟု မြောက်ဥက္က လာပမြို့နယ် (၂)ရပ်ကွက်တွင် နေထိုင် သူ ဦးနိုင်စိုးကပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး မှ ထုတ်လုပ်ထားသည့် MPT SIM Card နှင့် နိုင်ငံပေါင်း ၂၆ဝ ကျော်သို့ဆက် သွယ်နိုင်ပြီး ၄၆ နိုင်ငံသို့သာ သယ်ယူ သွားနိုင်ကြောင်း သိရသည်။

''ပြည်ပဖုန်းခေါ်ဆိုခအနေနဲ့ တစ် မိနစ်ကို MPT က ကျပ်၉ဝဝရှိပါတယ်။ Telenor တို့၊ Ooredooတို့ဆိုရင် တစ် မိနစ်ကို ကျပ်၂ဝဝပဲရှိပါတယ်''ဟု ဦးနိုင် စိုးကထပ်မံပြောကြားသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး သည် E Top Up စနစ်အား Elite နှင့် Asia Mega Link တို့တွင် ကျပ် ၅ဝဝဝ တန်၊ တစ်သောင်းတန်၊ သုံးသောင်းတန် များလုပ်ဆောင်လျက်ရှိသည်။

မြန်မာ နိုင်ငံတွင် ပြည်သူများ အသုံးပြုလျက်ရှိ သည့် မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းခေါ် ဆိုခများမှာ တစ်မိနစ် ကျပ် ၅ဝဖြစ်သည်။

TheYangonTimes

No comments:

Post a Comment