Friday 26 December 2014

စစ်ဘေးဒုက္ခသည်များကို လူမျိုးရေးမခွဲခြားဘဲ လမ်းကမ်းကြိုဆိုရန် ဂျာမနီသမ္မတ တိုက်တွန်း

Photo: စစ်ဘေးဒုက္ခသည်များကို လူမျိုးရေးမခွဲခြားဘဲ လမ်းကမ်းကြိုဆိုရန် ဂျာမနီသမ္မတ တိုက်တွန်း
Friday, December 26, 2014

ဂျာမနီသမ္မတ ဂျိုချင်ဂတ်စ် ဂျာမန်ပြည်သူတွေကို လူမျိုးရေးခွဲခြားမှုကို ပယ်ရှားဖို့၊ စစ်ဘေးနဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေး လွတ်မြောက်လာပြီး ဂျာမနီကို ရောက်လာတဲ့ ဒုက္ခသည်တွေကို လက်ကမ်းကြိုဆိုဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က ခရစ္စမတ်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တိုးလာနေချိန်မှာ ခုလို တိုက်တွန်းလိုက်တာပါ။

ဒီနှစ်အတွင်း ဒုက္ခသည်အသစ် ၂ သိန်းကို ထောက်ပံ့ ခိုလှုံခွင့်ပေးခဲ့တဲ့ ထောင်သောင်းချီတဲ့ ဂျာမန်လူမျိုးတွေကို ချီးကျူးတယ်လို့လည်း အမျိုးသားရုပ်သံကနေ မိန့်ခွန်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်ရေး ဂျာမနီနိုင်ငံတွင်း အကြီးဆုံး စီတန်းလှည့်လည်ပွဲကို ဂျာမနီအရှေ့ပိုင်း ဒရဲ့စ်ဒန်မြို့မှာ လူအယောက် ၁၇၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ဂျာမနီနိုင်ငံတွင်း ခိုလှုံခွင့်တောင်းခံသူ ဦးရေဟာ ဒီနှစ်ထဲမှာ ၂ သိန်းထိ တိုးလာခဲ့ပြီး ၂၀၁၃ ခုနှစ်ထက် ၂ ဆနဲ့ ၂၀၁၂ ခုနှစ်ထက် ၄ ဆ ပိုတိုးလာတာပါ။

ဂျာမနီဟာ စစ်ဘေးဒဏ်သင့် ဆီးရီးယားနဲ့ အီရတ်တို့က ထွက်ပြေးလာတဲ့သူတွေကို တခြားအနောက်နိုင်ငံတွေ အားလုံးထက် ပိုပြီး လက်ခံခဲ့တာပါ။

ဂျာမန်သမ္မတကတော့ “အကြောက်တရားဟာ ကျနော်တို့နဲ့အတူ အမြဲတွဲ ရှိနေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာတရားဟာ လူသား လောကရဲ့ အကြီးမြတ်ဆုံး စွမ်းရည်အစစ်ပဲဆိုတာကိုလည်း ကျနော်တို့ သိကြပါတယ်” လို့ ပြောပါတယ်။

ဂျာမနီဟာ ကမ္ဘာပေါ်မှာ အလွတ်လပ်ဆုံး ခိုလှုံခွင့်စည်းမျဉ်းတွေ ရှိနေတာပါ။ ဂျာမန်ဝန်ကြီးချုပ်ဟောင်း ဝီလီဘရန့်ဟာ နာဇီခေတ်က ရှင်သန်ကျန်ရစ်သူ ဖြစ်ခဲ့လို့ ဒုက္ခသည်အများအပြားကို ခိုလှုံခွင့်ပေးပြီး ကူညီခဲ့ပါတယ်။

DVB
ဂျာမနီသမ္မတ ဂျိုချင်ဂတ်စ် ဂျာမန်ပြည်သူတွေကို လူမျိုးရေးခွဲခြားမှုကို ပယ်ရှားဖို့၊ စစ်ဘေးနဲ့ အကြမ်းဖက် မှုတွေ ကနေ ထွက်ပြေး လွတ်မြောက်လာပြီး ဂျာမနီကို ရောက်လာတဲ့ ဒုက္ခသည်တွေကို လက်ကမ်းကြိုဆိုဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က ခရစ္စမတ်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တိုးလာနေချိန်မှာ ခုလို တိုက်တွန်းလိုက်တာပါ။

ဒီနှစ်အတွင်း ဒုက္ခသည်အသစ် ၂ သိန်းကို ထောက်ပံ့ ခိုလှုံခွင့်ပေးခဲ့တဲ့ ထောင်သောင်းချီတဲ့ ဂျာမန်လူမျိုး တွေကို ချီးကျူးတယ်လို့လည်း အမျိုးသားရုပ်သံကနေ မိန့်ခွန်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်ရေး ဂျာမနီနိုင်ငံတွင်း အကြီး ဆုံး စီတန်းလှည့်လည်ပွဲကို ဂျာမနီအရှေ့ပိုင်း ဒရဲ့စ်ဒန်မြို့မှာ လူအယောက် ၁၇၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ ပါတယ်။

ဂျာမနီနိုင်ငံတွင်း ခိုလှုံခွင့်တောင်းခံသူ ဦးရေဟာ ဒီနှစ်ထဲမှာ ၂ သိန်းထိ တိုးလာခဲ့ပြီး ၂၀၁၃ ခုနှစ်ထက် ၂ ဆနဲ့ ၂၀၁၂ ခုနှစ်ထက် ၄ ဆ ပိုတိုးလာတာပါ။

ဂျာမနီဟာ စစ်ဘေးဒဏ်သင့် ဆီးရီးယားနဲ့ အီရတ်တို့က ထွက်ပြေးလာတဲ့သူတွေကို တခြားအနောက်နိုင်ငံ တွေ အားလုံးထက် ပိုပြီး လက်ခံခဲ့တာပါ။

ဂျာမန်သမ္မတကတော့ “အကြောက်တရားဟာ ကျနော်တို့နဲ့အတူ အမြဲတွဲ ရှိနေတယ်ဆိုတာ ကျနော်တို့ သိပါ တယ်။ ဒါပေမယ့် ကိုယ်ချင်းစာတရားဟာ လူသား လောကရဲ့ အကြီးမြတ်ဆုံး စွမ်းရည်အစစ်ပဲဆိုတာ ကိုလည်း ကျနော်တို့ သိကြပါတယ်” လို့ ပြောပါတယ်။

ဂျာမနီဟာ ကမ္ဘာပေါ်မှာ အလွတ်လပ်ဆုံး ခိုလှုံခွင့်စည်းမျဉ်းတွေ ရှိနေတာပါ။ ဂျာမန်ဝန်ကြီးချုပ်ဟောင်း ဝီလီဘရန့် ဟာ နာဇီခေတ်က ရှင်သန်ကျန်ရစ်သူ ဖြစ်ခဲ့လို့ ဒုက္ခသည်အများအပြားကို ခိုလှုံခွင့်ပေးပြီး ကူညီခဲ့ပါတယ်။

DVB

No comments:

Post a Comment