Wednesday 31 December 2014

မကွေးတွင် တောင်သူ ငါးထောင်ကျော်ပါဝင်သည့် ဆန္ဒပြပွဲစီစဉ်သူ ထောင်ဒဏ်ကျခံ

Demonstration-Maguye
 တိုင်းအစိုးရရုံးစိုက်ရာ မကွေးမြို့ပေါ် ဆင်ပေါင်ဝဲမြို့နယ်အတွင်း သိမ်းဆည်ခံ လယ်ယာမြေများ ပြန်ရရေး တောင်သူ ၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြပွဲ စီစဉ်သူ ဦးတင်ထွန်းအောင်ကို မြို့နယ်တရားရုံးက ဒီဇင်ဘာ ၃၁ ရက်တွင် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ငွေဒဏ်ကျပ်တစ်သောင်း (သို့) မဟုတ် ထောင်တစ်လ ကျခံရန် အမိန့်ချမှတ်ခြင်းကို ကာယကံရှင်က ထောင်ဒဏ်ကို သာ ရွေးချယ်လိုက်သည်။
“ကျွန်တော်လုပ်ဆောင်တာက တောင်သူလယ်သမားတွေ ကောင်းကျိုးအတွက် ဦးဆောင်ခဲ့တာပါ။ လုံးဝ အပြစ်မရှိပါဘူး၊ ဒဏ်ငွေဆောင်ရင် တရားရုံးတော်ကို အပြစ်ရှိတယ်လို့ ဝန်ခံရာရောက်သွားမှာပါ။ ဒါကြောင့် တောင်သူငါးထောင်ကျော်အတွက် မှန်ကန်တဲ့ အလုပ်ဖြစ်လို့ ထောင်ဒဏ် တစ်လအကျခံခြင်းဖြစ်ပါတယ်။ အစကထဲက အများကောင်းကျိုးအတွက် နိုင်ငံရေးလုပ်ရင်ထောင်ကျရုံက မပိုဘူးဆိုတာ ကြိုတင်တွက်ဆပြီးသားပါ’’ဟု  ဦးတင်ထွန်းအောင် မဇ္ဈိမကို ပြောသည်။


မကွေးခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဘရုံသစ်တောကြိုးဝိုင်းအတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ယာမြေဧကပေါင်း ၂၁၇၅၀.၈၁ ခန့်ကို ပိုင်ဆိုင်ခွင့်ပေးရန် တောင်းဆိုကြခြင်း ဖြစ်ပြီး ၎င်းတို့ ပြုလုပ်သည့် စက်တင်ဘာ ၂၅ သည် မြို့နယ် ရဲတပ်ဖွဲ့က ခွင့်ပြုထားသည့်ရက် မဟုတ်၍ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ (သတ်မှတ် စည်းကမ်းမလိုက်နာမှု) ဖြင့် မကွေးမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

၎င်းကို မကွေးနယ်မြေရဲစခန်းမှူး ရဲအုပ်ရွှေဌေးကိုယ်တိုင် တရားလို ပြုလုပ်၍ တရားစွဲဆွဲခဲ့ခြင်း ဖြစ်သည်။
မဇ္စျိမ

No comments:

Post a Comment