Friday 26 December 2014

အမှားအယွင်းဖြစ်ခဲ့သော ဗိုလ်ချုပ်ရုပ်ရှင်အပိုင်းကို ပြန်လည်ရိုက်ကူး

အောက်တိုဘာအတွင်း ဗိုလ်ချုပ်ဆောင်ဆန်းရုပ်ရှင်အ တွက် ရိုက်ကူးခဲ့သော နမူနာအမြည်း (Teasar) တွင် မှားယွင်းမှုများ ရှိခဲ့ခြင်းကြောင့် ဒီဇင်ဘာ ၂၄ ရက်က သန်လျင်မြို့တွင် ပြန်လည်ရိုက်ကူးခဲ့သည်။

ဂျပန်တော်လှန်ရေးမစတင်မီ ကိုယ်ဝန်လွယ်ထားသည့် ဒေါ်ခင်ကြည်နှင့်ကလေးများကို စစ်ရှောင်ရန် လှေ ဆိပ်သို့ လိုက်ပို့ သည့်ဇာတ်ဝင်ခန်းကို ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ် ရိုက်ကူးစဉ်က ဒေါ်ခင်ကြည်၏ ဗိုက်ဖုံး အင်္ကျီ အပါအ၀င် ခေတ်နှင့်လိုက်ဖက်မှုမရှိသည့် ၀တ်စားဆင်ယင်မှုများရှိနေ၍ ပြန်လည်ပြင်ဆင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်သော ကျော်ကျော်မျိုး၏ ပုဆိုးဝတ်ပုံကိုလည်း ဝေဖန်ခဲ့ကြရာ ယခုတစ်ကြိမ်ရိုက်ကူးမှုတွင် ပုဆိုးဝတ်ရန် တစ်နာရီခန့် အချိန်ပေးကာ လေ့ကျင့်ပေးခဲ့ရ သည်ဟု ဒါရိုက်တာ မင်းထင်ကို ကိုကြီးက ပြောသည်။

‘‘ရိုက်ကူးရေးကို တာဝန်ယူထားတာဖြစ်တဲ့အတွက် အ၀တ်အစားပိုင်းပြင်ဆင်ပေးလိုက်တဲ့ အတိုင်းရိုက်ကူး ခဲ့တယ်။ မှန်တာ၊ မှားတာတော့ ကိုယ်လည်းမသိဘူး။ ဒါပေမဲ့ ပုဆိုးဝတ်တာကိုတော့ သိတဲ့အတွက် ပုဆိုးဝတ်ပုံ ၀တ်နည်းကိုတော့ တစ်နာရီ လောက် သင်ပေးလိုက်တယ်’’ဟု ၎င်းက ပြောသည်။

သရုပ်ဆောင်ပိုင်းကို ပထမအကြိမ်ကတည်းက စိတ်တိုင်းကျ ရိုက်ကူးခဲ့ခြင်းဖြစ်သောကြောင့် ဒုတိယအကြိမ် ပြန်လည်ရိုက်ကူး ခြင်းဖြစ်သော်လည်း အားရကျေ နပ်မှုမှာ အတူတူပင်ဖြစ်ကြောင်း ၎င်းက ဆို သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် မရိုက်ကူးမီ ပရိသတ်စိတ်ဝင်စား မှုရရှိစေရန် Teaser ရိုက်ကူးခြင်း ကို အောက် တိုဘာတွင် စတင် ခဲ့ခြင်းဖြစ်ပြီး အပိုင်းလေးပိုင်းခွဲ၍ ရိုက်ကူးသွားမည်ဖြစ်သည်။

ရိုက်ကူးထားသည့် Teaser များကို ၂၀၁၅ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ် အောင်ဆန်း နှစ်တစ်ရာပြည့်မွေး နေ့အမီ ရုပ်သံလိုင်းများတွင် ပြသ နိုင်ရန် စီစဉ်ထားသည်။

ဒုတိယ Teaser အဖြစ် ဗိုလ် ချုပ်အောင်ဆန်းနှင့် ပြောက်ကျား ရဲဘော်များ ဂျပန်တော်လှန်ရေး တောတွင်း တစ်နေရာတွင် စခန်း ချနေထိုင်သည့် ဇာတ်ဝင်ခန်းကို ဒီဇင်ဘာ ၁၉ ရက်က ရိုက်ကူးခဲ့ ပြီး တတိယ Teaser အဖြစ် ဒီဇင် ဘာ ၂၆ ရက်တွင် ဗိုလ်ချုပ်အောင် ဆန်း မိန့်ခွန်းပြောကြားသည့် ဇာတ်ဝင်ခန်းကို ဆက်လက်ရိုက် ကူးသည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့် ဇာတ်ဝင်ခန်းမှာမူ အတွင်းဝန်ရုံးတွင် ရိုက်ကူးခွင့်ရရှိထားသော် လည်း ယင်းဇာတ်ဝင် ခန်းအတွက် လက်နက်အသုံးပြု ခွင့်မရရှိသေး၍ ရိုက်ကူးမည့် အချိန်ကို အတည် မပြုနိုင်သေး ကြောင်း ဒါရိုက်တာမင်းထင်ကို ကိုကြီးက ပြောသည်။

7Day Daily 

No comments:

Post a Comment