Friday 26 December 2014

ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်များ ကယ်ဆယ်ရေး၊ သုတေသနနှင့် လုံခြုံရေးအတွက် အသုံးပြုမည်

Photo: ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်များ ကယ်ဆယ်ရေး၊ သုတေသနနှင့် လုံခြုံရေးအတွက် အသုံးပြုမည်
Friday, December 26, 2014

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကိုယ်ပိုင်ဒီဇိုင်း ဆွဲ၍ တည်ဆောက်ထားသည့် မောင်းသူမဲ့လေယာဉ် (MACEU 05) များကို သုတေသနလုပ်ငန်း၊ ဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် နိုင်ငံတော်လုံခြုံ ရေးအတွက် စောင့်ကြည့်ရေးလုပ် ငန်းများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှ သတင်းရရှိသည်။

‘‘လေယာဉ်ပေါ်မှာ တပ်ဆင် တဲ့ ကိရိယာပေါ်မူတည်ပြီး နေရာ တော်တော်များများမှာ အသုံးပြု နိုင်ပါတယ်။ သုတေသနလုပ်ငန်း တွေအပြင် သဘာဝဘေးအတွက် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ် ငန်းတွေမှာ သုံးနိုင်သလို လုံခြုံ ရေးနဲ့ ကာကွယ်ရေးအတွက် စောင့်ကြည့်ထောက်လှမ်းတဲ့ နေရာတွေ မှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်’’ဟု မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသန ဌာန ဌာနမှူး ဒေါက်တာသဲမောင်မောင်က 7Day Daily သတင်းစာ အား ပြောသည်။

မောင်းသူမဲ့လေယာဉ်စီမံ ချက်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၏ လမ်းညွှန်မှုနှင့် ၂၀၀၉ တွင် စတင်၍ သုတေသနများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ကိုယ်ပိုင်ဒီဇိုင်းများရေးဆွဲပြီး မောင်းသူမဲ့စနစ် ထည့်သွင်းထားသော လေယာဉ် ခုနစ်စီး တည်ဆောက် ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။အဆိုပါ မောင်းသူမဲ့လေ ယာဉ်ကို အကြိမ်ကြိမ်စမ်းသပ်မှု များပြုလုပ်ခဲ့ပြီး လက်တွေ့စမ်း သပ်မှုအနေဖြင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်မည့် 500 KV ဓာတ်အားလိုင်းပြေးဆွဲနိုင် ရန် လမ်းအူကြောင်းကို စစ်တမ်း ကောက်ပြီး တိုင်းတာရေးအတွက် မိုင် ၁၂၀ ရှည်သော လမ်းကြောင်းကို ကောင်းကင်ဓာတ်ပုံမှတ်တမ်း များရယူပြီး တိုင်းတာမှုများ ပြု လုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

‘‘လေယာဉ်က လေထဲရောက်သွားရင် အလိုအလျောက်မောင်း တဲ့စနစ်ကို ဖွင့်လိုက်တယ်။ ပြီး တော့ ထိန်းချုပ်ရေးစခန်းကနေ ပဲခူးရိုးမတစ်လျှောက် ကောင်းကင် ဓာတ်ပုံတွေကို တိုင်းတာခဲ့ပါတယ်။ အဲဒါတွေကို ကိုရီးယားပညာရှင် အဖွဲ့နဲ့ ပူးပေါင်းပြီး 3D မြေပုံတွေ ပြန်ပြီး ပြုလုပ်နိုင်ခဲ့ပါတယ်’’ဟု ဒေါက်တာ သဲမောင်မောင်က ရှင်းပြသည်။

လေယာဉ်အရွယ်အစားမှာ ဦးပိုင်းမှ အမြီးဖျားအထိ အလျား မှာ ၂ဒသမ၁ မီတာ၊ အတောင်မှာ ၂ဒသမ၇ မီတာရှိမည် ဖြစ်သည်။ အင်ဂျင်ပါ 4HP ရှိမည်ဖြစ်ကာ အမြင့်ပေ ၁၂၀၀ တွင် အကွာအ ဝေး ၅၀ ကီလိုမီတာထိ ပျံသန်းနိုင်ပြီး မိုင် ၁၂၀ ခရီးကို ဆယ်ကြိမ်နား ၍ ပျံသန်း တိုင်းတာနိုင် ခဲ့ကြောင်း သတင်းရရှိသည်။

လေယာဉ်ကိုယ်ထည်ကို ပေါ့ပါးခိုင်မာသည့် သစ်သားတစ် မျိုးဖြင့် တည်ဆောက်ထားပြီး အ လေးချိန် ၂ကီလိုဂရမ် (၄ ပေါင်)သယ်ဆောင်သွားနိုင်ကာ ပျံသန်း ချိန် တစ်နာရီအထိ လေထဲတွင် ပျံ သန်းနိုင်မည် ဖြစ်သည်။

MACEU 05 မောင်းသူမဲ့ လေယာဉ်ဖြင့် သစ်တောနှင့် လယ် မြေစိုက်ဧကများ တိုင်းတာခြင်း၊ မြေမျက်နှာသွင်ပြင်နှင့် မြေကွက် သစ်ဖော်ထုတ်ရေးအတွက် တိုင်း တာခြင်း၊ လုံခြုံရေးအတွက် စောင့်ကြည့်ရေးလုပ်ငန်းများ ပြုလုပ် ခြင်း၊ သဘာဝဘေးကြုံတွေ့ရသော ဒေသများတွင် ရှာဖွေရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မောင်းသူမဲ့လေယာဉ်များ ကို အဆင့်မြှင့်တင်မှုများ ထပ်မံ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ ရုပ်ရှင် ရိုက်ကူးရေးနှင့် သတင်းထောက်လှမ်းရေးတို့တွင် အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံများကိုလည်း စမ်းသပ် လျက်ရှိကြောင်း ဒေါက်တာသဲ မောင်မောင်က ပြောသည်။

7Day DAILY
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကိုယ်ပိုင်ဒီဇိုင်း ဆွဲ၍ တည်ဆောက်ထားသည့် မောင်းသူမဲ့လေယာဉ် (MACEU 05) များကို သုတေသနလုပ်ငန်း၊ ဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် နိုင်ငံတော် လုံခြုံရေးအတွက် စောင့်ကြည့်ရေးလုပ် ငန်းများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလေ ကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှ သတင်းရရှိသည်။

‘‘လေယာဉ်ပေါ်မှာ တပ်ဆင် တဲ့ ကိရိယာပေါ်မူတည်ပြီး နေရာ တော်တော်များများမှာ အသုံးပြု နိုင်ပါတယ်။ သုတေသနလုပ်ငန်း တွေအပြင် သဘာဝဘေးအတွက် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ် ငန်းတွေမှာ သုံးနိုင်သလို လုံခြုံ ရေးနဲ့ ကာကွယ်ရေးအတွက် စောင့်ကြည့်ထောက်လှမ်းတဲ့ နေရာတွေ မှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်’’ဟု မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသန ဌာန ဌာနမှူး ဒေါက်တာသဲမောင်မောင်က 7Day Daily သတင်းစာ အား ပြောသည်။

မောင်းသူမဲ့လေယာဉ်စီမံ ချက်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၏ လမ်းညွှန်မှုနှင့် ၂၀၀၉ တွင် စတင်၍ သုတေသနများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ကိုယ်ပိုင်ဒီဇိုင်းများရေးဆွဲပြီး မောင်းသူမဲ့စနစ် ထည့်သွင်း ထားသော လေယာဉ် ခုနစ်စီး တည်ဆောက် ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။အဆိုပါ မောင်းသူမဲ့လေ ယာဉ်ကို အကြိမ်ကြိမ်စမ်းသပ်မှု များပြုလုပ်ခဲ့ပြီး လက်တွေ့စမ်း သပ်မှုအနေဖြင့် လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနက မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်မည့် 500 KV ဓာတ်အားလိုင်းပြေးဆွဲနိုင်ရန် လမ်းအူကြောင်းကို စစ်တမ်း ကောက်ပြီး တိုင်းတာရေးအတွက် မိုင် ၁၂၀ ရှည်သော လမ်းကြောင်းကို ကောင်းကင်ဓာတ်ပုံမှတ်တမ်း များရယူပြီး တိုင်းတာမှုများ ပြု လုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

‘‘လေယာဉ်က လေထဲရောက်သွားရင် အလိုအလျောက်မောင်း တဲ့စနစ်ကို ဖွင့်လိုက်တယ်။ ပြီး တော့ ထိန်းချုပ်ရေး စခန်းကနေ ပဲခူးရိုးမတစ်လျှောက် ကောင်းကင် ဓာတ်ပုံတွေကို တိုင်းတာခဲ့ပါတယ်။ အဲဒါတွေကို ကိုရီးယားပညာရှင် အဖွဲ့နဲ့ ပူးပေါင်းပြီး 3D မြေပုံတွေ ပြန်ပြီး ပြုလုပ်နိုင်ခဲ့ပါတယ်’’ဟု ဒေါက်တာ သဲမောင်မောင်က ရှင်းပြသည်။

လေယာဉ်အရွယ်အစားမှာ ဦးပိုင်းမှ အမြီးဖျားအထိ အလျား မှာ ၂ဒသမ၁ မီတာ၊ အတောင်မှာ ၂ဒသမ၇ မီတာရှိမည် ဖြစ်သည်။ အင်ဂျင်ပါ 4HP ရှိမည်ဖြစ်ကာ အမြင့်ပေ ၁၂၀၀ တွင် အကွာအ ဝေး ၅၀ ကီလို မီတာထိ ပျံသန်းနိုင်ပြီး မိုင် ၁၂၀ ခရီးကို ဆယ်ကြိမ်နား၍ ပျံသန်းတိုင်းတာနိုင် ခဲ့ကြောင်းသတင်းရရှိသည်။

လေယာဉ်ကိုယ်ထည်ကို ပေါ့ပါးခိုင်မာသည့် သစ်သားတစ်မျိုးဖြင့်တည်ဆောက်ထားပြီး အလေးချိန် ၂ကီလို ဂရမ် (၄ ပေါင်)သယ်ဆောင်သွားနိုင်ကာ ပျံသန်းချိန် တစ်နာရီအထိ လေထဲတွင် ပျံ သန်းနိုင်မည် ဖြစ်သည်။

MACEU 05 မောင်းသူမဲ့ လေယာဉ်ဖြင့် သစ်တောနှင့် လယ် မြေစိုက်ဧကများ တိုင်းတာခြင်း၊ မြေမျက်နှာ သွင်ပြင် နှင့် မြေကွက် သစ်ဖော်ထုတ်ရေးအတွက် တိုင်းတာခြင်း၊ လုံခြုံရေးအတွက် စောင့်ကြည့်ရေး လုပ်ငန်းများ ပြုလုပ်ခြင်း၊ သဘာဝဘေးကြုံတွေ့ရသော ဒေသများတွင် ရှာဖွေရေးလုပ်ငန်းများ ဆောင် ရွက်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မောင်းသူမဲ့လေယာဉ်များ ကို အဆင့်မြှင့်တင်မှုများ ထပ်မံ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ ရုပ်ရှင် ရိုက်ကူးရေး နှင့် သတင်းထောက်လှမ်းရေးတို့တွင် အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံများကိုလည်း စမ်းသပ် လျက်ရှိကြောင်း ဒေါက်တာသဲ မောင်မောင်က ပြောသည်။

7Day DAILY 

No comments:

Post a Comment