Friday 26 December 2014

လက်ပံတောင်းလူသေမှု စုံစမ်းမှုရလဒ်ရရှိရန် မျှော်လင့်နေကြောင်း တရုတ်သံရုံးထုတ်ပြန်

လက်ပံတောင်းတောင် အဓိကရုဏ်းတွင် သေကျေထိ ခိုက်မှုများကို စိုးရိမ်မိ ကြောင်းနှင့် ယင်းအဖြစ် အပျက်ကို အာဏာပိုင်များထံမှ စုံစမ်းစစ်ဆေးမှုရလဒ်များရရှိရန်မျှော်လင့်ကြောင်း ရန်ကုန်ရှိ တရုတ်သံရုံး က ဒီဇင်ဘာ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

စီမံကိန်းကို ကန့်ကွက်ခဲ့သည့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ရွာသားများ၊ ရဲများနှင့် တရုတ် လုပ်သား အချို့ဒဏ်ရာရခဲ့သည့် လက်ပံတောင်းတောင် အဓိကရုဏ်းဖြစ်ရပ်အပေါ် စိုးရိမ်ဝမ်းနည်း ရကြောင်း ဘေဂျင်းရှိတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက်တစ်ရက် အကြာတွင် ရန်ကုန်ရှိ တရုတ်သံရုံးကလည်း    ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

တရုတ်သံရုံး၏ ထုတ်ပြန် ချက်တွင် သေဆုံးသွားသူနှင့် မိ သားစုဝင်များ၏ ဆုံးရှုံးမှုအတွက်  နက်ရှိုင်းစွာ ၀မ်းနည်းကြေကွဲခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင်၎င်းတို့၏ တရုတ် နိုင်ငံသားများထိခိုက်ဒဏ်ရာရရှိ မှုများအတွက် စိုးရိမ်ကြောင်း လည်း ဖော်ပြ ထားသည်။

တရုတ်နိုင်ငံအခြေစိုက် ၀မ် ပေါင်ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု များပြုလုပ်ထားသည့် အဆိုပါ လက်ပံတောင်း တောင်စီမံကိန်းတွင် အာဏာပိုင်များဘက်က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် တရုတ်သံရုံးရှေ့နှင့် ရန်ကုန်မြို့ ၏ နေရာအချို့တွင် မြန်မာတက်ကြွ လှုပ်ရှားသူများက ဆန္ဒပြခဲ့ကြသည်။တရုတ်သံရုံးရှေ့ ဆန္ဒထုတ် ဖော်မည့်   သတင်းများကြောင့် မြန်မာအာဏာပိုင်များက ဒီဇင်ဘာ ၂၅ ရက်တွင် တရုတ်သံရုံး ရှေ့သို့ သွားလာခွင့်   ခေတ္တပိတ် ပင်ခဲ့ပြီး လုံခြုံရေးတိုးမြှင့်ခဲ့သည်။

7Day DAILY 

No comments:

Post a Comment