Friday 26 December 2014

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းလုံးဝမနေဖူးသောကလေးများကို NLD ပညာရေး ကွန်ရက်မှ မိုဘိုင်းစနစ်ဖြင့် စာသင်ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ၂၅- ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းလုံးဝ မနေ ဘူးသော ကလေးများကို NLD ပညာရေးကွန်ရက်မှ မိုဘိုင်းစနစ်ဖြင့် စာသင်ပေး မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပညာသင်ကြားရေးအစီအစဉ်ကို လာမည့်နွေရာသီကျောင်းပိတ်ရက်တွင် စတင်နိုင်ရန် ခန့်မှန်း ထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိခရိုင်လေးခုမှ ကျောင်းလုံးဝမနေဖူးသည့်ကလေးများ စာရင်းကို လည်း ကောက်ယူထားပြီဖြစ် သည်။

ယင်းနှင့်ပတ်သက်ပြီး NLD ပညာရေးကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်စံဝင့်ခိုင်က ''Their hands are our future'' ဆိုတဲ့အစီအစဉ်နဲ့ လုပ်မှာပါ။ ဆိုလိုတာက ကလေးတွေက နိုင်ငံအနာဂတ်ကို ပုံဖော်ကြမယ့်သူတွေ ဖြစ်တယ်။ အဲဒီတော့ ပညာမတတ် တဲ့ စာမသင်ဖူးတဲ့ကလေးတွေကို စာတတ်အောင်၊ ပညာ တတ်အောင် သင်ပေးမယ့်အစီအစဉ်ပါ။ သင်တဲ့အခါ ကလေးတွေရှိတဲ့နေ ရာအရောက် မိုဘိုင်းစနစ်နဲ့ သွားရောက် သင်ကြားပေးမှာပါ''ဟု ပြောသည်။

ယင်းပညာသင်ကြားရေးအတွက် ကလေးများစာရင်းကို ၂၀၁၃ခုနှစ် ဒီ ဇင်ဘာလခန့်မှစတင်၍ ခြောက်ကြာ ကောက်ယူခဲ့ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး ခရိုင်လေးခုရှိ ကျပန်း လုပ်ကိုင်သည့်နေရာများ၊ အုတ်ဖုတ် လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ အစရှိသည့်နေရာများမှ အဓိကထား ကောက်ယူခဲ့ရာ ခြောက်လအတွင်း ကောက်ယူရရှိ သော ကျောင်းလုံးဝမနေဘူးသည့် ကလေးအရေအတွက်မှာ ၇၀ဝကျော် ရှိကြောင်း သိရသည်။

မိုဘိုင်းပညာသင်ကြားရေး အစီ အစဉ်ကို NLD ပညာရေးကွန်ရက်နှင့် Myanmar Mobile Education (MyME) အဖွဲ့တို့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နွေရာသီတွင် စတင်မည့်အဆိုပါ စာသင်ကြား ရေးအစီအစဉ်အတွက် လုပ်ငန်း စဉ်များကို အသေးစိတ်ရေးဆွဲလျက်ရှိပြီး နွေရာသီကျောင်းပိတ်ရက်ဖြစ် သည့်အတွက် အမေ့အိမ်'စာသင်ကျောင်းမှ ကျောင်းသားများပါ လုပ်အားပေး သင်ကြားပေးမည် ဖြစ် ကြောင်း သိရသည်။

''စာရင်းကောက်ယူတဲ့အခါ အရင်ဆုံး ပညာရေးကွန်ရက်အောက်မှာ 'အမေ့အိမ်' စာသင်ကျောင်းတွေ ရှိတယ်။ သက်ဆိုင်ရာဒေသက 'အမေ့ အိမ်' စာသင်ကျောင်းတွေနဲ့ ဆက်သွယ်ပြီး စာမသင်ရတဲ့ကလေးတွေ ရှိလား၊ သူတို့က ဘယ်လိုနေရာတွေ မှာရှိတတ်လဲဆိုတာကို အရင်ဆုံး လေ့လာတယ်။ အဲဒီမှာ ဒေသခံတွေ ကနေတစ်ဆင့် စာမသင်ဘူးတဲ့ကလေးတွေက အုတ်ဖုတ် တဲ့နေရာ၊ ဆောက် လုပ်ရေးဆိုက်တွေမှာ ရှိတတ်တယ်။ သူတို့ကိုယ်တိုင် ဝင် လုပ်နေတာမျိုး၊ မိဘကလုပ်လို့ လိုက်လာရတာမျိုး တွေရှိတယ်ဆိုတာ သိရတယ်။ စာသင်မယ့်အစီအစဉ်အတွက် ကလေး စာရင်းတွေ ကောက်ယူချင်ပါတယ် ဆိုတာကို လုပ်ငန်းခွင်ကအကြီးအကဲ နဲ့ ချိတ်ဆက်ပြီး ကောက်ယူကြရပါ တယ်''ဟု ဒေါ်စံဝင့်ခိုင်က ထပ်မံပြော ကြားသည်။

CCT
‪Democracytoday‬

No comments:

Post a Comment