Friday 26 December 2014

ဝှိုက်ကတ်ကိုင်ဆောင်သူများတွင် နိုင်ငံသား ဖြစ်၊ မဖြစ်စိစစ်နေသူများပါဝင်၍ မဲပေးခွင့်နှင့်ပတ်သက်၍ စဉ်းစားပေးရန်သာ သမ္မတကအကြံပြုခဲ့ဟုဆို

ယာယီသက်သေခံလက် မှတ် (White Card) ကိုင်ဆောင် သူများတွင် လူမျိုးခြားများအပြင် နိုင်ငံသား အဖြစ်စိစစ်ဆဲတိုင်းရင်းသားများပါဝင်သောကြောင့် မဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေသော   လွှတ်တော်ကိုစဉ်း စားပေးရန် သမ္မတက အကြံပြု ခဲ့ခြင်းဖြစ်ပြီး အဆုံး အဖြတ် ပေးခြင်းမျိုးမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန  ပြည်ထောင်စု ဝန် ကြီးဦးခင်ရီကပြောသည်။

‘‘ယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ထားသူတွေထဲမှာ လူမျိုးခြားတစ်မျိုးတည်းကို သာရည်ရွယ် ဆောင်ရွက်လို့မရနိုင်ဘဲ နိုင်ငံသားအဖြစ်စိစစ်ဆဲ မိမိတိုင်းရင်းသားတချို့လည်း ရောနှောပါရှိနေနိုင်တာဖြစ် လို့ မိမိတိုင်းရင်းသားတွေ နစ်နာမှုမရှိစေဖို့ကို ဦးတည်ရည်ရွယ်ပြီး ယခင်ဆောင်ရွက်ပေးခဲ့တဲ့ သမိုင်း ကြောင်းနဲ့ တည်ဆဲဥပဒေတွေကို ကိုးကားစဉ်းစားသုံးသပ်နိုင်ဖို့ အတွက် နိုင်ငံတော်ဘက်က အကြံပြု အသိပေး သဘောထားမှတ်ချက်ပြုခြင်းမျိုးသာ ဖြစ်ပါတယ်။ အဆုံးအဖြတ်ပေးခြင်းမျိုးလည်း မဟုတ်တာကို ဂရုပြုစေလို ပါတယ်’’ဟု ဝန်ကြီးကဖြေကြားခဲ့ သည်။

သမ္မတပေးပို့သောသဝဏ် လွှာနှင့်ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးခင်ရီက သမ္မတရခိုင်ပြည် နယ်သို့မသွားရောက်မီတစ်ရက် အလို (ဒီဇင်ဘာ ၂၄ရက်)တွင် နိုင်ငံပိုင်ရုပ်သံ မီဒီယာသုံးခု၊  စကိုင်းနက်တို့နှင့်အမေး၊အဖြေပြုလုပ်ရာ၌ ပြောကြားခဲ့ခြင်းဖြစ် သည်။

နိုင်ငံတော်သမ္မတက ပြည် သူ့ဆန္ဒခံယူပွဲပြုလုပ်ရာတွင် ၂၀၀၈ ၌မဲပေးခွင့်ရ ခဲ့သော WhiteCard ကိုင်ဆောင်သူများကို    ယခင်အတိုင်းထားရှိရေး စဉ်းစား ပေးရန်    ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မူကြမ်း ကို ဆွေးနွေးနေ သည့်      လွှတ်တော်သို့ သဝဏ်လွှာပေးပို့ထားသည်။ သမ္မတသည်   ဒီဇင်ဘာ ၂၅ရ က်တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည်။


အဆိုပါသဝဏ်လွှာပေးပို့ ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည် နယ်ကိုယ်စားပြုလွှတ်တော်အမတ်များက ပြင်းထန် စွာ ဝေဖန်ကန့်ကွက်မှုကြုံခဲ့ရသည်။ ရခိုင်လူမျိုးအများစုက ကျေနပ်မှုမရှိခဲ့ ကြကြောင်း သတင်းရရှိသည်။ ရခိုင်ပြည်နယ် ကိုယ်စားပြုအမတ် များနှင့် ရခိုင်လူမျိုးအများစုက သမ္မတ၏သ၀ဏ်လွှာကို ကျေနပ်မှု မရှိခြင်းကြောင့် ရခိုင်ပြည်နယ် ခရီးစဉ်တွင် သွားရောက်နေသော သမ္မတက  အဆိုပါဝန်ကြီးဌာနကို အမေး၊ အဖြေပြုလုပ်ရန် တိုက် ရိုက်ညွှန်ကြား ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာန    အသိုင်းအဝိုင်းမှ သတင်းရရှိသည်။

ယာယီသက်သေခံလက် မှတ် White Card ကို ၁၉၅၁ ပြည် ထောင်စုမြန်မာနိုင်ငံ အတွင်းနေထိုင် သူများမှတ်ပုံတင်ရေးနည်း ဥပဒေအပိုဒ် ၁၃(၁)(ဂ)အရ ဥပဒေနှင့်အညီ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ရောက်ရှိနေထိုင်သူများ ကိုထုတ်ပေးသည့်ကတ်ပြားဖြစ်ကြောင်း၊  နိုင်ငံသားအဖြစ် အသိ အမှတ်ပြုထားသည်မဟုတ်သော်လည်း ယခင်အစိုးရကပြဋ္ဌာန်းဆဲ (၁/၂၀၀၈)ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေတစ်ရပ်အရ မဲပေးပိုင်ခွင့်ရှိ သူများဖြစ်ကြောင်း ဝန်ကြီးကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် ထားသူများသည် မဲပေးခွင့်ရရှိခဲ့ပြီး ရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့် ရရှိသူများပင် ဖြစ်ကြောင်း ဝန်ကြီးကပြောကြား ခဲ့သည်။ ၂၀၁၄ ဒီဇင်ဘာ ၂၃ ရက် အထိ မြန်မာနိုင်ငံတွင် ယာယီ သက်သေခံလက်မှတ်    White Card ကိုင်ဆောင်ထားသူခြောက် သိန်းနီးပါးရှိပြီး အဆိုပါ ကိုင်ဆောင် ထားသူများတွင် ဘင်္ဂါလီ၊ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ မုန်း ဝန်း၊ ခိုလုံလီရှော၊ တရုတ်နှင့် စိစစ် နေဆဲ ကိုးကန့်တိုင်းရင်းသား နှင့် ဝတိုင်းရင်းသားများပင်ပါဝင် သည်ဟု ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန် ထားသည်။

7Day DAILY 

No comments:

Post a Comment