Monday 1 December 2014

တိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်ခြင်း မရှိသည့် အတွက် ကဘူးလ်ရဲတပ်ဖွဲ့ အကြီးအကဲ ရာထူးမှ နုတ်ထွက်

Photo: တိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်ခြင်း မရှိသည့် အတွက် ကဘူးလ်ရဲတပ်ဖွဲ့ အကြီးအကဲ ရာထူးမှ နုတ်ထွက်
Monday, December 1, 2014

ကဘူးလ်၊ နိုဝင်ဘာ ၃၀။ ကဘူးလ်တွင် ဖြစ်ပွားခဲ့သော တာလီဘန်တို့၏ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်စဉ်တွင် တောင်အာဖရိက နိုင်ငံသား တစ်ဦးနှင့် ၎င်း၏ ကလေးနှစ်ဦး သေဆုံးခဲ့သည်ဟု အာဖဂန်ရဲအရာရှိ များက နိုဝင်ဘာ ၃၀ ရက်က ပြောကြား ခဲ့သည်။

သီတင်းနှစ်ပတ် အတွင်း စစ်သွေးကြွတို့၏ တိုက်ခိုက်မှု အနည်းဆုံး ကိုးခုထိ ရှိခဲ့ပြီးနောက် အဆိုပါ တိုက်ခိုက်မှုများကို ဟန့်တား ကာကွယ် နိုင်ခြင်း မရှိသည့် အတွက် တာဝန်ယူသည့် အနေဖြင့် အာဖဂန် ရဲတပ်ဖွဲ့ အကြီးအကဲမှာ ထိုနေ့မှာပင် ရာထူးမှ နုတ်ထွက် ခဲ့သည်။ တာလီဘန်တို့ အပေါ် ဆင်နွှဲသော အမေရိကန် ဦးဆောင်သည့် နေတိုး စစ်ဆင်ရေး ပြီးဆုံးကာနီး အချိန်တွင် စစ်သွေးကြွများသည် ပြည်ပ အဆောက်အအုံ ခြံဝင်းများ၊ သံရုံးကားများ အမေရိကန် တပ်ဖွဲ့ဝင်များနှင့် အာဖဂန် အမျိုးသမီးအမတ် တစ်ဦးတို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လာ ခဲ့သည်။

နိုဝင်ဘာ၂၉ ရက်နေ့ ညနေပိုင်းက နိုင်ငံခြား ခြံဝင်း တစ်ခုကို တာလီဘန်တို့က တိုက်ခိုက်စဉ် တောင်အာဖရိက နိုင်ငံသား သုံးဦးနှင့် အာဖဂန်တစ်ဦး သေဆုံးကြောင်း အတည်ပြု ပြီးနောက် ဗိုလ်ချုပ်ကြီး ဇာဟီယာ ဇာဟီယာက ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

Ref: AFP
Mizzima - News in Burmese
ကဘူးလ်၊ နိုဝင်ဘာ ၃၀။ ကဘူးလ်တွင် ဖြစ်ပွားခဲ့သော တာလီဘန်တို့၏ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်စဉ်တွင် တောင်အာဖရိကနိုင်ငံသားတစ်ဦးနှင့် ၎င်း၏ကလေးနှစ်ဦး သေဆုံးခဲ့သည်ဟု အာဖဂန်ရဲအရာရှိ များက နိုဝင်ဘာ ၃၀ ရက်က ပြောကြား ခဲ့သည်။

သီတင်းနှစ်ပတ် အတွင်း စစ်သွေးကြွတို့၏ တိုက်ခိုက်မှု အနည်းဆုံး ကိုးခုထိ ရှိခဲ့ပြီးနောက် အဆိုပါ တိုက်ခိုက်မှုများကို ဟန့်တား ကာကွယ် နိုင်ခြင်း မရှိသည့် အတွက် တာဝန်ယူသည့် အနေဖြင့် အာဖဂန် ရဲတပ်ဖွဲ့ အကြီးအကဲမှာ ထိုနေ့မှာပင် ရာထူးမှ နုတ်ထွက် ခဲ့သည်။ တာလီဘန်တို့ အပေါ် ဆင်နွှဲသော အမေရိကန် ဦးဆောင်သည့် နေတိုး စစ်ဆင်ရေး ပြီးဆုံးကာနီး အချိန်တွင် စစ်သွေးကြွများသည် ပြည်ပ အဆောက်အအုံ ခြံဝင်းများ၊ သံရုံးကားများ အမေရိကန် တပ်ဖွဲ့ဝင်များနှင့် အာဖဂန် အမျိုးသမီးအမတ် တစ်ဦးတို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လာ ခဲ့သည်။

နိုဝင်ဘာ၂၉ ရက်နေ့ ညနေပိုင်းက နိုင်ငံခြားခြံဝင်း တစ်ခုကို တာလီဘန်တို့က တိုက်ခိုက်စဉ် တောင်အာဖရိ က နိုင်ငံသား သုံးဦးနှင့် အာဖဂန်တစ်ဦး သေဆုံးကြောင်း အတည်ပြု ပြီးနောက် ဗိုလ်ချုပ်ကြီး ဇာဟီယာ ဇာဟီယာက ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment