Monday 1 December 2014

ယူအေအီးက ကမ္ဘာ့ အကြီးဆုံး လေဆိပ် တည်ဆောက်မည်

Photo: ယူအေအီးက ကမ္ဘာ့ အကြီးဆုံး လေဆိပ် တည်ဆောက်မည်
Monday, December 1, 2014

ဒူဘိုင်း၊ နိုဝင်ဘာ ၃၀။ အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံ ဒူဘိုင်းမြို့တွင် အမေရိကန်ဒေါ်လာ၃၂ဘီလီယံ အကုန်ကျခံကာ ကမ္ဘာ့အကြီးဆုံး လေဆိပ်တစ် ခုကို တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်ကို လက်ရှိနိုင်ငံ တကာလေဆိပ်၏ ကီလိုမီတာ ၃၀ အကွာတွင် တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေယာဉ် ကွင်းသစ် တွင် လေယာဉ်ပြေးလမ်းငါးခု ပါဝင်မည်ဖြစ်သည့်အပြင် လေယာဉ်ပြေလမ်းတစ်ခုစီသည် ၄ဒသမ၅ကီလိုမီတာရှည်ကာ A380 လေယာဉ်များ အားလုံး ပျံသန်း   ပြေးဆွဲနိုင်မည်ဖြစ်သည်။

"လက်ရှိ ဒူဘိုင်း လေဆိပ်မှ ၃၀ကီလိုမီတာ အကွာမှ အမေရိကန်ဒေါ်လာ၃၂ဘီလီယံ သုံးစွဲပြီး လေဆိပ် သစ်တစ်ခုကို တည်ဆောက်သွား မှာဖြစ်ပါတယ်။ ပထမ အဆင့်မှာလေဆိပ် အသစ်ဟာ ခရီးသည်သန်း၁၂၀ ၀င်ဆံ့မှာ ဖြစ်ပါတယ်။တည်ဆောက် မှုပြီးစီးမယ့်၂၀၂၀ပြည့်နှစ် မတိုင်မီ ခရီးသည် သန်း၂၀၀၀င်ဆံ့ မှာဖြစ် ပါတယ်"ဟု ဒူဘိုင်းလေဆိပ်ဆက်သွယ်ရေးဆိုင်ရာ အကြီး အကဲ ဂျူးလီယက် ဘန်မန်က ပီတီအိုင်သတင်းဌနသို့ပြောကြားခဲ့သည်။

"တည်ဆောက် မှုပြီးစီးရင် လေဆိပ်သစ်ဟာ ကမ္ဘာ့ အကြီးဆုံး လေဆိပ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဘောလုံးကွင်း ခုနစ်ကွင်း အရွယ် အစားရှိ နေရာတစ် နေရာစီ ပါဝင်မှာဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း လုပ်ငန်းများ လုပ်ဆောင်နိုင်တဲ့ လေယဉ်ပြေးလမ်း ငါးလမ်း ပါဝင်မှာ ဖြစ်ပါတယ်"ဟု ဘန်မန်က ပြောကြားသည်။

Ref: AFP
Mizzima - News in Burmese
အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံ ဒူဘိုင်းမြို့တွင် အမေရိကန် ဒေါ်လာ၃၂ဘီလီယံ အကုန်ကျခံကာ ကမ္ဘာ့အကြီးဆုံး လေဆိပ်တစ် ခုကို တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်ကို လက်ရှိနိုင်ငံ တကာလေဆိပ်၏ ကီလိုမီတာ ၃၀ အကွာတွင် တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေယာဉ် ကွင်းသစ် တွင် လေယာဉ်ပြေးလမ်းငါးခု ပါဝင်မည်ဖြစ်သည့် အပြင် လေယာဉ်ပြေလမ်းတစ်ခုစီသည် ၄ဒသမ၅ကီလိုမီတာရှည်ကာ A380 လေယာဉ်များ အားလုံး ပျံသန်း   ပြေးဆွဲနိုင်မည်ဖြစ်သည်။

"လက်ရှိ ဒူဘိုင်း လေဆိပ်မှ ၃၀ကီလိုမီတာ အကွာမှ အမေရိကန်ဒေါ်လာ၃၂ဘီလီယံ သုံးစွဲပြီး လေဆိပ် သစ်တစ်ခုကို တည်ဆောက်သွား မှာဖြစ်ပါတယ်။ ပထမ အဆင့်မှာလေဆိပ် အသစ်ဟာ ခရီးသည် သန်း၁၂၀ ၀င်ဆံ့မှာ ဖြစ်ပါတယ်။တည်ဆောက် မှုပြီးစီးမယ့်၂၀၂၀ပြည့်နှစ် မတိုင်မီ ခရီးသည် သန်း၂၀၀၀င် ဆံ့ မှာဖြစ် ပါတယ်"ဟု ဒူဘိုင်းလေဆိပ်ဆက်သွယ်ရေးဆိုင်ရာ အကြီး အကဲ ဂျူးလီယက် ဘန်မန်က ပီတီအိုင် သတင်းဌနသို့ပြောကြားခဲ့သည်။

"တည်ဆောက် မှုပြီးစီးရင် လေဆိပ်သစ်ဟာ ကမ္ဘာ့ အကြီးဆုံး လေဆိပ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဘောလုံး ကွင်း ခုနစ်ကွင်း အရွယ် အစားရှိ နေရာတစ် နေရာစီ ပါဝင်မှာဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း လုပ်ငန်းများ လုပ်ဆောင်နိုင်တဲ့ လေယဉ်ပြေးလမ်း ငါးလမ်း ပါဝင်မှာ ဖြစ်ပါတယ်"ဟု ဘန်မန်က ပြောကြားသည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment