Monday 1 December 2014

နော်ဝေဘုရင်နှင့်ကြင်ယာတော်တို့ ရန်ကုန်သို့ ရောက်ရှိ နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ နှင့် နေပြည်တော်၌ ယနေ့ တွေ့ မည်

Photo: နော်ဝေဘုရင်နှင့်ကြင်ယာတော်တို့ ရန်ကုန်သို့ ရောက်ရှိ နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ နှင့် နေပြည်တော်၌ ယနေ့ တွေ့ မည်
Monday, December 1, 2014

နော်ဝေဘုရင်နှင့်ကြင်ယာတော်တို့ သည် နိုဝင်ဘာ ၃၀ ရက်ညနေပိုင်း၌ ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၁ ရက်)တွင် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ နှင့် နေပြည်တော်၌ တွေ့ ဆုံ မည်ဖြစ်ကြောင်းသတင်းရရှိသည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၃ခုနှစ် နော်ဝေခရီးစဉ်အတွင်းက
နော်ဝေဘုရင် HaraldV နှင့်ကြင်ယာတော်တို့ အား တွေ့ ဆုံခဲ့ပြီး မြန်မာနိုင်ငံသို့ 
လာလည်ပါရန် ဖိတ်ကြားခဲ့မှုကြောင့် မြန်မာနိုင်ငံသို့ ယခုကဲ့သို့ လာရောက်ခြင်း
ဖြစ်ကာ ဒီဇင်ဘာာ ၅ ရက်အထိမြန်မာနိုင်ငံတွင်ရှိနေမည်ဖြစ်ကြောင်းသိရသည်။ ဘုရင် Harald V နှင့်ကြင်ယာတော် Queen Sonja တို့ သည် ရန်ကုန်တွင် ညအိပ်ခဲ့ကြပြီး ဒီဇင်ဘာ ၁ရက်တွင်နေပြည်တော်သို့ ထွက်ခွာ၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ ကို တွေ့ ဆုံသွားမည်ဟုသိရသည်။ ၄င်း၏ခရီးစဉ်အတွင်း ဒီဇင်ဘာ ၂ ရက်၌ ရန်ကုန်တက္ကသိုလ်တွင် မိန့် ခွန်းပြောကြားမည်ဖြစ်ပြီး ယင်းမှ တစ်ဆင့် ယဉ်ကျေးမှု မြို့ တော် ပုဂံသို့ သွားရောက်ကာ ပုဂံဘုရားများကို ဖူးမြော်ကြမည်ဖြစ်ကြောင်းနှင့် ဧရာဝတီမြစ်အတွင်း၌ နှစ်ညအိပ်နေထိုင်သွား
မည်ဖြစ်ကြောင်းလည်းသိရသည်။ ထူးခြားမှုအဖြစ် အင်္ဂလိပ်-မြန်မာ
ပထမစစ်ပွဲရပ်ဆိုင်းရန် စာချုပ်ချုပ်ဆိုခဲ့သည့် ရန္တပိုကျေးရွာမှ နာမည်ကျော် အိုးဖုတ်သည့်လုပ်ငန်းများကိုလည်းလေ့လာသွားမည်ဖြစ်ကြောင်းသိရသည်။ ဘုရင် Harald V သည် ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ၎င်း၏ခမည်းတော် ကွယ်လွန်ပြီးနောက် နော်ဝေနိုင်ငံ၏ ဘုရင်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသူဖြစ်ပြီး ပဉ္စမမြောက် အော်လက်ဗ်ဘုရင်နှင့် မင်းသမီးမာသာတို့၏ တစ်ဦးတည်းသော သားတော်ဖြစ်ကြောင်းလည်းသိရသည်။ 

ယင်းအပြင် Harald V ဘုရင် သည် နော်ဝေကြည်းတပ်၊ လေတပ်နှင့် ရေတပ်တို့၏ ဗိုလ်ချုပ်ကြီးဖြစ်ပြီး နော်ဝေနိုင်ငံ၏ အဆင့် အမြင့်ဆုံး အရာရှိလည်း ဖြစ်ကြောင်း၊ နော်ဝေတော်ဝင်မိသားစုသည် အားကစားနှင့် ပြင်ပအပန်းဖြေလှုပ်ရှားမှုများတွင် ဝါသနာထုံပြီး Harald V ဘုရင်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အလေးအနက်ပါဝင်ဆောင်ရွက်သူဖြစ်ကာ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ နော်ဝေရုံး၏ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ကြောင်းလည်းသိရသည်။ 
၎င်း၏ သမိုင်းဝင် မြန်မာခရီးစဉ်အတွင်း ၄င်းနှင့်အတူ ပါလာခဲ့သော ၀န်ကြီးများနှင့် မြန်မာနိုင်ငံဘက်မှ ၀န်ကြီးများက နှစ်နိုင်ငံစီးပွားရေးနှင့်
ကဏ္ဍမျိုးစုံအတွက်လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်းသိရကာ နော်ဝေနှင့်
မြန်မာမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တွင် တည်ထောင်ထားသော Green Productivity Institute ကို ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

Pyimyanmar
နော်ဝေဘုရင်နှင့်ကြင်ယာတော်တို့ သည် နိုဝင်ဘာ ၃၀ ရက်ညနေပိုင်း၌ ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၁ ရက်)တွင် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ နှင့် နေပြည်တော် ၌ တွေ့ ဆုံ မည်ဖြစ်ကြောင်းသတင်းရရှိသည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၃ခုနှစ် နော်ဝေခရီးစဉ်အတွင်းက နော်ဝေဘုရင် HaraldV နှင့် ကြင်ယာတော်တို့ အား တွေ့ ဆုံခဲ့ပြီး မြန်မာနိုင်ငံသို့ လာလည်ပါရန် ဖိတ်ကြားခဲ့မှုကြောင့် မြန်မာနိုင်ငံသို့ ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ကာ ဒီဇင်ဘာာ ၅ ရက်အထိမြန်မာနိုင်ငံတွင်ရှိနေမည်ဖြစ်ကြောင်းသိရသည်။ ဘုရင် Harald V နှင့်ကြင်ယာတော် Queen Sonja တို့ သည် ရန်ကုန်တွင် ညအိပ်ခဲ့ကြပြီး ဒီဇင်ဘာ ၁ရက်တွင်နေပြည်တော်သို့ ထွက်ခွာ၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ကို တွေ့ ဆုံသွားမည်ဟုသိရသည်။ ၄င်း၏ခရီးစဉ်အတွင်း ဒီဇင်ဘာ ၂ ရက်၌ ရန်ကုန် တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ယဉ်ကျေးမှု မြို့ တော် ပုဂံသို့ သွားရောက်ကာ ပုဂံဘုရားများကို ဖူးမြော်ကြမည်ဖြစ်ကြောင်းနှင့် ဧရာဝတီမြစ်အတွင်း၌ နှစ်ညအိပ်နေထိုင်သွားမည် ဖြစ် ကြောင်းလည်း သိရသည်။ ထူးခြားမှုအဖြစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲရပ်ဆိုင်းရန် စာချုပ် ချုပ်ဆိုခဲ့သည့် ရန္တပိုကျေးရွာမှ နာမည်ကျော် အိုးဖုတ်သည့်လုပ်ငန်းများကိုလည်း လေ့လာသွားမည် ဖြစ်ကြောင်းသိရသည်။ ဘုရင် Harald V သည် ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ၎င်း၏ခမည်းတော် ကွယ်လွန်ပြီးနောက် နော်ဝေနိုင်ငံ၏ ဘုရင်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသူဖြစ်ပြီး ပဉ္စမမြောက် အော်လက်ဗ်ဘုရင်နှင့် မင်းသမီး မာသာတို့၏ တစ်ဦးတည်းသော သားတော်ဖြစ်ကြောင်းလည်းသိရသည်။ 

ယင်းအပြင် Harald V ဘုရင် သည် နော်ဝေကြည်းတပ်၊ လေတပ်နှင့် ရေတပ်တို့၏ ဗိုလ်ချုပ်ကြီးဖြစ်ပြီး နော်ဝေနိုင်ငံ၏ အဆင့် အမြင့်ဆုံး အရာရှိလည်း ဖြစ်ကြောင်း၊ နော်ဝေတော်ဝင်မိသားစုသည် အားကစား နှင့် ပြင်ပအပန်းဖြေလှုပ်ရှားမှုများတွင် ဝါသနာထုံပြီး Harald V ဘုရင်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး တွင် အလေးအနက်ပါဝင်ဆောင်ရွက်သူဖြစ်ကာ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ နော်ဝေရုံး၏ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ကြောင်းလည်းသိရသည်။ 

၎င်း၏ သမိုင်းဝင် မြန်မာခရီးစဉ်အတွင်း ၄င်းနှင့်အတူ ပါလာခဲ့သော ၀န်ကြီးများနှင့် မြန်မာနိုင်ငံဘက်မှ ၀န်ကြီးများက နှစ်နိုင်ငံစီးပွားရေးနှင့် ကဏ္ဍမျိုးစုံအတွက်လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်းသိရကာ နော်ဝေနှင့် မြန်မာမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တွင် တည်ထောင်ထားသော Green Productivity Institute ကို ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

Pyimyanmar 

No comments:

Post a Comment