Monday 1 December 2014

ရန်ကုန်ရှိ ATM စက်များ ဖောက်ထွင်းခံရမှုသည် အာရှနိုင်ငံတချို့မှ ဖောက်ထွင်းခိုးယူနေသည့် ဟက်ကာများနှင့် ဆက်စပ်မှုရှိနေဟုဆို

Photo: ရန်ကုန်ရှိ ATM စက်များ ဖောက်ထွင်းခံရမှုသည် အာရှနိုင်ငံတချို့မှ ဖောက်ထွင်းခိုးယူနေသည့် ဟက်ကာများနှင့် ဆက်စပ်မှုရှိနေဟုဆို
Monday, December 1, 2014

ယခုလတ်တလောမြန်မာနိုင်ငံရှိ အေတီအမ် ငွေထုတ်စက်များတွင် နိုင်ငံခြားသားဟက်ကာများ ဝင်ရောက်ဖောက်ထွင်းနေမှု ဖြစ်စဉ်သည် မကြာမီက အာရှနိုင်ငံအချို့တွင်ဖြစ်ပွားခဲ့သော ဖောက်ထွင်းမှု များနှင့် ဆက်စပ်ဆက်သွယ်လျက်ရှိကာ မြန်မာနိုင်ငံတွင် ဖောက်ထွင်းခံရသည့် ငွေပမာဏမှာလည်း ကျပ်သိန်း ၂ဝဝ ခန့်ရှိပြီး ကမ္ဘောဇဘဏ်တစ်ခုတည်းမှ ကျပ်သိန်း၇ဝခန့်ဖောက်ထွင်းခံလိုက်ရပြီး ထိုဖြစ်စဉ်တွင် အခြားပုဂ္ဂလိက ဘဏ် များလည်းပါဝင်သည့်တိုင် ယင်းကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပြောကြားမှုမရှိ ခြင်းက ယင်းတို့ကို ပူးပေါင်းဖော်ထုတ်ရာတွင် အခက်အခဲ တစ်ခုဖြစ်နေကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအတိုင်ပင်ခံပုဂ္ဂိုလ် ဦးသန်းလွင်က ဒီမိုကရေစီ တူဒေးသတင်းစာသို့ ထုတ်ဖော်ပြောကြားလိုက်သည်။

ဗိုလ်တထောင်မြို့နယ်တွင်ရှိ သော ကမ္ဘောဇဘဏ်၏ အေတီအမ် စက်မှ နိုင်ငံခြားဗီဇာကတ်ဖြင့် ဖောက် ထွင်းကာ ငွေများကို ထုတ်ယူခဲ့သည့် အိန္ဒိယနိုင်ငံသားနှင့် နီပေါနိုင်ငံ သားတစ်ဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူနှစ်ဦး ကို ယခုအခါ စီအိုင်ဒီမှစစ်ဆေးနေပြီး ထိုစစ်ဆေးမှုများ ပြီးစီးပါက အင်တာ ပိုမှတာဝန်ရှိသူများက ဆက်လက်စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံကို ဟက်ကာတွေ စတင်ဝင်ရောက်နေပါပြီ။ ဘယ်နှစ် ယောက်ဆိုတာကို အတိအကျမသိရ သေးပေမယ့် အန်ကယ်တို့ဘဏ်ကို ဝင်ဖောက်တဲ့ ဟက်ကာကိုတော့ မိ ထားပါပြီ။ ဒါပေမဲ့ အန်ကယ်တို့ဘဏ် အနေနဲ့ ကျပ်သိန်း၇ဝလောက်သာပါ သွားတယ်။ သိန်း၆ဝကိုတော့ နိုင်ငံ ခြားဗီဇာကတ်နဲ့ ထုတ်တာပေါ့။ အဲဒီ ပိုက်ဆံကို ဗီဇာကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပေးမယ်လို့ အန်ကယ်တို့ ကို ပြောထားပါတယ်။ ဒါပေမဲ့ ကျန် တဲ့ကျပ်သိန်းတစ်ရာကျော်က ဘယ် ဘဏ်တွေက ပါတယ်လို့ဆိုတာကို တော့ အန်ကယ်လဲ မသိဘူး။ သေချာ တာကတော့ မြန်မာနိုင်ငံမှာ မကြာ သေးမီကမှ အေတီအမ်စက်တွေပေါ် လာတယ်ဆိုပြီး အထင်သေးတဲ့သ ဘောနဲ့ ရမလားဆိုပြီး ဝင်လာတာပေါ့။ အန်ကယ်တို့ကတော့ လုံခြုံမှုနဲ့ပတ် သက်ရင် ကမ္ဘာမှာ အကောင်းဆုံးစက် တွေကို သုံးထားတဲ့အတွက် ဒီဟက် ကာနှစ်ဦးကို အခုလို ချက်ချင်းဖမ်း ဆီးရမိခဲ့တာဖြစ်ပါတယ်။ တခြား ဒီ ဖြစ်စဉ်မှာပါခဲ့တဲ့ ဘဏ်တွေရှိရင် လဲ ပွင့်ပွင့်လင်းလင်းပြောသင့်တယ်လို့ ထင်တယ်။ ဒါမှ ဒီကိစ္စကို ဘဏ် လုပ်ငန်းရှင်တွေအားလုံးပူးပေါင်းပြီး နောင်တစ်ချိန်မှာ ဒါမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။ အခုဖြစ်စဉ်က ဂိုဏ်းဖွဲ့ပြီး တော့ကို အာဆီယံနိုင်ငံတွေမှာ လုပ် လာကြတာဖြစ်နိုင်တယ်''ဟု အဆို ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ယင်းက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် အေတီအမ် စက်များမှ အလွယ်တကူ ငွေထုတ်နိုင် သည့်နည်းပညာသည် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့သည်မှာ နှစ်အနည်း ငယ်သာရှိသေးသည့်အတွက် နည်း ပညာပိုင်းတွင် အားနည်းမှုများရှိနိုင် သည်ဟု ယူဆကာ ယခုကဲ့သို့ ဝင် ရောက်လာခြင်းဖြစ်နိုင်သည်ဟု ဘဏ် လုပ်ငန်းအသိုင်း အဝိုင်းမှ စုံစမ်းသိရှိ ရသည်။

မြန်မာနိုင်ငံတွင်စတင်ဖြစ် ပေါ်နေပြီးဖြစ်သည့် ယခုကဲ့သို့ ဖြစ် စဉ်မျိုးသည်လည်း အာရှတိုက်တွင် သာမက အာဆီယံနိုင်ငံများတွင် တစ်ပြိုင်တည်းဖြစ်ပေါ်နေသည်။

''ဒီရက်ပိုင်းကပဲ ကမ္ဘောဒီးယား မှာ အန်ကယ်တို့ဆီမှာလိုမျိုးဖြစ်သွား တယ်။ ဒါကိုလဲ အင်တာပိုက လိုက်လံ စစ်ဆေးနေပြီ။ ဒီဘက်က တာဝန်ရှိ သူတွေကလဲ မြန်မာနိုင်ငံမှာဖြစ်ပေါ် နေတဲ့ဖြစ်စဉ်ကို အင်တာပိုကိုသတင်း ပို့ထားပြီးပြီလို့ သိရပါတယ်''ဟု ဆက် လက်ပြောသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အေတီအမ်စက်များ တွင် ကတ်အတုဖြင့် ငွေထုတ်မှုများ ဖြစ်ပေါ်လာသဖြင့် ယင်းကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်ပေါ်စေရန်အတွက် လုံခြုံ ရေးပိုင်းဆိုင်ရာကို သက်ဆိုင်ရာမြို့ နယ်များ၏ နယ်ထိန်းများက အရပ် ဝတ်များဖြင့် စောင့်ကြည့်ရန် ရဲတပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားထားပြီးဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး သင်္ဃန်း ကျွန်းမြို့နယ်ရဲစခန်းမှ နယ်ထိန်းသန်း စိုးက ''ဟုတ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ နယ်ထိန်းတွေကို စောင့်ကြည့်ခိုင်းထားပါတယ်။ ကျွန် တော်တို့အနေနဲ့လဲ နေ့ညအလှည့်ကျ စောင့်ကြည့်နေပါတယ်''ဟု ပြောသည်။

မကြာခင်ရက်အတွင်းက ကတ် အတုဖြင့်ငွေထုတ်ယူသူပြည်ပနိုင်ငံ သားနှစ်ဦးကို ဗိုလ်တထောင်ရဲစခန်း က နိုဝင်ဘာ၂၅ ရက်က(ပ)၁၆၆/၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၈ဝ ဖြင့် အမှုဖွင့်ကာစစ်ဆေးပြီး စီအိုင်ဒီသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ ယင်းတို့နှစ်ဦးမှ တစ်ဦး သည် ငွေထုတ်ယူရာတွင် ကျန်ရှိ နေခဲ့သည့် ကတ်အချို့ကို ယင်းတို့ ငှားရမ်းထားသည့် တက္ကစီသမား အား ပြန်သွားယူခိုင်းခဲ့ကြောင်း၊ ယင်း မတိုင်မီအချိန်တွင် စက်မှ ဖောက် ထွင်းကာ ငွေထုတ်ခဲ့သူကို နည်းပညာ အကူအညီဖြင့် သိရှိခဲ့ပြီး သက်ဆိုင် ရာက ဖမ်းဆီးရန်စုံစမ်းနေစဉ် ယင်း တက္ကစီသမားမှတစ်ဆင့် ငွေထုတ် ယူသူ ပြည်ပနိုင်ငံသားနှစ်ဦးကို ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနှံ့တွင်ရှိသောအေတီအမ်စက်များကို အသုံးပြုနေ သည့် ဘဏ်များအနေဖြင့်လည်း အေ တီအမ်စက်တွင်တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာတစ်ခုတည်းကိုအားကိုး၍မရနိုင်တော့သည့်အနေအထားကို တွေ့နေရပြီဖြစ်ကြောင်း၊ယင်းအတွက် သက်ဆိုင်ရာဘဏ်များ အနေဖြင့် အေတီအမ်စက်နှင့်ပတ် သက်ပြီး လုံခြုံရေးများကို ယခုထက် တိုးမြှင့်ကာ ဆောင်ရွက်ထားသင့်ပြီ ဟုလည်း ကမ္ဘောဇဘဏ်၏ အကြီး တန်းအတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးသန်းလွင်က သုံးသပ်ပြောကြားလိုက်သည်။

''ကမ္ဘောဇဘဏ်ကနေ ဖွင့်ထား တဲ့ အေတီအမ်စက်တွေကို အရင်တပ် ထားတဲ့ စီစီတီဗွီတင်မကဘူး။ အခုဆို ရင် သရီးဒီကင်မရာတွေပါ တပ်ဆင် ဖို့ ဆောင်ရွက်နေပါပြီ။ နောက်ပြီး လုံခြုံရေးအင်အားတွေကိုလဲ လက်ရှိ ထက် တိုးမြှင့်ဆောင်ရွက်ဖို့လုပ်ဆောင် နေပါတယ်။ ဘဏ်မှာအသုံးပြုနေတဲ့ နည်းပညာတွေကို ကမ္ဘာ့အကောင်း ဆုံး ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတွေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။လုံခြုံစိတ်ချမှုနဲ့ပတ်သက်လာရင်အလား တူကိစ္စမျိုးတွေထပ်ဖြစ်လာရင်လဲ ချက်ချင်းဖမ်းမိနိုင်ဖို့ ကမ္ဘာမှာ အ ကောင်းဆုံးဆိုတဲ့ စက်ပစ္စည်းတွေကို ပဲ ဆက်လက်အသုံးပြုသွားမှာပါ''ဟု ကမ္ဘောဇဘဏ်လုံခြုံရေးနှင့် ပတ်သက် ပြီး ယင်းက ဆက်လက်ပြောသည်။

Yangon Media Group

ဓါတ်ပုံ - လှည်းတန်းစိန်ဂေဟာ ဈေးဝယ်စင်တာရှေ့ရှိ ပုဂ္ဂလိကဘဏ်များမှ ငွေထုတ် စက်များတွင် ငွေထုတ်ယူနေသူများကို နိုဝင်ဘာ ၃ဝရက်က တွေ့ရစဉ်
ဓါတ်ပုံ - လှည်းတန်းစိန်ဂေဟာ ဈေးဝယ်စင်တာရှေ့ရှိ ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်စက်များတွင် ငွေထုတ် ယူနေ သူများကို နိုဝင်ဘာ ၃ဝရက်က တွေ့ရစဉ်။ 
ယခုလတ်တလောမြန်မာနိုင်ငံရှိ အေတီအမ် ငွေထုတ်စက်များတွင် နိုင်ငံခြားသားဟက်ကာများ ဝင်ရောက် ဖောက်ထွင်းနေမှု ဖြစ်စဉ်သည် မကြာမီက အာရှနိုင်ငံအချို့တွင်ဖြစ်ပွားခဲ့သော ဖောက်ထွင်းမှု များနှင့် ဆက်စပ်ဆက်သွယ်လျက်ရှိကာ မြန်မာနိုင်ငံတွင် ဖောက်ထွင်းခံရသည့် ငွေပမာဏမှာလည်း ကျပ်သိန်း ၂ဝဝ ခန့်ရှိပြီး ကမ္ဘောဇဘဏ်တစ်ခုတည်းမှ ကျပ်သိန်း၇ဝခန့်ဖောက်ထွင်းခံလိုက်ရပြီး ထိုဖြစ်စဉ်တွင် အခြားပုဂ္ဂလိက ဘဏ် များလည်းပါဝင်သည့်တိုင် ယင်းကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပြောကြားမှုမရှိ ခြင်းက ယင်းတို့ကို ပူးပေါင်းဖော်ထုတ်ရာတွင် အခက်အခဲ တစ်ခုဖြစ်နေကြောင်း ကမ္ဘောဇဘဏ်၏ အကြီး တန်း အတိုင်ပင်ခံပုဂ္ဂိုလ် ဦးသန်းလွင်က ဒီမိုကရေစီ တူဒေးသတင်းစာသို့ ထုတ်ဖော်ပြော ကြားလိုက်သည်။

ဗိုလ်တထောင်မြို့နယ်တွင်ရှိ သော ကမ္ဘောဇဘဏ်၏ အေတီအမ် စက်မှ နိုင်ငံခြားဗီဇာကတ်ဖြင့် ဖောက် ထွင်းကာ ငွေများကို ထုတ်ယူခဲ့သည့် အိန္ဒိယနိုင်ငံသားနှင့် နီပေါနိုင်ငံ သားတစ်ဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူနှစ်ဦး ကို ယခုအခါ စီအိုင်ဒီမှစစ်ဆေးနေပြီး ထိုစစ်ဆေးမှုများ ပြီးစီးပါက အင်တာ ပိုမှတာဝန်ရှိသူများက ဆက်လက်စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံကို ဟက်ကာတွေ စတင်ဝင်ရောက်နေပါပြီ။ ဘယ်နှစ် ယောက်ဆိုတာကို အတိအကျမသိရ သေးပေမယ့် အန်ကယ်တို့ဘဏ်ကို ဝင်ဖောက်တဲ့ ဟက်ကာကိုတော့ မိ ထားပါပြီ။ ဒါပေမဲ့ အန်ကယ် တို့ဘဏ် အနေနဲ့ ကျပ်သိန်း၇ဝလောက်သာပါ သွားတယ်။ သိန်း၆ဝကိုတော့ နိုင်ငံ ခြားဗီဇာကတ်နဲ့ ထုတ် တာပေါ့။ အဲဒီပိုက်ဆံကို ဗီဇာကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပေးမယ်လို့ အန်ကယ်တို့ ကို ပြောထားပါ တယ်။ ဒါပေမဲ့ ကျန် တဲ့ကျပ်သိန်းတစ်ရာကျော်က ဘယ် ဘဏ်တွေက ပါတယ်လို့ဆိုတာကို တော့ အန်ကယ်လဲ မသိဘူး။ သေချာ တာကတော့ မြန်မာနိုင်ငံမှာ မကြာ သေးမီကမှ အေတီအမ်စက်တွေပေါ် လာတယ်ဆိုပြီး အထင်သေးတဲ့သ ဘောနဲ့ ရမလားဆိုပြီး ဝင်လာတာပေါ့။ အန်ကယ်တို့ကတော့ လုံခြုံမှုနဲ့ ပတ် သက်ရင် ကမ္ဘာမှာ အကောင်းဆုံးစက် တွေကို သုံးထားတဲ့အတွက် ဒီဟက် ကာနှစ်ဦးကို အခုလို ချက်ချင်းဖမ်း ဆီးရမိခဲ့တာဖြစ်ပါတယ်။ တခြားဒီ ဖြစ်စဉ်မှာပါခဲ့တဲ့ ဘဏ်တွေရှိရင် လဲ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်လို့ ထင်တယ်။ ဒါမှ ဒီကိစ္စကို ဘဏ် လုပ်ငန်းရှင်တွေ အားလုံး ပူးပေါင်းပြီး နောင်တစ်ချိန်မှာ ဒါမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။ အခုဖြစ်စဉ်က ဂိုဏ်းဖွဲ့ပြီး တော့ကို အာဆီယံ နိုင်ငံ တွေမှာ လုပ် လာကြတာဖြစ်နိုင်တယ်''ဟု အဆို ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ယင်းက သုံးသပ်ပြောကြား သည်။

မြန်မာနိုင်ငံတွင် အေတီအမ် စက်များမှ အလွယ်တကူ ငွေထုတ်နိုင် သည့်နည်းပညာသည် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့သည်မှာ နှစ်အနည်း ငယ်သာရှိသေးသည့်အတွက် နည်း ပညာပိုင်းတွင် အားနည်းမှုများရှိနိုင် သည်ဟု ယူဆကာ ယခုကဲ့သို့ ဝင် ရောက်လာခြင်းဖြစ်နိုင်သည်ဟု ဘဏ် လုပ်ငန်းအသိုင်း အဝိုင်းမှ စုံစမ်းသိရှိ ရသည်။

မြန်မာနိုင်ငံတွင်စတင်ဖြစ် ပေါ်နေပြီးဖြစ်သည့် ယခုကဲ့သို့ ဖြစ် စဉ်မျိုးသည်လည်း အာရှတိုက်တွင် သာမက အာဆီယံနိုင်ငံများတွင် တစ်ပြိုင်တည်းဖြစ်ပေါ်နေသည်။

''ဒီရက်ပိုင်းကပဲ ကမ္ဘောဒီးယား မှာ အန်ကယ်တို့ဆီမှာလိုမျိုးဖြစ်သွား တယ်။ ဒါကိုလဲ အင်တာပိုက လိုက်လံ စစ်ဆေးနေပြီ။ ဒီဘက်က တာဝန်ရှိ သူတွေကလဲ မြန်မာနိုင်ငံမှာဖြစ်ပေါ် နေတဲ့ဖြစ်စဉ်ကို အင်တာပိုကိုသတင်း ပို့ထားပြီးပြီလို့ သိရပါတယ်''ဟု ဆက် လက်ပြောသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အေတီအမ်စက်များ တွင် ကတ်အတုဖြင့် ငွေထုတ်မှုများ ဖြစ်ပေါ်လာသဖြင့် ယင်းကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်ပေါ်စေရန်အတွက် လုံခြုံ ရေးပိုင်းဆိုင်ရာကို သက်ဆိုင်ရာမြို့ နယ်များ၏ နယ်ထိန်းများက အရပ် ဝတ်များဖြင့် စောင့်ကြည့်ရန် ရဲတပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားထားပြီးဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး သင်္ဃန်း ကျွန်းမြို့နယ်ရဲစခန်းမှ နယ်ထိန်းသန်း စိုးက ''ဟုတ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ နယ်ထိန်းတွေကို စောင့်ကြည့်ခိုင်းထားပါတယ်။ ကျွန် တော်တို့အနေနဲ့လဲ နေ့ညအလှည့်ကျ စောင့်ကြည့်နေပါတယ်''ဟု ပြောသည်။

မကြာခင်ရက်အတွင်းက ကတ် အတုဖြင့်ငွေထုတ်ယူသူပြည်ပနိုင်ငံ သားနှစ်ဦးကို ဗိုလ်တထောင်ရဲစခန်း က နိုဝင်ဘာ၂၅ ရက်က(ပ)၁၆၆/၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၈ဝ ဖြင့် အမှုဖွင့်ကာစစ်ဆေးပြီး စီအိုင်ဒီသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ ယင်းတို့နှစ်ဦးမှ တစ်ဦး သည် ငွေထုတ်ယူရာတွင် ကျန်ရှိ နေခဲ့သည့် ကတ်အချို့ကို ယင်းတို့ ငှားရမ်းထားသည့် တက္ကစီသမား အား ပြန်သွားယူခိုင်းခဲ့ကြောင်း၊ ယင်း မတိုင်မီအချိန်တွင် စက်မှ ဖောက် ထွင်းကာ ငွေထုတ်ခဲ့သူကို နည်းပညာ အကူအညီဖြင့် သိရှိခဲ့ပြီး သက်ဆိုင် ရာက ဖမ်းဆီးရန်စုံစမ်းနေစဉ် ယင်း တက္ကစီသမားမှတစ်ဆင့် ငွေထုတ် ယူသူ ပြည်ပနိုင်ငံသားနှစ်ဦးကို ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနှံ့တွင်ရှိသောအေတီအမ်စက်များကို အသုံးပြုနေ သည့် ဘဏ်များအနေဖြင့်လည်း အေ တီအမ်စက်တွင်တပ်ဆင်ထားသည့်  လုံခြုံရေးကင်မရာတစ်ခုတည်းကိုအားကိုး၍မရနိုင်တော့သည့် အနေ အထားကို တွေ့နေရပြီဖြစ်ကြောင်း၊ယင်းအတွက် သက်ဆိုင်ရာဘဏ်များ အနေဖြင့် အေတီအမ်စက်နှင့်ပတ် သက်ပြီး လုံခြုံရေးများကို ယခုထက် တိုးမြှင့်ကာ ဆောင်ရွက်ထားသင့်ပြီ ဟုလည်း ကမ္ဘောဇဘဏ်၏ အကြီး တန်းအတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးသန်းလွင်က သုံးသပ်ပြောကြားလိုက်သည်။

''ကမ္ဘောဇဘဏ်ကနေ ဖွင့်ထား တဲ့ အေတီအမ်စက်တွေကို အရင်တပ် ထားတဲ့ စီစီတီဗွီတင်မကဘူး။ အခုဆို ရင် သရီးဒီကင်မရာတွေပါ တပ်ဆင် ဖို့ ဆောင်ရွက်နေပါပြီ။ နောက်ပြီး လုံခြုံရေးအင်အားတွေကိုလဲ လက်ရှိ ထက် တိုးမြှင့်ဆောင်ရွက်ဖို့လုပ်ဆောင် နေပါတယ်။ ဘဏ်မှာအသုံးပြုနေတဲ့ နည်းပညာတွေကို ကမ္ဘာ့အကောင်း ဆုံး ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတွေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ လုံခြုံစိတ်ချမှုနဲ့ ပတ်သက် လာရင်အလား တူကိစ္စမျိုးတွေထပ်ဖြစ်လာရင်လဲ ချက်ချင်းဖမ်းမိနိုင်ဖို့ ကမ္ဘာမှာ အ ကောင်း ဆုံးဆိုတဲ့ စက်ပစ္စည်းတွေကို ပဲ ဆက်လက်အသုံးပြုသွားမှာပါ''ဟု ကမ္ဘောဇဘဏ်လုံခြုံရေးနှင့် ပတ်သက် ပြီး ယင်းက ဆက်လက်ပြောသည်။

Yangon Media Group

No comments:

Post a Comment