Monday 1 December 2014

ပညာရေးဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲများကို ယခုလတွင် နိုင်ငံအနှံ့ ပြုလုပ် မည်ဟု သပိတ်မှောက်ကျောင်းသားများ ဆို

Photo: ပညာရေးဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲများကို ယခုလတွင် နိုင်ငံအနှံ့ ပြုလုပ် မည်ဟု သပိတ်မှောက်ကျောင်းသားများ ဆို
Monday, December 1, 2014

အမျိုးသားပညာရေးဥပဒေကို ပြည် သူလူထု၊ ကျောင်းသား၊ မိဘများ
ကျယ် ကျယ်ပြန့်ပြန့်သိရှိစေရန် အတွက် လူထုပါဝင်သည့် ဆွေးနွေးပွဲများကို ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံအနှံ့အပြား၌ ပြုလုပ်သွားမည်ဟု ပညာရေးဥပဒေကို သပိတ် မှောက်ကန့်ကွက်နေသည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားများက ၃၀-၁၁-၂၀၁၄ ရက်တွင် ပြည်မြန်မာသို့ပြောသည်။

ပညာရေးဝန်ကြီးဌာနနှင့် အစိုးရတာ ၀န်ရှိသူများက ကျောင်းသားများ၏
အမျိုး သားပညာရေးဥပဒေကို ကန့်ကွက်နေမှု များသည် ဥပဒေကို
သေချာနားမလည်၍ ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ ယေဘုယျ အမြင်ဖြင့် ကန့်ကွက်နေခြင်းဖြစ်ကြောင်း ပြောဆိုမှုများကို ကြားသိနေရသောကြောင့် အမျိုးသားပညာရေးဥပဒေကို ကျောင်းသားထုတစ်ရပ်လုံးနှင့် မိဘပြည်သူများ သိရှိစေရန် အဆိုပါဆွေးနွေးပွဲများကို နိုင်ငံတစ်ဝန်းလုံး၌ တစ်ပြိုင်နက်ပြုလုပ် မည်ဟု ကျောင်းသားများက ဆိုသည်။

““ အစိုးရဘက်က ကျွန်တော်တို့ကို ပညာရေးဥပဒေကို သေချာနားမလည်လို့ ကန့်ကွက်တယ်လို့ ပြောတဲ့အတွက် ဒီဥပဒေမှာ ဘယ်အချက်က ကျောင်းသား
အခွင့်အရေးကို ပိတ်ပင်ထားတယ်။ ဘယ်အချက်က ဆရာအခွင့်အရေးကို အပြည့် အ၀မပေးထားဘူး။ ဘယ်အချက်က ဗဟိုချုပ်ကိုင်မှုတွေ ရှိနေတယ်ဆိုတာကို ဆွေး နွေးပွဲတွေလုပ်ပြီး လူထုသိအောင်ပြောပြမယ်”” ဟု ဦးဆောင်ကော်မတီ၏ ပြန်ကြား ရေးအဖွဲ့ဝင် ကိုဖိုးသားက ပြောသည်။
နိုဝင်ဘာ ၁၇ ရက်မှစတင်၍ ရက် ပေါင်း ၆၀ အတွင်း လက်ရှိအစိုးရနှင့် တာဝန်ရှိသူများအနေဖြင့် သပိတ်မှောက် ကျောင်းသားထုအား လာရောက်စေ့စပ် ညှိနှိုင်းမှုပြုလုပ်ရန် အသိပေးထားသော် လည်း ယခုအချိန်အထိ အစိုးရဘက်က ဥပဒေကို ပြင်ဆင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ ခြင်းမရှိသေးကြောင်း ကျောင်းသားများ ဘက်က ဆိုသည်။
““ ရက်ပေါင်း ၆၀ ကျော်တဲ့အထိ ဆွေးနွေးညှိနှိုင်းမှုမရှိရင်တော့ ၆၁ ရက်
မြောက်နေ့မှာ အရင် သပိတ်တိုက်ပွဲထက် ပြင်းထန်တဲ့ သပိတ်မှောက်
ကန့်ကွက်မှု တွေကို တစ်နိုင်ငံလုံးမှာ လှုပ်ရှားမယ်”” ဟု ကိုဖိုးသားက ဆက်လက်ပြောသည်။

ယခုလက်ရှိတွင် ပညာရေးဥပဒေ ကို မန်္တလေး၊ မြင်းခြံ၊ မြိတ်၊ ထားဝယ်၊ တောင် ငူ၊ မုံရွာမြို့များ၌ သပိတ်မှောက်ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ်နေသကဲ့သို့ ဥ ဒေနှင့် ပတ်သက်သည့် လူထုဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် နိုင်ငံအနှံ့ရှိ သက်ဆိုင်ရာ ဒေသအရပ်ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းစီစဉ်နေကြောင်း သတင်းရရှိသည်။

ဆုဆက်(သတင်း၊ ဓာတ်ပုံ)
Pyimyanmar
အမျိုးသားပညာရေးဥပဒေကို ပြည် သူလူထု၊ ကျောင်းသား၊ မိဘများ ကျယ် ကျယ်ပြန့်ပြန့်သိရှိစေရန် အတွက် လူထုပါဝင်သည့် ဆွေးနွေးပွဲများကို ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံအနှံ့အပြား၌ ပြုလုပ် သွားမည်ဟု ပညာရေးဥပဒေကို သပိတ် မှောက်ကန့်ကွက်နေသည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကျောင်းသားများက ၃၀-၁၁-၂၀၁၄ ရက်တွင် ပြည်မြန်မာသို့ပြောသည်။

ပညာရေးဝန်ကြီးဌာနနှင့် အစိုးရတာ ၀န်ရှိသူများက ကျောင်းသားများ၏ အမျိုး သားပညာရေးဥပဒေကို ကန့်ကွက်နေမှု များသည် ဥပဒေကို သေချာနားမလည်၍ ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ ယေဘုယျ အမြင်ဖြင့် ကန့်ကွက်နေခြင်းဖြစ်ကြောင်း ပြောဆိုမှုများကို ကြားသိနေရသောကြောင့် အမျိုးသားပညာရေးဥပဒေကို ကျောင်းသားထုတစ်ရပ်လုံးနှင့် မိဘပြည်သူများ သိရှိစေရန် အဆိုပါဆွေးနွေးပွဲများကို နိုင်ငံတစ်ဝန်းလုံး၌ တစ်ပြိုင်နက်ပြုလုပ် မည်ဟု ကျောင်းသားများက ဆိုသည်။

““ အစိုးရဘက်က ကျွန်တော်တို့ကို ပညာရေးဥပဒေကို သေချာနားမလည်လို့ ကန့်ကွက်တယ်လို့ ပြောတဲ့ အတွက် ဒီဥပဒေမှာ ဘယ်အချက်က ကျောင်းသား အခွင့်အရေးကို ပိတ်ပင်ထားတယ်။ ဘယ်အချက်က ဆရာအခွင့်အရေးကို အပြည့် အ၀မပေးထားဘူး။ ဘယ်အချက်က ဗဟိုချုပ်ကိုင်မှုတွေ ရှိနေတယ်ဆိုတာကို ဆွေး နွေးပွဲတွေလုပ်ပြီး လူထုသိအောင်ပြောပြမယ်”” ဟု ဦးဆောင်ကော်မတီ၏ ပြန်ကြား ရေးအဖွဲ့ဝင် ကိုဖိုးသားက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်မှစတင်၍ ရက် ပေါင်း ၆၀ အတွင်း လက်ရှိအစိုးရနှင့် တာဝန်ရှိသူများအနေဖြင့် သပိတ်မှောက် ကျောင်းသားထုအား လာရောက်စေ့စပ် ညှိနှိုင်းမှုပြုလုပ်ရန် အသိပေးထားသော် လည်း ယခု အချိန်အထိ အစိုးရဘက်က ဥပဒေကို ပြင်ဆင်ရန် ဆွေးနွေးညှိနှိုင်းခဲ့ ခြင်းမရှိသေးကြောင်း ကျောင်း သားများ ဘက်က ဆိုသည်။ ““ ရက်ပေါင်း ၆၀ ကျော်တဲ့အထိ ဆွေးနွေးညှိနှိုင်းမှုမရှိရင်တော့ ၆၁ ရက် မြောက်နေ့မှာ အရင် သပိတ်တိုက်ပွဲထက် ပြင်းထန်တဲ့ သပိတ်မှောက် ကန့်ကွက်မှု တွေကို တစ်နိုင်ငံလုံးမှာ လှုပ်ရှားမယ်”” ဟု ကိုဖိုးသားက ဆက်လက်ပြောသည်။

ယခုလက်ရှိတွင် ပညာရေးဥပဒေ ကို မန်္တလေး၊ မြင်းခြံ၊ မြိတ်၊ ထားဝယ်၊ တောင် ငူ၊ မုံရွာမြို့များ၌ သပိတ်မှောက်ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ်နေသကဲ့သို့ ဥ ဒေနှင့် ပတ်သက်သည့် လူထု ဆွေးနွေး ပွဲများ ပြုလုပ်နိုင်ရန် နိုင်ငံအနှံ့ရှိ သက်ဆိုင်ရာ ဒေသအရပ်ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းစီစဉ် နေကြောင်း သတင်းရရှိသည်။

ဆုဆက်(သတင်း၊ ဓာတ်ပုံ)
Pyimyanmar

No comments:

Post a Comment