Monday 1 December 2014

ဗိုလ်ချုပ်ရုပ်ရှင် ရန်ပုံငွေအတွက် ရန်ကုန်မှာကမယ့် နှင်းဆီအငြိမ့်

ဗိုလ်ချုပ်ရုပ်ရှင် ရန်ပုံငွေ ဖျော်ဖြေပွဲအနေဖြင့် နှင်းဆီအငြိမ့်အဖွဲ့၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့တွင်ပြုလုပ် သွားရန် အစီအစဉ်ရှိကြောင်း ဦးမျိုးမင်းက ပြောသည်။

‘‘ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ Theme တွေကိုလုပ်သွားမယ်။ ထူးထူးခြားခြားလည်းမြင်ရမှာပါ။ အောက်က ပရိသတ်တွေလက်ခုပ်တီးပြီး သဘောကျမယ့်အစီအစဉ်တွေ လုပ်ထားတယ်’’ဟု ၎င်းကပြောသည်။

ယင်းဖျော်ဖြေပွဲကို ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့်မည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကပြသွားမည်ဖြစ်ပြီး ရွှေထွဋ်တင်ကွင်း၌ ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း မသေချာသေးကြောင်း ဦးမျိုးမင်းက ပြောသည်။

‘‘နှင်းဆီအဖွဲ့သားတွေ စုံ၊မစုံကတော့ မသေချာသေးဘူး။ ကြည့်တော့ ကြည့်ရဦးမယ်။ တချို့တွေရဲ့ စိတ်ဓာတ်တွေကို မကြိုက်လို့ ထည့်ချင်မှ ထည့်မယ်။ လူအသစ်ပါ၊ မပါလည်း မသေချာသေးဘူး။ ဒီအတိုင်းပဲ ဆက်သွားမယ်’’ဟု ဖျော်ဖြေမည့် လူစာရင်းနှင့်ပတ်သက်၍ ၎င်းကပြောသည်။

ဒီဇင်ဘာ ၂၀ ရက်တွင်လည်း နှင်းဆီအဖွဲ့သားများပါဝင်သည့် ပြဇာတ်တစ်ခုကို သီတဂူဆရာတော် ဘုရား ကြီး၏ မျက်စိဆေးရုံဖွင့်ပွဲအနေဖြင့် စစ်ကိုင်းမြို့အနီး ကျွန်းလှမြို့တွင် ကပြသွားရန် အစီအစဉ်ရှိကြောင်း ဦးမျိုးမင်းက ပြောသည်။

7Day DAILY 

No comments:

Post a Comment