Monday 1 December 2014

မြန်မာ့မီးရထားလုပ်ငန်းတွင် အသုံးပြုနေသည့် ဆက်သွယ်ရေးစနစ်ကို ဂျက်ကာအကူအညီဖြင့် အဆင့်မြှင့်မည်

Photo: မြန်မာ့မီးရထားလုပ်ငန်းတွင် အသုံးပြုနေသည့် ဆက်သွယ်ရေးစနစ်ကို ဂျက်ကာအကူအညီဖြင့် အဆင့်မြှင့်မည်
Monday, December 1, 2014

မြန်မာ့ မီးရထားလုပ်ငန်းတွင် အသုံးပြုနေသည့် ဆက်သွယ်ရေး စနစ်ကို ဂျက်ကာ အကူအညီဖြင့် အဆင့်မြှင့်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း (၇)မှ အင်ဂျင်နီယာမှူး (ဆက်သွယ် ရေး) ဦးမြင့်လွင်က ပြောသည်။

''မြန်မာ့မီးရထားရဲ့ ဆက်သွယ် ရေးစနစ်တွေ ဂျက်ကာအကူအညီ အနဲ့ အဆင့်မြှင့်သွားမှာဖြစ်ပါတယ်။အဆင့်မီ ရထားလမ်း အချက်ပြစနစ် တွေ၊ အော်တိုဂိတ်မောင်းတံစနစ် တွေကို ခေတ်မီစနစ်တွေ တပ်ဆင် မယ်ပေါ့။ အဲ့ဒီ စီမံကိန်းကိုတော့ ၂ဝ၁၅ခုနှစ်မှာ စတင်မယ်'' ဟု ၄င်း ကပြောသည်။

ယင်းစီမံကိန်းအတွက် ဦးစား ပေးအနေဖြင့် ရန်ကုန်ဘူတာနှင့် ပုဇွန်တောင်ဘူတာများရှိ ရထား လမ်း အချက်ပြမီးများကို အသစ် ပြန်လည် တပ်ဆင်ခြင်း၊ ရွာသာကြီး နှင့် တိုးချောင်လေး ဘူတာကြားရှိ ကျန်စစ်သားဂိတ်တွင် လူစောင့်ရန် မလိုသည့် အော်တိုဂိတ်မောင်းတံ စနစ် တစ်ခုတပ်ဆင်ခြင်း၊ ရန်ကုန် နှင့် ပြွန်တန်ဆာအကြား ရထား များနှင့် ခေတ်မီစွာ ဆက်သွယ်နိုင် ရန် ရထားကြီးကြပ်ရေး အခန်း တည်ဆောက်ခြင်းများကို စတင်အ ကောင်အထည်ဖော်မည်ဖြစ်သည်။

''အရင်ကဆို မီးရထားကို ကိုယ် တိုင်လဲမမြင်ရဘူး။ ဘယ်ရောက်ပြီ ဆိုတာ စာရွက်နဲ့မှတ်ပြီးရင် ဖုန်းနဲ့ ဆက်သွယ် ပြောရတာ အခု အဲ့ဒီလို ရထားကြီးကြပ်ရေး အခန်း ဆောက် လိုက်မယ်ဆိုရင် ဒီဂျစ်တယ်စနစ်နဲ့ ဘယ်ရထား ဘယ်ဘူတာရောက်ပြီ ဆိုတာ သူ့အလိုအလျောက် Digital Play မှာပေါ်နေမှာ '' ဟု အင် ဂျင်နီယာမှူး ဦးမြင့်လွင်က ပြောသည်။

ရထားလမ်းများတွင် လက်ရှိတပ် ဆင်ထားသော အချက်ပြမီးများသည် ၁၉၅ဝ ပြည့်နှစ်ကတည်းက တပ်ဆင် ထားသောကြောင့် ခေတ်မမီတော့ သဖြင့် လူအသုံးပြုမှုများသည့် ရန် ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူ တာတွင် ခေတ်မီအချက်ပြစနစ်များ တပ်ဆင်ခြင်း ဖြစ်ကြောင်း၊ ရထားကြီး ကြပ်ရေး အခန်းကိုလည်း လတ်တ လောတွင် ရန်ကုန်နှင့် ပြွန်တန်ဆာ အကြားထိ ဆက်သွယ်နိုင်ရန် စီစဉ် ထားသော်လည်း နောက်ပိုင်းတွင် ရန် ကုန်မှ မန္တလေးအထိ ဆက်သွယ်နိုင် ရန် စီစဉ်ထားကြောင်း၊ အော်တို ဂိတ်မောင်းတံကို ရန်ကုန်-မန္တလေး လမ်းမဖြစ်သည့် ကျန်စစ်သားဂိတ် ကို ဦးစားပေး တပ်ဆင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံး တပ် ဆင်အသုံးပြုနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group
မြန်မာ့ မီးရထားလုပ်ငန်းတွင် အသုံးပြုနေသည့် ဆက်သွယ်ရေး စနစ်ကို ဂျက်ကာ အကူအညီဖြင့် အဆင့်မြှင့်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း (၇)မှ အင်ဂျင်နီယာမှူး (ဆက်သွယ် ရေး) ဦးမြင့်လွင် က ပြောသည်။

''မြန်မာ့မီးရထားရဲ့ ဆက်သွယ် ရေးစနစ်တွေ ဂျက်ကာအကူအညီ အနဲ့ အဆင့်မြှင့်သွားမှာဖြစ်ပါတယ်။ အဆင့်မီ ရထားလမ်း အချက်ပြစနစ် တွေ၊ အော်တိုဂိတ်မောင်းတံစနစ် တွေကို ခေတ်မီစနစ်တွေ တပ်ဆင် မယ်ပေါ့။ အဲ့ဒီ စီမံကိန်းကိုတော့ ၂ဝ၁၅ခုနှစ်မှာ စတင်မယ်'' ဟု ၄င်း ကပြောသည်။

ယင်းစီမံကိန်းအတွက် ဦးစား ပေးအနေဖြင့် ရန်ကုန်ဘူတာနှင့် ပုဇွန်တောင်ဘူတာများရှိ ရထား လမ်း အချက်ပြမီးများကို အသစ် ပြန်လည် တပ်ဆင်ခြင်း၊ ရွာသာကြီး နှင့် တိုးချောင်လေး ဘူတာကြားရှိ ကျန်စစ်သားဂိတ်တွင် လူစောင့်ရန် မလိုသည့် အော်တိုဂိတ်မောင်းတံ စနစ် တစ်ခုတပ်ဆင်ခြင်း၊ ရန်ကုန် နှင့် ပြွန်တန်ဆာအကြား ရထား များနှင့် ခေတ်မီစွာ ဆက်သွယ်နိုင် ရန် ရထားကြီးကြပ်ရေး အခန်း တည်ဆောက်ခြင်းများကို စတင်အ ကောင်အထည်ဖော်မည်ဖြစ်သည်။

''အရင်ကဆို မီးရထားကို ကိုယ် တိုင်လဲမမြင်ရဘူး။ ဘယ်ရောက်ပြီ ဆိုတာ စာရွက်နဲ့မှတ်ပြီးရင် ဖုန်းနဲ့ ဆက်သွယ် ပြောရတာ အခု အဲ့ဒီလို ရထားကြီးကြပ်ရေး အခန်း ဆောက် လိုက်မယ်ဆိုရင် ဒီဂျစ်တယ်စနစ်နဲ့ ဘယ်ရထား ဘယ်ဘူတာရောက်ပြီ ဆိုတာ သူ့အလိုအလျောက် Digital Play မှာပေါ်နေမှာ '' ဟု အင် ဂျင်နီယာမှူး ဦးမြင့်လွင်က ပြောသည်။

ရထားလမ်းများတွင် လက်ရှိတပ် ဆင်ထားသော အချက်ပြမီးများသည် ၁၉၅ဝ ပြည့်နှစ်ကတည်းက တပ်ဆင် ထားသောကြောင့် ခေတ်မမီတော့ သဖြင့် လူအသုံးပြုမှုများသည့် ရန် ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူ တာတွင် ခေတ်မီအချက်ပြစနစ်များ တပ်ဆင်ခြင်း ဖြစ်ကြောင်း၊ ရထားကြီး ကြပ်ရေး အခန်းကိုလည်း လတ်တ လောတွင် ရန်ကုန်နှင့် ပြွန်တန်ဆာ အကြားထိ ဆက်သွယ်နိုင်ရန် စီစဉ် ထားသော်လည်း နောက်ပိုင်းတွင် ရန် ကုန်မှ မန္တလေးအထိ ဆက်သွယ်နိုင် ရန် စီစဉ်ထားကြောင်း၊ အော်တို ဂိတ်မောင်းတံကို ရန်ကုန်-မန္တလေး လမ်းမဖြစ်သည့် ကျန်စစ်သားဂိတ် ကို ဦးစားပေး တပ်ဆင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံး တပ် ဆင်အသုံးပြုနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group 

No comments:

Post a Comment