Monday 1 December 2014

ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာ

Photo: ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာ
Monday, December 1, 2014

ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင်၊ စီးပွားရေးအဆင်မပြေမှုများ အပါအ၀င် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်များအရ နိုဝင်ဘာ ၃၀ ရက်က သိရသည်။

ယင်းကဲ့သို့ အဆုံးစီရင်မှုများထဲတွင် အဆိပ်သောက်သေဆုံးမှု ခုနစ်မှုပါဝင်ပြီး ဖြစ်စဉ်များမှာ နိုဝင်ဘာ ၂၅ ရက်တွင် မှော်ဘီမြို့နယ်တွင် အမျိုးသားတစ်ဦး၊ နိုဝင်ဘာ ၂၈ ရက်၊ ၂၁ ရက်၊ ၁၄ ရက်နှင့် ၇ ရက်တို့တွင် တိုက်ကြီးမြို့နယ်၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ နိုဝင်ဘာ ၁၉ ရက်၌ တွံတေးမြို့နယ်၌ ညီအစ်မနှစ်ဦးနှင့် နိုဝင်ဘာ ၈ ရက်တွင် ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များထဲမှ ဖြစ်စဉ်တချို့မှာ အိမ်ထောင်ရေး၊ စီးပွားရေးအဆင်မပြေမှု၊ အရက်ကြောင်ကြောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကဲ့သို့ အဆိပ်သောက်သေဆုံးမှု ဖြစ်များထဲမှ ဖြစ်စဉ်တစ်ခုမှာ နိုဝင်ဘာ ၁၉ ရက် တွံတေးမြို့နယ် ခလုပ်ကျေးရွာအုပ်စု၊ ဂရက်ခရာကျေးရွာ နေ မ......(၁၆)နှစ်နှင့် ၎င်း၏ ၀မ်းကွဲညီအစ်မတော်စပ်သူ မ.......(၁၆)နှစ်တို့မှာ ပိုးသတ်ဆေးသောက်ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။

“သူတို့မိဘတွေက ဆင်းရဲပြီး ကျောင်းမထားနိုင်တာ မဟုတ်ဖူး။ ကျောင်းထားနိုင်ပါတယ်။ ဒါပေမဲ့ ညီအစ်မနှစ်ဦးက နှာခေါင်းသွေးလျှံတာတို့ ခဏခဏဖြစ်တဲ့ ရောဂါရှိတဲ့အတွက် ကျောင်းတက်ပြီး ပညာမသင်နိုင်ဘူး။ အဲဒီကြောင့် စိတ်ခံစားမှုတွေဖြစ်ပြီး နှစ်ဦးဆုံမိတဲ့အခါမှာ ဘ၀ကို အားငယ်စိတ်တွေဖြစ်ပြီး အခုလိုလုပ်မိသွားတာလို့ ယူဆရပါတယ်။ သေဆုံးရတဲ့ အခြားအကြောင်းအရင်းတော့ မရှိပါဘူး” ဟု ထန်းတပင်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ထွန်းထွန်းသန်းက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။

ဆက်လက်၍ “အဆုံးစီရင်မှုတွေက ဆင်ခြေဖုံးမြို့နယ်ကရွာတွေမှာ အများဆုံးဖြစ်ပွားနေတယ်။ တချို့က အရက်ကြောင်ကြောင်ပြီး အရက်ရဲ့ကျေးကျွန်ဘ၀ရောက်သွားတော့ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်မရှိတော့ဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်။ ပြီးတော့လူတွေအနေနဲ့လည်း စီးပွားရေးအဆင်မပြေတာတို့၊ အိမ်ထောင်ရေး အဆင်မပြေတာတို့ရှိရင်လည်း ထွက်ပေါက်ရှာတဲ့အနေနဲ့ အဆုံးမစီရင်ဖို့၊ စိတ်အေးအေးထားပြီး ဖြေရှင်းတတ်ဖို့ ပြောချင်ပါတယ်။ အိမ်ထောင်ရေး၊ စီးပွားရေး အဆင်မပြေတိုင်း အဆုံးစီရင်ရင် ကိုယ့်ရဲ့ကျန်ခဲ့တဲ့ မိသားစုတွေက အဆင်ပြေသွားမှာ မဟုတ်သလို ကျန်ခဲ့မယ့်မိသားစုဘ၀ကို ထည့်ပြီးတွေးသင့်တယ်” ဟု ပြောကြားခဲ့သည်။

အလားတူ ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှု ရှစ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်များမှာ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင် တစ်မှုစီနှင့် ခရမ်းမြို့နယ်တွင် နှစ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုးဆွဲချသေဆုံးမှုများထဲမှ အချို့ဖြစ်စဉ်များမှာ စာမေးပွဲကျမှု၊ မိဘနှင့်စကားများမှု၊ ကျန်းမာရေးမကောင်းမွန်မှု၊ အလုပ်အကိုင် အဆင်မပြေမှု၊ စိတ်ကျန်းမာရေး မကောင်းမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ရဲတာဝန်ရှိသူများ စစ်ဆေးချက်များအရ သိရသည်။

“စိတ်ကျန်းမာရေး မကောင်းတဲ့သူတွေမှာ စိတ်အားငယ်တတ်တဲ့စိတ်တွေ အများအပြား ရှိနေတတ်တဲ့အတွက် အခုလိုမဖြစ်သင့်တာ မဖြစ်ပွားရအောင် မိသားစုတွေအနေနဲ့ အားပေးစကားတွေပြောဖို့ စနစ်တကျ ဂရုစိုက်စောင့်ရှောက်ဖို့ လိုအပ်တယ်။ ပြီးတော့ တချို့မိဘတွေကလည်း မိမိတို့ရဲ့သားသမီးတွေကို ပညာရေးအတွက်ရော၊ ဘယ်အကြောင်းအရာကြောင့်ဖြစ်စေ ဆိုဆုံးမတဲ့အခါကျရင် အရမ်းဖိအားပေးတဲ့ ပုံစံနဲ့ မဆုံးမဖို့ အထူးလိုအပ်ပါတယ်။ လူငယ်တွေဟာ များသောအားဖြင့် စိတ်ကိုအလိုလိုက်ပြီး ကိုယ်ထင်ရာကို အလွယ်တကူလုပ်တတ်တဲ့အတွက် သူတို့ရဲ့အနာဂတ်တွေ မပျက်စီးစေဖို့ ထိန်းထိန်းသိမ်းသိမ်း၊ အေးအေးဆေးဆေးနဲ့ ပြောဆိုဆုံးမတတ်ဖို့ အထူးလိုအပ်ပါတယ်” ဟု အင်းစိန်မြို့မရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

စာမွေးပွဲကျ၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ် မြို့သစ်(က+ခ) ရပ်ကွက်၊ ခ-၅ လမ်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်စဉ်မှာ မှော်ဘီနည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်သည့် ကို..... (၂၀)နှစ်မှာ နေအိမ်ရှေ့ခန်းထုပ်တန်းတွင် ကြိုးဆွဲချသေဆုံးခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာကုန်အထိ ကျန်းမာရေးအခြေအနေကြောင့် သေကြောင်းကြံစည်မှု ၂၆၁ မှု၊ စီးပွားရေးမပြေလည်မှုကြောင့် သေကြောင်းကြံစည်မှု ၂၂၁ မှု၊ လူမှုရေးကြောင့် ၆၃ မှုနှင့် အခြားအကြောင်းအရာများကြောင့် ၄၅၄ မှုတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ပြုလုပ်ခဲ့မှုတွင် ကြိုးဆွဲချမှု ၇၇၅ မှု၊ အဆိပ်သောက်မှု ၂၂၇ မှု၊ ရေထဲခုန်ချ ၂၉ မှု၊ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ် ငါးမှု၊ ကိုယ့်ကိုယ်ကိုယ် ဓါးဖြင့်ထိုး ၃၄ မှု၊ ကိုယ့်ကိုယ်ကိုယ် မီးရှို့မှုခုနစ်မှုနှင့် တိုက်အမြင့်မှခုန်ချမှု ၁၄ မှုတို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရှိရသည်။

Eleven Media Group 

ခရမ်းမြို့နယ်တွင် ရဲတာဝန်ရှိသူများမှ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောနေမှုအား တွေ့ရစဉ်
ခရမ်းမြို့နယ်တွင် ရဲတာဝန်ရှိသူများမှ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောနေမှုအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင်၊ စီးပွားရေးအဆင်မပြေမှုများ အပါအ၀င် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်များအရ နိုဝင်ဘာ ၃၀ ရက်က သိရသည်။

ယင်းကဲ့သို့ အဆုံးစီရင်မှုများထဲတွင် အဆိပ်သောက်သေဆုံးမှု ခုနစ်မှုပါဝင်ပြီး ဖြစ်စဉ်များမှာ နိုဝင်ဘာ ၂၅ ရက်တွင် မှော်ဘီမြို့နယ်တွင် အမျိုးသားတစ်ဦး၊ နိုဝင်ဘာ ၂၈ ရက်၊ ၂၁ ရက်၊ ၁၄ ရက်နှင့် ၇ ရက်တို့တွင် တိုက်ကြီးမြို့နယ်၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ နိုဝင်ဘာ ၁၉ ရက်၌ တွံတေးမြို့နယ်၌ ညီအစ်မနှစ်ဦးနှင့် နိုဝင်ဘာ ၈ ရက်တွင် ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များထဲမှ ဖြစ်စဉ်တချို့မှာ အိမ်ထောင်ရေး၊ စီးပွားရေးအဆင်မပြေမှု၊ အရက်ကြောင်ကြောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကဲ့သို့ အဆိပ်သောက်သေဆုံးမှု ဖြစ်များထဲမှ ဖြစ်စဉ်တစ်ခုမှာ နိုဝင်ဘာ ၁၉ ရက် တွံတေးမြို့နယ် ခလုပ်ကျေးရွာအုပ်စု၊ ဂရက်ခရာကျေးရွာ နေ မ......(၁၆)နှစ်နှင့် ၎င်း၏ ၀မ်းကွဲညီအစ်မတော်စပ်သူ မ.......(၁၆)နှစ်တို့မှာ ပိုးသတ်ဆေးသောက်ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။

“သူတို့မိဘတွေက ဆင်းရဲပြီး ကျောင်းမထားနိုင်တာ မဟုတ်ဖူး။ ကျောင်းထားနိုင်ပါတယ်။ ဒါပေမဲ့ ညီအစ်မနှစ်ဦးက နှာခေါင်းသွေးလျှံတာတို့ ခဏခဏဖြစ်တဲ့ ရောဂါရှိတဲ့အတွက် ကျောင်းတက်ပြီး ပညာမသင်နိုင်ဘူး။ အဲဒီကြောင့် စိတ်ခံစားမှုတွေဖြစ်ပြီး နှစ်ဦးဆုံမိတဲ့အခါမှာ ဘ၀ကို အားငယ်စိတ်တွေ ဖြစ်ပြီး အခုလိုလုပ်မိသွားတာလို့ ယူဆရပါတယ်။ သေဆုံးရတဲ့ အခြားအကြောင်းအရင်းတော့ မရှိပါဘူး” ဟု ထန်းတပင်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ထွန်းထွန်းသန်းက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။

ဆက်လက်၍ “အဆုံးစီရင်မှုတွေက ဆင်ခြေဖုံးမြို့နယ်ကရွာတွေမှာ အများဆုံးဖြစ်ပွားနေတယ်။ တချို့က အရက်ကြောင်ကြောင်ပြီး အရက်ရဲ့ကျေးကျွန်ဘ၀ရောက်သွားတော့ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်မရှိတော့ဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်။ ပြီးတော့လူတွေအနေနဲ့လည်း စီးပွားရေးအဆင်မပြေတာတို့၊ အိမ်ထောင်ရေး အဆင်မပြေတာတို့ရှိရင်လည်း ထွက်ပေါက်ရှာတဲ့အနေနဲ့ အဆုံးမစီရင်ဖို့၊ စိတ်အေးအေးထားပြီး ဖြေရှင်းတတ်ဖို့ ပြောချင်ပါတယ်။ အိမ်ထောင်ရေး၊ စီးပွားရေး အဆင်မပြေတိုင်း အဆုံးစီရင်ရင် ကိုယ့်ရဲ့ကျန်ခဲ့တဲ့ မိသားစုတွေက အဆင်ပြေသွားမှာ မဟုတ်သလို ကျန်ခဲ့မယ့်မိသားစုဘ၀ကို ထည့်ပြီးတွေးသင့်တယ်” ဟု ပြောကြားခဲ့သည်။

အလားတူ ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှု ရှစ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်များမှာ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်း မြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင် တစ်မှုစီနှင့် ခရမ်းမြို့နယ်တွင် နှစ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ခြောက်ဦး နှင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုးဆွဲချသေဆုံးမှုများထဲမှ အချို့ဖြစ်စဉ်များမှာ စာမေးပွဲကျမှု၊ မိဘနှင့်စကားများမှု၊ ကျန်းမာရေး မကောင်းမွန်မှု၊ အလုပ်အကိုင် အဆင်မပြေမှု၊ စိတ်ကျန်းမာရေး မကောင်းမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်းလည်း ရဲတာဝန်ရှိသူများ စစ်ဆေးချက်များအရ သိရသည်။

“စိတ်ကျန်းမာရေး မကောင်းတဲ့သူတွေမှာ စိတ်အားငယ်တတ်တဲ့စိတ်တွေ အများအပြား ရှိနေတတ်တဲ့ အတွက် အခုလိုမဖြစ်သင့်တာ မဖြစ်ပွားရအောင် မိသားစုတွေအနေနဲ့ အားပေးစကားတွေပြောဖို့ စနစ်တကျ ဂရုစိုက်စောင့်ရှောက်ဖို့ လိုအပ်တယ်။ ပြီးတော့ တချို့မိဘတွေကလည်း မိမိတို့ရဲ့ သားသမီးတွေကို ပညာရေးအတွက်ရော၊ ဘယ်အကြောင်းအရာကြောင့်ဖြစ်စေ ဆိုဆုံးမတဲ့အခါကျရင် အရမ်းဖိအားပေးတဲ့ ပုံစံနဲ့ မဆုံးမဖို့ အထူးလိုအပ်ပါတယ်။ လူငယ်တွေဟာ များသောအားဖြင့် စိတ်ကို အလိုလိုက်ပြီး ကိုယ်ထင်ရာကို အလွယ်တကူလုပ်တတ်တဲ့အတွက် သူတို့ရဲ့အနာဂတ်တွေ မပျက်စီးစေဖို့ ထိန်းထိန်းသိမ်းသိမ်း၊ အေးအေးဆေးဆေးနဲ့ ပြောဆိုဆုံးမတတ်ဖို့ အထူးလိုအပ်ပါတယ်” ဟု အင်းစိန်မြို့မရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

စာမွေးပွဲကျ၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ် မြို့သစ်(က+ခ) ရပ်ကွက်၊ ခ-၅ လမ်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်စဉ်မှာ မှော်ဘီနည်းပညာ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်သည့် ကို..... (၂၀)နှစ်မှာ နေအိမ်ရှေ့ခန်းထုပ်တန်းတွင် ကြိုးဆွဲချသေဆုံးခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာကုန်အထိ ကျန်းမာရေးအခြေအနေကြောင့် သေကြောင်းကြံစည်မှု ၂၆၁ မှု၊ စီးပွားရေးမပြေလည်မှုကြောင့် သေကြောင်းကြံစည်မှု ၂၂၁ မှု၊ လူမှုရေး ကြောင့် ၆၃ မှုနှင့် အခြားအကြောင်းအရာများကြောင့် ၄၅၄ မှုတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ပြုလုပ်ခဲ့မှုတွင် ကြိုးဆွဲချမှု ၇၇၅ မှု၊ အဆိပ်သောက်မှု ၂၂၇ မှု၊ ရေထဲခုန်ချ ၂၉ မှု၊ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ် ငါးမှု၊ ကိုယ့်ကိုယ်ကိုယ် ဓါးဖြင့်ထိုး ၃၄ မှု၊ ကိုယ့် ကိုယ်ကိုယ် မီးရှို့မှုခုနစ်မှုနှင့် တိုက်အမြင့်မှခုန်ချမှု ၁၄ မှုတို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရှိရသည်။

Eleven Media Group 

No comments:

Post a Comment