Monday 1 December 2014

တိုယိုတာကားစက်ရုံ တည်ဆောက်ရန် အင်ဂျင်နီယာအသင်းနှင့် ဆွေးနွေးနေ

တိုယိုတာကားထုတ် လုပ်ရေးစက်ရုံကိုမြန်မာနိုင်ငံတွင် တည်ဆောက်ရန် အင်ဂျင်နီယာ အသင်းနှင့်စတင် ဆွေးနွေးနေပြီ ဖြစ်ပြီး အစိုးရအဖွဲ့သို့ မကြာမီ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း နာယက ဦးခင်မောင်ကျော်က ပြောသည်။

‘‘သူတို့က မြန်မာပြည်ကိုဝင် ချင်တယ် ပြောတယ်။ လိုအပ်တဲ့ အကြံဉာဏ်တွေပေးပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့စပြီး ဆွေးနွေးနေပါ ပြီ’’ဟု ၎င်းက ပြောသည်။

တိုယိုတာ ကားထုတ်လုပ် ရေးစက်ရုံ မြန်မာနိုင်ငံတွင် လာ ရောက်ဖွင့်လှစ်ရန် နိုဝင်ဘာ ၅ ရက်က အင်ဂျင် နီယာအသင်းနှင့် စတင်ဆွေးနွေးနေပြီး မြန်မာနိုင်ငံက ကော်မတီတစ်ရပ်ဖွဲ့၍ အကြိမ်ကြိမ် ဆွေးနွေးသွား မည်ဖြစ်ကြောင်း  ဦးခင်မောင်ကျော်က ပြောသည်။

တိုယိုတာက ရန်ကုန်မြို့တွင် အရောင်းပြခန်းနှစ်ခု ဖွင့်လှစ်ထားပြီး Aye and Son ကုမ္ပဏီနှင့် မင်္ဂလာမော်တာကုမ္ပဏီတို့က မြန်မာပြည်ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချခွင့် တရားဝင်ရရှိထားသည်။

ကားထုတ်လုပ်ရေး စက်ရုံ များ လာရောက်ဖွင့်လှစ်ရန် မြန်မာနိုင်ငံတွင် ကားတင်သွင်း၊ ထုတ် လုပ်၊ ဖြန့်ချိခြင်းအတွက် တိကျခိုင်မာသည့် အော်တိုမိုဘိုင်းပေါ်လစီကို ၀န်ကြီးဌာနများ အပါအ၀င် သက်ဆိုင်ရာ ပညာရှင်များက စတင်ရေးဆွဲပြုစုနေပြီ ဖြစ်သည်။

အဆိုပါ အော်တိုမိုဘိုင်းပေါ်  လစီကို လွှတ်တော်တွင် အတည် ပြုပြီးမှသာ တိုယိုတာကဲ့သို့ ကား စက်ရုံများ မြန်မာနိုင်ငံတွင် လာ ရောက်တည်ထောင် ဖွင့်လှစ်နိုင် မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံ ဒေသတွင်း နိုင်ငံများနှင့်ယှဉ်ပါက ကားထုတ်လုပ်ရေးတွင် အဆင့်အတန်း လွန်စွာနိမ့်ပါးနေပြီး အိမ်နီးချင်းထိုင်းနိုင်ငံပင် ကမ္ဘာ့အဆင့် ၉ ၌ ရပ်တည်နေသဖြင့် အစိုးရအနေဖြင့် ယင်း လုပ်ငန်းကို ဦးစားပေး လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက တိုက်တွန်းထားသည်။

7Day DAILY 

No comments:

Post a Comment