Monday 1 December 2014

ရှင်ကျန် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီး အကြမ်းဖက်သမားများ အပါအ၀င် လူ ၁၅ ဦးသေဆုံး

Photo: ရှင်ကျန် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီး အကြမ်းဖက်သမားများ အပါအ၀င် လူ ၁၅ ဦးသေဆုံး
Monday, December 1, 2014

ပေကျင်း၊ နိုဝင်ဘာ၃၀။ တရုတ်နိုင်ငံရှိ မွတ်စလင် အများစု နေထိုင်ရာ ရှင်ကျန် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦး သေဆုံး၍ ၁၄ ဦး ဒဏ်ရာရရှိ ခဲ့သည်ဟု နိုင်ငံပိုင် သတင်း အေဂျင်စီက နိုဝင်ဘာ ၂၉ တွင် ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက် အုပ်စု တစ်စုသည် သောကြာနေ့က ရှာချေခရိုင်တွင် အရပ်သားများကို တိုက်ခိုက်ခဲ့ရာ လေးဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရ ခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှု အတွင်း အကြမ်းဖက်သမား ၁၁ ဦး ပစ်သတ် ခံခဲ့ရသည်ဟု နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက ထုတ်လွှင့်ခဲ့ သည်။ ဒေသခံအာဏာပိုင်များ၏ ကြေညာချက်ကို ကိုးကား၍ နိုင်ငံပိုင် သတင်း အေဂျင်စီ ရှင်ဟွာက အတည်ပြု ခဲ့သည်။ နိုဝင်ဘာ ၂၈ ရက်၊ ဒေသ စံတော်ချိန် နေ့လည် တစ်နာရီခွဲခန့်က ဓါးများ ကိုင်ဆောင်ထားသော အမျိုးသားများသည် ပေါက်ကွဲစေသော အရာများဖြင့် ပစ်ပေါက်၍ စီးပွားရေး အချက်အခြာ ကျသည့် လမ်းပေါ်ရှိ လူအုပ်ကို တိုက်ခိုက်ခဲ့သည်ဟု ရှင်ဟွာက ဖော်ပြခဲ့သည်။

တိုက်ခိုက်သူ ၁၁ ဦးကို အဆိုပါ နေရာတွင် ကင်းလှည့် နေသော ရဲတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဗုံးများ၊ ဓါးများနှင့် ပုဆိန်များကို အခင်း ဖြစ်နေရာတွင် သိမ်းဆည်း မိခဲ့သည်။ ဒဏ်ရာရသူ များကို ဆေးရုံသို့ ပို့ခဲ့သည်။ ရှာချေ ခရိုင်သည် ဇူလိုင်လ ကလည်း အစ္စလာမ် ဥပုသ်လ မကုန်မီ အချိန်ကလေးတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သေးသည်။ အသစ် ဖြစ်ပေါ် လာသည့် တိုက်ခိုက်မှု များက ရှန်ကျန်တွင် အခြေအနေ ယိုယွင်း နေသည်ကို ပြသလျက် ရှိသည်။

ပေကျင်း အစိုးရသည် တိုက်ခိုက်မှု များကို ပြင်းထန်စွာ နှိမ်နင်းလျက် ရှိပြီး ဒါဇင်ပေါင်း များစွာကို တရားခွင်တွင် လျင်မြန်စွာ စစ်ဆေးပြီး ကွပ်မျက်ခဲ့သည်။ ရာပေါင်း များစွာ ကိုလည်း ဖမ်းဆီး ခဲ့သည်။  အကျဉ်းကျ နေသည့် ၀ီဂါလူမျိုး ပညာရှင် အီလ်ဟမ်တိုတီ၏ ကျောင်းသား များကို ခွဲထွက်ရေး ၀ါဒ လိုလားမှုဖြင့် တရုတ်တရားရုံး တစ်ခုတွင် လျို့ဝှက် တရားခွင် စစ်ဆေးမှု စတင်ပြီး ငါးရက်အကြာ ယခု တိုက်ခိုက်မှု ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ ရှင်ကျန် ပြည်နယ်တွင် တရုတ်နိုင်ငံ၏ လူများစု ဟန်လူမျိုးများနှင့် တူရကီ စကားပြော မွတ်စလင် ၀ီဂါ လူမျိုးများ အကြား တင်းမာမှုများကြောင့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

ပေကျင်းက ၀ီဂါ စစ်သွေးကြွ များကို အပြစ်တင်ခဲ့ပြီး ၀ီဂါ အချို့ကလည်း ပေကျင်း၏ ဦးဆောင်မှုကို ကျေနပ်မှု မရှိဘဲ ၎င်းတို့ အနေဖြင့် ခွဲခြားဆက်ဆံ ခံရသည့် အပြင် တိုးတက်မှု၏ အသီးအပွင့် များကို မခံစားရဟု ယူဆလျက် ရှိသည်။ ထို့အပြင် ယင်းပြည်နယ်သို့ ဟန်တရုတ် များလည်း စီးဝင်လျက် ရှိသည်။ ပေကျင်း၏ ဖိနှိပ်ရေး ပေါ်လစီသည် ပဋိပက္ခကို ပိုမိုဆိုးဝါး စေသည်ဟု ကျွမ်းကျင်သူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်လျက် ရှိသည်။

Ref: AFP
Mizzima - News in Burmese 

ရှင်းကျန် ပြည်နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲများ
ရှင်းကျန် ပြည်နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲများ 
ပေကျင်း၊ နိုဝင်ဘာ၃၀။ တရုတ်နိုင်ငံရှိ မွတ်စလင် အများစု နေထိုင်ရာ ရှင်ကျန် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦး သေဆုံး၍ ၁၄ ဦး ဒဏ်ရာရရှိ ခဲ့သည်ဟု နိုင်ငံပိုင် သတင်း အေဂျင်စီက နိုဝင်ဘာ ၂၉ တွင် ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက် အုပ်စု တစ်စုသည် သောကြာနေ့က ရှာချေခရိုင်တွင် အရပ်သားများကို တိုက်ခိုက်ခဲ့ရာ လေးဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရ ခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်မှု အတွင်း အကြမ်းဖက်သမား ၁၁ ဦး ပစ်သတ် ခံခဲ့ရသည်ဟု နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက ထုတ်လွှင့်ခဲ့ သည်။ ဒေသခံအာဏာပိုင်များ၏ ကြေညာချက်ကို ကိုးကား၍ နိုင်ငံပိုင် သတင်း အေဂျင်စီ ရှင်ဟွာက အတည်ပြု ခဲ့သည်။ နိုဝင်ဘာ ၂၈ ရက်၊ ဒေသ စံတော်ချိန် နေ့လည် တစ်နာရီခွဲခန့်က ဓါးများ ကိုင်ဆောင်ထားသော အမျိုးသားများသည် ပေါက်ကွဲစေသော အရာများဖြင့် ပစ်ပေါက်၍ စီးပွားရေး အချက်အခြာ ကျသည့် လမ်းပေါ်ရှိ လူအုပ်ကို တိုက်ခိုက်ခဲ့သည်ဟု ရှင်ဟွာက ဖော်ပြခဲ့သည်။

တိုက်ခိုက်သူ ၁၁ ဦးကို အဆိုပါ နေရာတွင် ကင်းလှည့် နေသော ရဲတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဗုံးများ၊ ဓါးများနှင့် ပုဆိန်များကို အခင်း ဖြစ်နေရာတွင် သိမ်းဆည်း မိခဲ့သည်။ ဒဏ်ရာရသူ များကို ဆေးရုံသို့ ပို့ခဲ့သည်။ ရှာချေ ခရိုင်သည် ဇူလိုင်လ ကလည်း အစ္စလာမ် ဥပုသ်လ မကုန်မီ အချိန်ကလေးတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သေးသည်။ အသစ် ဖြစ်ပေါ် လာသည့် တိုက်ခိုက်မှု များက ရှန်ကျန်တွင် အခြေအနေ ယိုယွင်း နေသည်ကို ပြသလျက် ရှိသည်။

ပေကျင်း အစိုးရသည် တိုက်ခိုက်မှု များကို ပြင်းထန်စွာ နှိမ်နင်းလျက် ရှိပြီး ဒါဇင်ပေါင်း များစွာကို တရားခွင်တွင် လျင်မြန်စွာ စစ်ဆေးပြီး ကွပ်မျက်ခဲ့သည်။ ရာပေါင်း များစွာ ကိုလည်း ဖမ်းဆီး ခဲ့သည်။  အကျဉ်းကျ နေသည့် ၀ီဂါလူမျိုး ပညာရှင် အီလ်ဟမ်တိုတီ၏ ကျောင်းသား များကို ခွဲထွက်ရေး ၀ါဒ လိုလားမှုဖြင့် တရုတ်တရားရုံး တစ်ခုတွင် လျို့ဝှက် တရားခွင် စစ်ဆေးမှု စတင်ပြီး ငါးရက်အကြာ ယခု တိုက်ခိုက်မှု ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ ရှင်ကျန် ပြည်နယ်တွင် တရုတ်နိုင်ငံ၏ လူများစု ဟန်လူမျိုးများနှင့် တူရကီ စကားပြော မွတ်စလင် ၀ီဂါ လူမျိုးများ အကြား တင်းမာမှုများကြောင့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

ပေကျင်းက ၀ီဂါ စစ်သွေးကြွ များကို အပြစ်တင်ခဲ့ပြီး ၀ီဂါ အချို့ကလည်း ပေကျင်း၏ ဦးဆောင်မှုကို ကျေနပ်မှု မရှိဘဲ ၎င်းတို့ အနေဖြင့် ခွဲခြားဆက်ဆံ ခံရသည့် အပြင် တိုးတက်မှု၏ အသီးအပွင့် များကို မခံစားရဟု ယူဆလျက် ရှိသည်။ ထို့အပြင် ယင်းပြည်နယ်သို့ ဟန်တရုတ် များလည်း စီးဝင်လျက် ရှိသည်။ ပေကျင်း၏ ဖိနှိပ်ရေး ပေါ်လစီသည် ပဋိပက္ခကို ပိုမိုဆိုးဝါး စေသည်ဟု ကျွမ်းကျင်သူများနှင့် လူ့အခွင့် အရေး လှုပ်ရှားသူများက ဝေဖန်လျက် ရှိသည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment