Monday 1 December 2014

အီးယူ၏ ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပေးရန် ရုရှားတိုက်တွန်း၊ သို့သော် ရုရှား၏ အပြုအမူကို အီးယူမယုံကြည်

Photo: အီးယူ၏ ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပေးရန် ရုရှားတိုက်တွန်း၊ သို့သော် ရုရှား၏ အပြုအမူကို အီးယူမယုံကြည်
Monday, December 1, 2014

ဥရောပသမဂ္ဂ (အီးယူ) က ရုရှားနိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန် အီးယူကို မော်စကိုအစိုးရက တိုက်တွန်း ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားအစိုးရက အီးယူ၏ ဒဏ်ခတ်အရေးယူမှုများကို ဖယ်ရှားပေးရန် တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပြီး အီးယူနိုင်ငံများမှ တင်သွင်းသော အစားအသောက်များ ပိတ်ပင်ထားမှုကိုလည်း ပြန်လည်ဖယ်ရှားပေးမည်ဟု ကတိပြု ပြောဆိုခဲ့သည်။

သို့သော် ရုရှား၏ တိုက်တွန်းပြောဆိုမှုကို အီးယူက ပယ်ချခဲ့ကြောင်း၊ အီးယူသည် ရုရှား၏ ကျောထောက်နောက်ခံ ပေးမှု ရယူထားသော ယူကရိန်း လက်နက်ကိုင် သူပုန်များကို ဒဏ်ခတ် အရေးယူမှုသစ်များ ထပ်မံချမှတ်ထားပြီ ဖြစ်ကြောင်း အီးယူ ထိပ်တန်းအရာရှိကြီး တစ်ဦးက ပြောကြားသည်။

“အီးယူ မိတ်ဆွေတွေဆီက ကျွန်တော်တို့ ဘာမှမမျှော်လင့်ပါဘူး။ ကျွန်တော်တို့ မျှော်လင့်တာ တစ်ခုက ယုတ္တိမရှိတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ဖယ်ရှားပေးပြီး နာမည်ပျက်စာရင်း ကိစ္စတွေကို ပယ်ဖျက်ပေးဖို့ပါပဲ” ဟု ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီး အလက်ဇီမက်ရှကော့ဗ်က ပြောကြားကြောင်း Interfax သတင်းဌာနက ရေးသားဖော်ပြသည်။

“ကျွန်တော်တို့ဘက်ကလည်း ပိတ်ဆို့ထားတဲ့ စာရင်းတွေကို ပြန်လည်ပယ်ဖျက်ပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့က ယူကရိန်း အရှေ့ဘက်ဒေသ (ရုရှားလိုလားသူများ နေထိုင်ရာ) တွင် ပြုလုပ်ခဲ့သော တစ်ဖက်သတ် ရွေးကောက်ပွဲကို စီစဉ်ခဲ့သော ခေါင်းဆောင်များအား အီးယူက ဒဏ်ခတ် အရေးယူမှုသစ်များ ချမှတ်လိုက်ပြီးနောက် ရုရှားအစိုးရက အထက်ပါအတိုင်း အပြုသဘောဆောင်သည့် ကမ်းလှမ်းချက်များ ပြုလုပ်လာခြင်း ဖြစ်သည်။

မကြာသေးခင်က ဥရောပကော်မရှင် ဥက္ကဋ္ဌရာထူး ရယူလိုက်သော ဂျန်းကလောက်ဂျကာက ယူကရိန်း၊ ကရိုင်းမီးယား ဒေသကို ရုရှားက သိမ်းပိုက်လိုက်မှုကြောင့် အီးယူအတွက် ရွေးချယ်စရာ နှစ်လမ်းသာ ရှိတော့ကြောင်း၊ တစ်လမ်းမှာ ရုရှားနှင့် စစ်မက်ဖြစ်ပွားရန် ဖြစ်ပြီး ကျန်တစ်လမ်းမှာ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရေးပင် ဖြစ်ကြောင်း ပြောကြားသည်။

“တကယ်လို့ စစ်မဖြစ်ချင်ဘူးဆိုရင် ဒဏ်ခတ်အရေးယူမှုပဲ လုပ်စရာ ရှိတော့တယ်။ အကျိုးသက်ရောက်မှု ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ပဲ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ရုရှားအစိုးရသည် ဒေသတွင်း ငြိမ်းချမ်းရေးကို ဦးတည်ပြီး ယခုကဲ့သို့ အပြုသဘောဆောင်စွာ ပြောဆိုလာခြင်း ဖြစ်သည်ဟု မမြင်မိကြောင်း၊ ဒဏ်ခတ်အရေးယူမှုများကို ကြာသည်ထက် ကြာအောင် ထိန်းသိမ်းသွားကြ ရမည်သာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

The Voice Weekly
ဥရောပသမဂ္ဂ (အီးယူ) က ရုရှားနိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှု များကို ဖယ်ရှားပေးရန် အီးယူကို မော်စကိုအစိုးရက တိုက်တွန်း ပြောဆိုလိုက်ကြောင်း Reuters သတင်း ဌာနက ရေးသားဖော်ပြသည်။

ရုရှားအစိုးရက အီးယူ၏ ဒဏ်ခတ်အရေးယူမှုများကို ဖယ်ရှားပေးရန် တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပြီး အီးယူနိုင်ငံများမှ တင်သွင်းသော အစားအသောက်များ ပိတ်ပင်ထားမှုကိုလည်း ပြန်လည်ဖယ်ရှား ပေးမည်ဟု ကတိပြု ပြောဆိုခဲ့သည်။

သို့သော် ရုရှား၏ တိုက်တွန်းပြောဆိုမှုကို အီးယူက ပယ်ချခဲ့ကြောင်း၊ အီးယူသည် ရုရှား၏ ကျောထောက် နောက်ခံ ပေးမှု ရယူထားသော ယူကရိန်း လက်နက်ကိုင် သူပုန်များကို ဒဏ်ခတ် အရေးယူမှုသစ်များ ထပ်မံချမှတ်ထားပြီ ဖြစ်ကြောင်း အီးယူ ထိပ်တန်းအရာရှိကြီး တစ်ဦးက ပြောကြားသည်။

“အီးယူ မိတ်ဆွေတွေဆီက ကျွန်တော်တို့ ဘာမှမမျှော်လင့်ပါဘူး။ ကျွန်တော်တို့ မျှော်လင့်တာ တစ်ခုက ယုတ္တိမရှိတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ဖယ်ရှားပေးပြီး နာမည်ပျက်စာရင်း ကိစ္စတွေကို ပယ်ဖျက်ပေးဖို့ပါပဲ” ဟု ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီး အလက်ဇီမက်ရှကော့ဗ်က ပြောကြားကြောင်း Interfax သတင်းဌာနက ရေးသားဖော်ပြသည်။

“ကျွန်တော်တို့ဘက်ကလည်း ပိတ်ဆို့ထားတဲ့ စာရင်းတွေကို ပြန်လည်ပယ်ဖျက်ပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့က ယူကရိန်း အရှေ့ဘက်ဒေသ (ရုရှားလိုလားသူများ နေထိုင်ရာ) တွင် ပြုလုပ်ခဲ့သော တစ်ဖက်သတ် ရွေးကောက်ပွဲကို စီစဉ်ခဲ့သော ခေါင်းဆောင်များအား အီးယူက ဒဏ်ခတ် အရေးယူမှုသစ်များ ချမှတ်လိုက်ပြီးနောက် ရုရှားအစိုးရက အထက်ပါအတိုင်း အပြုသဘောဆောင်သည့် ကမ်းလှမ်းချက်များ ပြုလုပ်လာခြင်း ဖြစ်သည်။

မကြာသေးခင်က ဥရောပကော်မရှင် ဥက္ကဋ္ဌရာထူး ရယူလိုက်သော ဂျန်းကလောက်ဂျကာက ယူကရိန်း၊ ကရိုင်းမီးယား ဒေသကို ရုရှားက သိမ်းပိုက်လိုက်မှုကြောင့် အီးယူအတွက် ရွေးချယ်စရာ နှစ်လမ်းသာ ရှိတော့ကြောင်း၊ တစ်လမ်းမှာ ရုရှားနှင့် စစ်မက်ဖြစ်ပွားရန် ဖြစ်ပြီး ကျန်တစ်လမ်းမှာ ရုရှားအပေါ် ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ရေးပင် ဖြစ်ကြောင်း ပြောကြားသည်။

“တကယ်လို့ စစ်မဖြစ်ချင်ဘူးဆိုရင် ဒဏ်ခတ်အရေးယူမှုပဲ လုပ်စရာ ရှိတော့တယ်။ အကျိုးသက်ရောက်မှု ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ပဲ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ရုရှားအစိုးရသည် ဒေသတွင်း ငြိမ်းချမ်းရေးကို ဦးတည်ပြီး ယခုကဲ့သို့ အပြုသဘောဆောင်စွာ ပြောဆိုလာခြင်း ဖြစ်သည်ဟု မမြင်မိကြောင်း၊ ဒဏ်ခတ်အရေးယူမှုများကို ကြာသည်ထက် ကြာအောင် ထိန်းသိမ်းသွားကြ ရမည်သာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment