Monday 1 December 2014

ဆီးရီးယားနိုင်ငံ ကိုဘန်နီ မြို့တွင် တိုက်ပွဲ အရှိန်မြင့်လာ

Photo: ဆီးရီးယားနိုင်ငံ ကိုဘန်နီ မြို့တွင် တိုက်ပွဲ အရှိန်မြင့်လာ
Monday, December 1, 2014

ကိုဘန်နီ၊ နိုဝင်ဘာ ၃၀။ ဆီးရီးယား နယ်စပ်မြို့ဖြစ်သည့် ကိုဘန်နီ မြို့တွင် အစ္စလာမ်မစ် ပြည်ထောင်စု အဖွဲ့  (IS ) နှင့် ကာ့ဒ်တပ်ဖွဲ့များ အကြား တိုက်ပွဲများ ပိုမိုပြင်းထန် လာနေသည်။ ထိုမြို့တွင် စက်တင်ဘာလ ကတည်းက စ၍ IS အဖွဲ့အား ကာ့ဒ်တပ်ဖွဲ့ များက ခုခံ တိုက်ခိုက် နေကြခြင်း ဖြစ်သည်။

IS စစ်သွေးကြွ များသည် ကာ့ဒ်စခန်း များအား အသေခံ ဗုံးခွဲ တိုက်ခိုက်မှု အနည်းဆုံး လေးကြိမ် ပြုလုပ်ခဲ့ကြကြောင်း နှင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံး ခဲ့ရကြောင်း သတင်းများက ဆိုကြသည်။

တိုက်ခိုက်မှုများ အနက် ပထမဆုံးအကြိမ် တိုက်ခိုက်မှုကို တူရကီ နယ်ခြားအနီးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုမှာ ထိုဒေသ အတွင်း ပထမဆုံး တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်းလည်း ယူဆရသည်။ ကိုဘန်နီမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လူရာပေါင်းများ စွာ သေဆုံး ခဲ့ရပြီ ဖြစ်ကာ လူပေါင်း နှစ်သိန်း ကျော်မှာ တူရကီ နိုင်ငံထဲသို့ ထွက်ပြေး ခဲ့ကြရသည်။

အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့ ကလည်း IS အဖွဲ့အပေါ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်း အားဖြင့်၊ ကိုဘန်နီမြို့တွင် ခုခံတိုက်ခိုက် နေကြသော ကာ့ဒ်တပ်ဖွဲ့ များကို ကူညီလျက် ရှိသည်။ ကိုဘန်နီ ရှိ ခုခံနေကြသော ကာ့ဒ်များအား ကူညီသည့် အနေဖြင့် တူရကီ နိုင်ငံသည် အီရတ်မှ ကာ့ဒ်တိုက်ခိုက်ရေး သမား အချို့ ထိုမြို့သို့ သွားရောက် နိုင်ရေး အတွက် တူရကီ နယ်မြေကို ဖြတ်သန်း ခွင့် ပြုခဲ့သည်။

သို့သော် တူရကီတွင် ကာ့ဒ်များက ကာ့ဒ်လူနည်းစုများ အတွက် ပိုမိုကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုသည့် တိုက်ပွဲ ဆယ်စုနှစ် တစ်ခုခန့် ဖြစ်ပွါးခဲ့ရာ တူရကီနိုင်ငံသည် ကာ့ဒ်တပ်ဖွဲ့များ အပေါ် သံသယဖြင့် ရှုမြင်နေဆဲ ဖြစ်သည်။ ဆီးရီးယား နှင့် အီရတ် ရှိ နယ်မြေ အများ အပြားအား IS အဖွဲ့က ထိန်းချုပ်ထားလျက် ရှိသည်။

စနေနေ့ အရုဏ်တက်ချိန်တွင် တူရကီ နယ်စပ်အနီးရှိ ကာ့ဒ်စခန်း တစ်ခုအား ပစ်မှတ်ထား၍ IS အဖွဲ့က ထိုနေ့၏ ပထမဆုံး မော်တော်ယာဉ် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အသေခံ ဗုံးခွဲ တိုက်ခိုက်သူသည် တူရကီ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း ကာ့ဒ် သတင်းရင်းမြစ် များက ဆိုခဲ့ကြ သော်လည်း၊ ထိုစွပ်စွဲချက်မှာ “လိမ်ညာမှုများ” ဖြစ်ကြောင်း တူရကီ အာဏာပိုင် များက ဆိုခဲ့သည်။

BBC

တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ကိုဘန်နီမြို့
တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ကိုဘန်နီမြို့ 
ကိုဘန်နီ၊ နိုဝင်ဘာ ၃၀။ ဆီးရီးယား နယ်စပ်မြို့ဖြစ်သည့် ကိုဘန်နီ မြို့တွင် အစ္စလာမ်မစ် ပြည်ထောင်စု အဖွဲ့  (IS ) နှင့် ကာ့ဒ်တပ်ဖွဲ့များ အကြား တိုက်ပွဲများ ပိုမိုပြင်းထန် လာနေသည်။ ထိုမြို့တွင် စက်တင်ဘာလ ကတည်းက စ၍ IS အဖွဲ့အား ကာ့ဒ်တပ်ဖွဲ့ များက ခုခံ တိုက်ခိုက် နေကြခြင်း ဖြစ်သည်။

IS စစ်သွေးကြွများသည် ကာ့ဒ်စခန်းများအား အသေခံဗုံးခွဲတိုက်ခိုက်မှု အနည်းဆုံးလေးကြိမ် ပြုလုပ်ခဲ့ကြ ကြောင်း နှင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံး ခဲ့ရကြောင်း သတင်းများက ဆိုကြသည်။

တိုက်ခိုက်မှုများ အနက် ပထမဆုံးအကြိမ် တိုက်ခိုက်မှုကို တူရကီ နယ်ခြားအနီးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုမှာ ထိုဒေသ အတွင်း ပထမဆုံး တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်းလည်း ယူဆရသည်။ ကိုဘန်နီမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လူရာပေါင်းများ စွာ သေဆုံး ခဲ့ရပြီ ဖြစ်ကာ လူပေါင်း နှစ်သိန်း ကျော်မှာ တူရကီ နိုင်ငံထဲသို့ ထွက်ပြေး ခဲ့ကြရသည်။

အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့ ကလည်း IS အဖွဲ့အပေါ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်း အားဖြင့်၊ ကိုဘန်နီမြို့တွင် ခုခံတိုက်ခိုက် နေကြသော ကာ့ဒ်တပ်ဖွဲ့ များကို ကူညီလျက် ရှိသည်။ ကိုဘန်နီ ရှိ ခုခံနေကြသော ကာ့ဒ်များအား ကူညီသည့် အနေဖြင့် တူရကီ နိုင်ငံသည် အီရတ်မှ ကာ့ဒ်တိုက်ခိုက်ရေး သမား အချို့ ထိုမြို့သို့ သွားရောက် နိုင်ရေး အတွက် တူရကီ နယ်မြေကို ဖြတ်သန်း ခွင့် ပြုခဲ့သည်။

သို့သော် တူရကီတွင် ကာ့ဒ်များက ကာ့ဒ်လူနည်းစုများ အတွက် ပိုမိုကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုသည့် တိုက်ပွဲ ဆယ်စုနှစ် တစ်ခုခန့် ဖြစ်ပွါးခဲ့ရာ တူရကီနိုင်ငံသည် ကာ့ဒ်တပ်ဖွဲ့များ အပေါ် သံသယဖြင့် ရှုမြင်နေဆဲ ဖြစ်သည်။ ဆီးရီးယား နှင့် အီရတ် ရှိ နယ်မြေ အများ အပြားအား IS အဖွဲ့က ထိန်းချုပ်ထားလျက် ရှိသည်။

စနေနေ့ အရုဏ်တက်ချိန်တွင် တူရကီ နယ်စပ်အနီးရှိ ကာ့ဒ်စခန်း တစ်ခုအား ပစ်မှတ်ထား၍ IS အဖွဲ့က ထိုနေ့၏ ပထမဆုံး မော်တော်ယာဉ် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အသေခံ ဗုံးခွဲ တိုက်ခိုက်သူသည် တူရကီ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း ကာ့ဒ် သတင်းရင်းမြစ် များက ဆိုခဲ့ကြ သော်လည်း၊ ထိုစွပ်စွဲချက်မှာ “လိမ်ညာမှုများ” ဖြစ်ကြောင်း တူရကီ အာဏာပိုင် များက ဆိုခဲ့သည်။

BBC

No comments:

Post a Comment