Monday 1 December 2014

ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်၊ JICA တို့နှင့် ဆွေးနွေးနေ

Photo: ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်၊ JICA တို့နှင့် ဆွေးနွေးနေ
Monday, December 1, 2014

ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေး အကူအညီများပေးရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့နှင့် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

စနစ်ကျနမှုမရှိသေးဘဲ အားနည်းချက်များစွာ ရှိနေသေးသည့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအား အဆင့်မြှင့်ရန် လွန်ခဲ့သည့်တစ်ပတ်ခန့်က အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ JICA အဖွဲ့တို့မှ ကိုယ်စားလှယ်များ လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆွေးနွေးတဲ့အခါမှာ ADB၊ JICA တို့ ကိုယ်စားလှယ်တွေပါတယ်။ ဒီဘက်က ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေလည်း ပါပါတယ်။ လက်ရှိကတော့ ဖြစ်နိုင်ခြေရှိတာတွေကို ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်။ အဓိကကတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်ဖို့ပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ရည်မှန်းထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားများ၏ ၈၅ ရာခိုင်နှုန်းမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးဖြစ်သည့် ဘတ်စ်ကားကို အဓိကစီးနင်းနေကြခြင်းဖြစ်ကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် ခေတ်မီမှုမရှိတော့သည့် ယာဉ်တိုက်မှုအချို့လည်း မကြာခဏဖြစ်ပွားသည့် ဘီအမ်၊ ဒိုင်နာစသော ယာဉ်များကို အသုံးပြုနေရသေးကြောင်း သိရသည်။

အဆိုပါနေရာများတွင် အဆင့်မြင့် သယ်ယူပို့ဆောင်ရေးစခန်းများ အစားထိုးရန် ဘဏ္ဍာငွေများစွာလို အပ်နေပြီး (ADB)၊ JICA စသည်တို့၏ ငွေကြေးအင်အားများဖြင့် ပြုလုပ်မည်ဆိုပါက အပြောင်းအလဲများ ရှိလာမည်ဟု သိရသည်။

“အဓိကကတော့ ဘဏ္ဍာငွေကြေးပါပဲ။ ငွေကြေးတောင့်တင်းရင်တော့ ပြောင်းလဲရတာလွယ်ကူမှာပါ” ဟု ဦးအောင်ခင်က ဆိုသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများ အချိန်များစွာ ကုန်ဆုံးနေရ၍ အမြန်ဘတ်စ်ကားလိုင်းစနစ်ကို အကောင်အထည်ဖော်မည်ဖြစ်ရာ မကြာမီ စတင်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါစနစ်ကို ဝေဇယန္တာလမ်းပေါ်တွင် ဦးစွာစတင် ပြေးဆွဲသွားမည်ဖြစ်ပြီး လက်ရှိတွင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဦးအောင်ခင်က ဆက်လက်ပြောကြားသည်။

ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးနည်းတူ ရထားစနစ်သယ်ယူပို့ဆောင်ရေးအတွက်လည်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအနေဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများကို ရှောင်ကွင်းနိုင်မည့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင်တင်ရန် ဂျပန်နိုင်ငံမှ ကူညီမည်ဟု သိရသည်။

Eleven Media Group 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေး အကူအညီများ ပေးရန် အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့နှင့် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင် က ပြောကြားသည်။

စနစ်ကျနမှုမရှိသေးဘဲ အားနည်းချက်များစွာ ရှိနေသေးသည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးကဏ္ဍအား အဆင့်မြှင့်ရန် လွန်ခဲ့သည့်တစ်ပတ်ခန့်က အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ JICA အဖွဲ့တို့မှ ကိုယ်စားလှယ်များ လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆွေးနွေးတဲ့အခါမှာ ADB၊ JICA တို့ ကိုယ်စားလှယ်တွေပါတယ်။ ဒီဘက်က ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာန တွေလည်း ပါပါတယ်။ လက်ရှိကတော့ ဖြစ်နိုင်ခြေရှိတာတွေကို ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်။ အဓိကကတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်ဖို့ပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ရည်မှန်းထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားများ၏ ၈၅ ရာခိုင်နှုန်းမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဖြစ်သည့် ဘတ်စ်ကားကို အဓိကစီးနင်းနေကြခြင်းဖြစ်ကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် ခေတ်မီမှု မရှိတော့သည့် ယာဉ်တိုက်မှုအချို့လည်း မကြာခဏဖြစ်ပွားသည့် ဘီအမ်၊ ဒိုင်နာစသော ယာဉ် များကို အသုံးပြုနေရသေးကြောင်း သိရသည်။

အဆိုပါနေရာများတွင် အဆင့်မြင့် သယ်ယူပို့ဆောင်ရေးစခန်းများ အစားထိုးရန် ဘဏ္ဍာငွေများစွာလို အပ်နေပြီး (ADB)၊ JICA စသည်တို့၏ ငွေကြေးအင်အားများဖြင့် ပြုလုပ်မည်ဆိုပါက အပြောင်းအလဲများ ရှိလာမည်ဟု သိရသည်။

“အဓိကကတော့ ဘဏ္ဍာငွေကြေးပါပဲ။ ငွေကြေးတောင့်တင်းရင်တော့ ပြောင်းလဲရတာလွယ်ကူမှာပါ” ဟု ဦးအောင်ခင်က ဆိုသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသွားပြည်သူများ အချိန်များစွာ ကုန်ဆုံးနေရ၍ အမြန်ဘတ်စ်ကားလိုင်းစနစ်ကို အကောင်အထည်ဖော်မည်ဖြစ်ရာ မကြာမီ စတင်ပြေးဆွဲနိုင်တော့ မည်ဖြစ်ကြောင်း၊ အဆိုပါစနစ်ကို ဝေဇယန္တာလမ်းပေါ်တွင် ဦးစွာစတင် ပြေးဆွဲသွားမည်ဖြစ်ပြီး လက်ရှိတွင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဦးအောင်ခင်က ဆက်လက်ပြောကြားသည်။

ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးနည်းတူ ရထားစနစ်သယ်ယူပို့ဆောင်ရေးအတွက်လည်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနအနေဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများကို ရှောင်ကွင်းနိုင်မည့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင်တင်ရန် ဂျပန်နိုင်ငံမှ ကူညီမည်ဟု သိရသည်။

Eleven Media Group 

No comments:

Post a Comment