Monday 1 December 2014

ခရီးသည်တင် ဘတ်စ်ကားများအတွက် မြို့တွင်း၌ သီးသန့်ယာဉ်ကြော သတ်မှတ်

Photo: ခရီးသည်တင် ဘတ်စ်ကားများအတွက် မြို့တွင်း၌ သီးသန့်ယာဉ်ကြော သတ်မှတ်
Monday, December 1, 2014

ရန်ကုန်မြို့တွင်း ခရီးသည်တင် ဘတ်စ်ကားများသီးသန့်ပြေးဆွဲရန် လမ်း လယ်တွင် ကွန်ကရစ်တုံးများချကာ ယာဉ်ကြောသတ်မှတ်ပေးနေသည်ကို နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြိုလယ်၌ တွေ့ရစဉ်။ ဘတ်စ်ကား သီးသန့်ယာဉ် ကြောစမ်းသပ်သတ်မှတ်မှုအောင်မြင်ပါက BRT စနစ်ဖြင့်ပြေးဆွဲမည့် ဘတ်စ်ကား များကို အဆိုပါလမ်းကြောင်း၌ ပြေးဆွဲရန် စီစဉ်နေသည်
 မြို့တွင်းခရီးသည်တင် ဘတ်စ်ကားများ သီးသန့်ပြေးဆွဲ နိုင်ရန် ကွန်ကရစ်တုံးများ ကာရံမှု ကို မြို့တွင်း ခြောက်မြို့နယ်တွင် စတင် လုပ်ဆောင်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်း ရရှိသည်။

ကွန်ကရစ်တုံးများ စတင် ကာရံမှုကို နိုဝင်ဘာ ၂၉ ရက်က စ၍ မဟာဗန္ဓုလလမ်းမ၊ ဗိုလ်ချုပ် လမ်းမနှင့် အနော်ရထာလမ်းမ ကြီးတို့တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါကွန်ကရစ်တုံးများ မကာရံမီက မျဉ်းဝါများဆွဲခြင်းကို နိုဝင်ဘာ နောက်ဆုံးပတ်က စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကွန်ကရစ်တုံးများကို လမ်း ၏ ညာဘက်မျဉ်းဝါတစ်လျှောက် ဘတ်စ်ကား မှတ်တိုင်များရှိရာ ဘက်တွင် ချထားပေးခြင်းဖြစ်၍ယခုကာလမှာ စမ်းသပ်ကာလ ဖြစ်ပြီး အချိန်ကာလကိုမူ အ တည်ပြု ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။

လက်ရှိတွင် အဆိုပါကွန်ကရစ်တုံးများ ကာရံထားသည့် လမ်း ကြောင်းတွင် ခရီးသည်တင်ဘတ်စ်ကားများကို ပြေးဆွဲခွင့်ပေးမည် ဖြစ်ပြီး နောက်ပိုင်းတွင် BRT စနစ် ဖြင့် ပြေးဆွဲမည့် ဘတ်စ်ကားများ ကိုပါ ယင်းလမ်းကြောင်းတွင် ပြေး ဆွဲရန် စီစဉ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင်က ပြောသည်။

ကွန်ကရစ်တုံးများ ကာရံ ထားသောကြောင့် ယာဉ်စက်ချို့ ယွင်းလျှင် ဖြစ်လာနိုင်သော အ ခက်အခဲများကို ဖြေရှင်းရန် လမ်းနံဘေးတွင် ကားပါကင်အချို့ကို ဖျက်သိမ်း၍ ချို့ယွင်းသွားသောကားထားနိုင်သည့် နေရာများကိုလည်း စီစဉ်သွားမည်ဖြစ်သည်။

ယင်းဘတ်စ်ကား သီးသန့် ယာဉ်ကြော အတွင်းသို့ အခြား ယာဉ်များ ၀င်ရောက်မောင်းနှင်ပါ က စည်ပင်သာယာဥပဒေဖြင့် အ ရေးယူမည်ဖြစ်ပြီး အနိမ့်ဆုံးဒဏ်ငွေ ကျပ်တစ်သောင်းမှ ကျပ်သုံးသိန်းထိ ချမှတ်နိုင်သည့်အပြင် ထောင်ဒဏ် သုံးလအထိပါ ချမှတ်နိုင်ကြောင်း သိရသည်။

သို့သော် ယခုစနစ်အပေါ် ဘတ်စ်ကားယာဉ်မောင်းများက ကြိုက်နှစ်သက်မှု နည်းပါးနေပြီး တန်းစီ၍ မောင်းရမည့် စနစ်ဖြစ် သောကြောင့် နှောင့်နှေးနိုင်ကြောင်း ယာဉ်မောင်းအချို့က ပြောသည်။

စည်းကမ်းဖောက်ဖျက်သည့် ကားများထဲတွင် ဘတ်စ်ကားများက အများဆုံးဖြစ်ပြီး ကွန်ကရစ်တုံးများ မချသင့်ဘဲ ယာဉ် ထိန်းကသာ အ၀ါစည်းကို ကျော် ၍ မောင်းနှင်ပါက ဖမ်းဆီးခြင်းပြု လုပ်သင့်ကြောင်း ယခုကဲ့သို့ ပြု လုပ်ခြင်းသည် အိမ်စီးကားများအ တွက် လမ်းကြောကျဉ်းသွားပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နိုင် ကြောင်း ကမာရွတ်မြို့နယ်မှ အငှားယာဉ်မောင်းဦးတင် ကိုကိုလေးက ပြောသည်။

‘‘ဘတ်စ်ကားတွေ သွားဖို့ သီး သန့်လမ်းကြောင်းတစ်ခုဖြစ်လာ တာ ကျွန်တော်တို့ယာဉ်လိုင်းပိုင် ရှင်တွေအနေနဲ့တော့ ကြိုဆိုပါ တယ်။ အထိုက်အလျောက်ကာ လအတွင်းမှာတော့ အဆင်မပြေ တာတွေရှိနိုင်တယ်’’ဟု ၄၈ အထူး ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေး က ပြောသည်။

လက်ရှိတွင် အဆိုပါကွန်က ရစ်တုံးများ စတင်ကာရံထားသည့်လမ်းကြောင်း၌ ယာဉ်နောက် လိုက်မပါဘဲ ပြေးဆွဲမည့် BRT စနစ်ကို လမ်းအူကြောင်းများ ရွေး ချယ်ပြီးပါက စမ်းသပ်ကာလအ ဖြစ် ကိုရီးယားကားများဖြင့် ပြေး ဆွဲသွားမည်ဖြစ်ပြီး ယာဉ်လမ်း ကြောင်းအတည်ပြုပြီးပါက မာစီ ဒီး (သို့မဟုတ်) Scania ကားကြီးများဖြင့် ပြေးဆွဲသွားမည်ဟု BRT စနစ်ကို လုပ်ကိုင်ခွင့်ရရှိထားသည့်ဘက်စုံမြင်ကွင်းကုမ္ပဏီက ထုတ် ပြန်ထားသည်။

အဆိုပါ BRT စနစ် လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဘက်စုံမြင်ကွင်း ကုမ္ပဏီအား ခွင့်ပြုလိုက်ပြီဖြစ်ကာ ထပ်မံပြီး ပူးပေါင်းလုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံသူများကို ခေါ်ယူထား သော်လည်း လာရောက်ဆွေးနွေး မှုမရှိသေးကြောင်း သိရသည်။

7Day DAILY
ရန်ကုန်မြို့တွင်း ခရီးသည်တင် ဘတ်စ်ကားများသီးသန့်ပြေးဆွဲရန် လမ်း လယ်တွင် ကွန်ကရစ်တုံးများချကာ ယာဉ်ကြောသတ်မှတ်ပေးနေသည်ကို နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြိုလယ်၌ တွေ့ရစဉ်။ ဘတ်စ်ကား သီးသန့်ယာဉ် ကြောစမ်းသပ်သတ်မှတ်မှုအောင်မြင်ပါက BRT စနစ်ဖြင့်ပြေးဆွဲမည့် ဘတ်စ်ကား များကို အဆိုပါလမ်းကြောင်း၌ ပြေးဆွဲရန် စီစဉ်နေသည်  မြို့တွင်းခရီးသည်တင် ဘတ်စ်ကားများ သီးသန့်ပြေးဆွဲ နိုင်ရန် ကွန်ကရစ်တုံးများ ကာရံမှု ကို မြို့တွင်း ခြောက်မြို့နယ်တွင် စတင် လုပ်ဆောင်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်း ရရှိသည်။

ကွန်ကရစ်တုံးများ စတင် ကာရံမှုကို နိုဝင်ဘာ ၂၉ ရက်က စ၍ မဟာဗန္ဓုလလမ်းမ၊ ဗိုလ်ချုပ် လမ်းမနှင့် အနော်ရထာလမ်းမ ကြီးတို့တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါကွန်ကရစ်တုံးများ မကာရံမီက မျဉ်းဝါများဆွဲခြင်းကို နိုဝင်ဘာ နောက်ဆုံးပတ်က စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကွန်ကရစ်တုံးများကို လမ်း၏ ညာဘက်မျဉ်းဝါတစ်လျှောက် ဘတ်စ်ကား မှတ်တိုင်များရှိရာ ဘက်တွင် ချထားပေးခြင်းဖြစ်၍ယခုကာလမှာ စမ်းသပ်ကာလ ဖြစ်ပြီး အချိန်ကာလကိုမူ အ တည်ပြု ထုတ်ပြန်ပြော ကြား ခြင်း မရှိသေးပေ။

လက်ရှိတွင် အဆိုပါကွန်ကရစ်တုံးများ ကာရံထားသည့် လမ်း ကြောင်းတွင် ခရီးသည်တင်ဘတ်စ်ကား များကို ပြေးဆွဲခွင့်ပေးမည် ဖြစ်ပြီး နောက်ပိုင်းတွင် BRT စနစ် ဖြင့် ပြေးဆွဲမည့် ဘတ်စ်ကားများ ကိုပါ ယင်းလမ်းကြောင်းတွင် ပြေး ဆွဲရန် စီစဉ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင်က ပြောသည်။

ကွန်ကရစ်တုံးများ ကာရံ ထားသောကြောင့် ယာဉ်စက်ချို့ ယွင်းလျှင် ဖြစ်လာနိုင်သော အ ခက်အခဲများကို ဖြေရှင်းရန် လမ်းနံဘေးတွင် ကားပါကင်အချို့ကို ဖျက်သိမ်း၍ ချို့ယွင်းသွားသောကားထားနိုင်သည့် နေရာ များကိုလည်း စီစဉ်သွားမည်ဖြစ်သည်။

ယင်းဘတ်စ်ကား သီးသန့် ယာဉ်ကြော အတွင်းသို့ အခြား ယာဉ်များ ၀င်ရောက်မောင်းနှင်ပါ က စည်ပင် သာယာ ဥပဒေဖြင့် အ ရေးယူမည်ဖြစ်ပြီး အနိမ့်ဆုံးဒဏ်ငွေ ကျပ်တစ်သောင်းမှ ကျပ်သုံးသိန်းထိ ချမှတ်နိုင်သည့်အပြင် ထောင်ဒဏ် သုံးလအထိပါ ချမှတ်နိုင်ကြောင်း သိရသည်။

သို့သော် ယခုစနစ်အပေါ် ဘတ်စ်ကားယာဉ်မောင်းများက ကြိုက်နှစ်သက်မှု နည်းပါးနေပြီး တန်းစီ၍ မောင်းရမည့် စနစ်ဖြစ် သောကြောင့် နှောင့်နှေးနိုင်ကြောင်း ယာဉ်မောင်းအချို့က ပြောသည်။

စည်းကမ်းဖောက်ဖျက်သည့် ကားများထဲတွင် ဘတ်စ်ကားများက အများဆုံးဖြစ်ပြီး ကွန်ကရစ်တုံးများ မချသင့်ဘဲ ယာဉ် ထိန်းကသာ အ၀ါစည်းကို ကျော် ၍ မောင်းနှင်ပါက ဖမ်းဆီးခြင်းပြု လုပ်သင့်ကြောင်း ယခုကဲ့သို့ ပြု လုပ်ခြင်းသည် အိမ်စီးကားများအ တွက် လမ်းကြောကျဉ်းသွားပြီး ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နိုင် ကြောင်း ကမာရွတ်မြို့နယ်မှ အငှားယာဉ်မောင်းဦးတင် ကိုကိုလေးက ပြောသည်။

‘‘ဘတ်စ်ကားတွေ သွားဖို့ သီး သန့်လမ်းကြောင်းတစ်ခုဖြစ်လာတာ ကျွန်တော်တို့ယာဉ်လိုင်းပိုင် ရှင်တွေ အနေနဲ့တော့ ကြိုဆိုပါတယ်။ အထိုက်အလျောက်ကာ လအတွင်းမှာတော့ အဆင်မပြေ တာတွေရှိနိုင်တယ်’’ဟု ၄၈ အထူး ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေး က ပြောသည်။

လက်ရှိတွင် အဆိုပါကွန်က ရစ်တုံးများ စတင်ကာရံထားသည့်လမ်းကြောင်း၌ ယာဉ်နောက် လိုက်မပါဘဲ ပြေးဆွဲမည့် BRT စနစ်ကို လမ်းအူကြောင်းများ ရွေးချယ်ပြီးပါက စမ်းသပ်ကာလအဖြစ် ကိုရီးယားကား များဖြင့် ပြေး ဆွဲသွားမည်ဖြစ်ပြီး ယာဉ်လမ်း ကြောင်းအတည်ပြုပြီးပါက မာစီ ဒီး (သို့မဟုတ်) Scania ကားကြီးများဖြင့် ပြေးဆွဲသွားမည်ဟု BRT စနစ်ကို လုပ်ကိုင်ခွင့်ရရှိထားသည့်ဘက်စုံမြင်ကွင်းကုမ္ပဏီက ထုတ် ပြန်ထားသည်။

အဆိုပါ BRT စနစ် လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဘက်စုံမြင်ကွင်း ကုမ္ပဏီအား ခွင့်ပြုလိုက်ပြီဖြစ်ကာ ထပ်မံပြီး ပူးပေါင်းလုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံသူများကို ခေါ်ယူထား သော်လည်း လာရောက်ဆွေးနွေး မှုမရှိသေးကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment