Monday 1 December 2014

မြန်မာလုပ်သားနှစ်ဦးကို ဒီဇင်ဘာ ၂ ရက်တွင် ရမန် ခြောက်ကြိမ်မြောက် ရုံးထုတ်မည်

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးကို ဒီဇင် ဘာ ၂ ရက်တွင် ရမန်ခြောက် ကြိမ်မြောက် ရုံးထုတ်စစ်ဆေး မည်ဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားနှစ်ဦးအား စွဲချက် တင်ရန် ရမန်နှစ်ကြိမ် (ရက် ပေါင်း ၂၄ ရက်)သာ ကျန်ရှိတော့ ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံဥပဒေအရ ရမန် တစ်ကြိမ်လျှင် ၁၂ ရက်ယူပြီး အမှုတစ်ခုတည်ဆောက်ရန် ရမန် ခုနစ်ကြိမ် ယူလေ့ရှိသည်။ ရမန် ခုနစ်ကြိမ်(ရက်ပေါင်း ၈၄ ရက်) အတွင်း အမှုတည်ဆောက်နိုင် ခြင်းမရှိပါက တရားခံ အား တရားသေလွှတ်ရမည်ဟု ထိုင်းနိုင်ငံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း သတင်းရရှိသည်။

‘‘ဒီဇင်ဘာ ၂ ရက်နေ့ဆို ရမန် ငါးကြိမ်ပြည့်သွားပါပြီ။ ရမန် ခြောက်ကြိမ် စတော့မှာပါ။ အဲဒီမှာပဲ ဒုတိယအကြိမ် အာမခံ ဆက်တင်သွားဦးမှာပါ။ ရမန် ခုနစ်ကြိမ်ပြည့်ဖို့ကလည်း ရက် ပေါင်း ၂၄ ရက်သာ လိုပါတော့တယ်။ အဲဒီအတောအတွင်း အမှုမတင်နိုင်ဘူးဆိုရင် ကလေး နှစ်ယောက်က လွတ်ပါပြီ’’ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။ဒီဇင်ဘာ ၂ ရက်တွင် မြန်မာလုပ်သားနှစ်ဦးအား ခြောက်ကြိမ် မြောက် ရုံးထုတ်စစ်ဆေးမည်ဖြစ် ပြီး ယင်းနေ့တွင် မြန်မာလုပ်သား နှစ်ဦးအတွက် အာမခံရရှိရန် ဒုတိယ အကြိမ် အယူခံစာထပ်မံ တင်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးအား ကော့စမွီခရိုင် တရား သူကြီက အာမခံတင်သွင်းခွင့်ပြု ထား၍ မြန်မာ ကိုယ်စားလှယ်အ ဖွဲ့နှင့် မြန်မာသံရုံးအထူးအဖွဲတို့ နိုဝင်ဘာ ၂၆ ရက်တွင် အာမခံ တင်သွင်းခဲ့သော်လည်း ခရိုင်တရားသူကြီးက လက်မခံဘဲ ပယ်ချခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားနှစ်ဦးကို လူသတ်တရား ခံဟု စွပ်စွဲထားသော်လည်း မျက် မြင် သက်သေ နှင့် တရားလိုပြ သက်သေမရှိသေးပေ။ ယခင်တရားလို ပြသက်သေမောင်မောင် သည် ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးမှာ လူသတ်တရားခံများ မဖြစ်နိုင်ကြောင်း၊ အခင်းဖြစ်ပွား ရာတွင် မြင်တွေ့ခြင်း မရှိကြောင်း ပြောဆိုထားသောကြောင့် ထိုင်းရဲ တပ်ဖွဲ့က တရားလိုပြသက်သေ အဖြစ် မထားရှိတော့ပေ။ ထိုင်းရဲ တပ်ဖွဲ့သည် မြန်မာလုပ်သားနှစ် ဦးကို တရားခံဟုစွပ်စွဲထားရာ တွင် သေဆုံးသူကိုယ်ပေါ်မှ DNA နှင့် စွပ်စွဲခံ မြန်မာလုပ်သားနှစ်ဦး ၏ DNA ကိုက်ညီသည်ဆိုသော အချက်တစ်ချက်သာ ရှိသည်။

7Day Daily

No comments:

Post a Comment