Monday 1 December 2014

မူလတန်းကျောင်းသားငယ်များ၏ စားသောက်မှုပုံစံကို တစ်နှစ်ကြာလေ့လာမည်

မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မူလတန်း ကျောင်းများတွင် အစားအသောက် အလေ့အကျင့် များနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများကို တစ်နှစ်ကြာပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် တစ်မြို့နယ်ချင်းစီတွင် ကျပန်း ရွေးချယ် ထားသော    မူလတန်း ကျောင်းသုံးကျောင်းစီမှ ကျောင်း သူ၊ ကျောင်းသားများ၏ အစား အသောက်ပုံစံနှင့် ဆက်စပ်သည့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုများကို နိုဝင်ဘာမှ စတင်ကာ တစ်နှစ်ကြာသုတေ သနပြုလုပ် နေပြီဖြစ် သည်။ အဆိုပါသုတေသနကို  အောက် မြန်မာပြည်ဆေးသုတေသနက ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အ ထောက်အပံ့ဖြင့်   ဆောင်ရွက် ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံး  ဒုညွှန်ကြားရေး မှူး ဦးစိုးမြင့်အောင်က ပြောသည်။

‘‘အာဟာရချို့တဲ့တာတို့၊ အ၀လွန် သွေးတိုးတာတို့စတဲ့ အာဟာရဆိုင်ရာရောဂါတွေကို ဖော်ထုတ်နိုင်ဖို့ သုတေသနလုပ် မှာ’’ဟု ၎င်းကပြောသည်။

ယခုပြုလုပ်မည့် သုတေသန လုပ်ငန်းစဉ်တွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့်  ရှမ်းပြည်နယ်၊ မွန်ပြည်နယ် တို့ရှိ  မူလတန်းကျောင်းများ ပါဝင်မည်ဖြစ်ကြောင်း အဆိုပါရုံးမှ သတင်းရရှိသည်။

ကျောင်းနေအရွယ်ကလေး အများစုမှာ အချိုရည်အသောက် များပြီး အသင့်စားနိုင်သည့် အစားအစာများ စားသုံးမှုများကြောင်း ယခင်ပြုလုပ်ခဲ့ဖူးသော  ဆေးသု တေသနစစ်တမ်းများတွင် ဖော်ပြ ထားသည်ဟု မန္တလေးတိုင်းဒေသ ကြီး ပညာရေးမှူးရုံး ဒုညွှန်ကြားရေးမှူး  ဦးစိုးမြင့်အောင်က ပြော သည်။

7Day DAILY 

No comments:

Post a Comment