Monday 1 December 2014

KIA ဌာနချုပ် လိုင်ဇာကို စကားလုံးတွေနဲ့ ကယ်တင်လိုက်တဲ့ ဂွမ်မော်

Photo: KIA ဌာနချုပ် လိုင်ဇာကို စကားလုံးတွေနဲ့ ကယ်တင်လိုက်တဲ့ ဂွမ်မော်
Monday, December 1, 2014

KIA ခေါင်းဆောင် ဂွမ်မော်နဲ့ VOA တွေ့ဆုံ မေးမြန်းခန်းမှာ လက်နက်ကိုင် တိုင်းရင်းသား (၂၀) ကျော်သေဆုံးမှုနဲ့ ပတ်သက်ပြီး တချို့ ခေါင်းဆောင်များ အနေနဲ့ KIO က အခုအချိန်မှာ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်ကောင်းထင်ပါ့မယ်။ အဲဒီလို မဟုတ်ပါဘူး။ ကျနော်တို့ လက်တုံ့ပြန်သင့်တဲ့ ကိစ္စ မဟုတ်ဘူး။ ဒါက ဖြေရှင်းနည်း မဟုတ်ဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း KIA/KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်မှ KIA/KIO ဌာနချုပ်ကို သုံးဖက် သုံးတန် အင်အား(၁၀၀၀) ခန့်နှင့် လက်နက်ကြီးတွေပါ ချထားကာ စစ်ပြင်ဆင်နေတယ်… တိုက်ပွဲဖြစ်ပွားခဲ့ပါက ရဟတ်ယာဉ် များဖြင့် လေကြောင်း ပစ်ကူများ ပိုမိုအသုံးပြုပြီးဖွယ်ရှိတယ်…ပြီးခဲ့တဲ့ လဂျားယန်တိုက်ပွဲ၌ အစိုးရတပ်ရဲ့ ဒါဏ်ရာရ သုံ့ပန်းများကို KIA စစ်သည်များက မပစ်သတ်ဘဲ ထားခဲ့လို့သာ အသက် ရှင်သန်ခွင့် ရခဲ့ကြောင်း၊ ဌာနချုပ်အား တိုက်ခိုက်မည်ဆို လျှင်လည်း မိမိကိုယ်ကို ဒါဏ်ရာမရရေးသည် အဓိကဖြစ်ရာ အကျအဆုံးများစွာနှင့် ရည်မှန်းချက် အောင်မြင်ရန်ခက်ခဲမည်လို့ ရွှေဟင်္သာသတင်း ဌာနကိုပြောဆို ခဲ့ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

၂၀၁၁ အစိုးရတပ်မှ အရာရှိ(၂) ဦးကို KIA ဖမ်းဆီးရာကနေ စတင်ခဲ့တဲ့ တိုက်ပွဲ တွေမှာလည်း တိုက်ပွဲအစမှာ အစိုးရစစ်ကြောင်းကို KIA တွေ ထိန်းချုပ်နိုင် ခဲ့ပေမဲ့ နောက်ပိုင်း အစိုးရတပ်ရဲ့ တန်ပြန်ရှင်းလင်း တိုက်ခိုက် မှုတွေအရ KIA တွေ တော်တော် အထိ နာခဲ့တာကိုတွေ့ ရပါတယ်။ KIA စခန်းတွေ တစ်ကုန်းပြီး တစ်ကုန်း အစိုးရတပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက် သွားခဲ့ရတယ်… လိုင်ဇာ ဌာနချုပ်ကို ကျားတက်ထိုးတော့မယ့် ဆဲဆဲမှ သမ္မတရဲ့ ထိုးစစ်ရပ်ဖို့ အမိန့်ပေးလို့ ဒီတိုင်း လက်ပိုက်ကြည့်နေခဲ့ရတာလို့ စစ်တပ် အသိုင်းအဝန်းကြားမှာ ပြောဆိုနေကြပါတယ်။

စစ်တပ် အသိုင်းအဝန်းကပြောတာလည်း ဖြစ်နိုင်ပါတယ်… လက်နက်ကိုင် တိုင်းရင်းသား (၂၀) ကျော် သေဆုံးသွားတာက အစိုးရတပ်ရဲ့ လုပ်နိုင်စွမ်းကို တစ်စိတ်တဒေသ ချပြလိုက်တာ ပါပဲ… KIA တွေလည်း တော်တော် သွေးလန့် သွားလောက်တယ်… KIA တွေအနေနဲ့ စစ်တပ် စခန်းတွေကို လက်တုံ့ပြန်နိုင်ဖို့ ကြိုးစားပေမဲ့ အစိုးရတပ်ဘက်မှ KIA စခန်းများဆီသို့ လက်နက် ကြီးတွေနဲ့ သတိပေး ထပ်မံ ပစ်ခတ်ခဲ့တယ်လို့လည်း ပြောဆိုထားတာကို တွေ့ရပါတယ်။ ဂွမ်မော် အနေနဲ့ ဘယ်လိုပဲ လက်တုံ့ပြန်နိုင်တယ်ပြောပြော KIA ရဲ့ ဌာနချုပ်ကတော့ အစိုးရတပ်ရဲ့ နင်းချေ မှုကို ခံရမှာ မလွဲပါဘူး။ ဒါ့ကြောင့်ပဲ ငြိမ်းချမ်းရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ အသံတွေ ထွက်လာတာ ဖြစ်ပါတယ်။

ဒါက အားလုံးအတွက် မှန်ကန်တဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲ… KIA ဌာနချုပ် လိုင်ဇာရဲ့ ကျဆုံးခန်းကို ဂွမ်မော်ရဲ့ စကားလုံးတွေက ကယ်ထုတ်သွားတာပေါ… ဒါပေမဲ့… KIA ရဲ့ လုပ်နေကျ လုပ်ရပ်တွေဖြစ်တဲ့ အဓမ္မလူသစ်စု၊ မိုင်းထောင် ၊ ချောင်းပစ်တာတွေ မလုပ်ဘဲ ကိုယ့်လက်အောက် ကို ကိုယ် နိုင်အောင်ထိန်းဖို့၊ သဘောတူညီချက်တွေကို လိုက်နာဖို့နဲ့ အပြောနဲ့အလုပ်ညီဖို့တော့ လိုမယ်လို့ စစ်ရေးသုံးသပ်သူတွေမှ ဝေဖန်ပြောဆိုနေကြပါတယ်။

Written By စစ်မုန်းပုန်းကန်

from >> Htar Nay
Credit to KDN
KIA ခေါင်းဆောင် ဂွမ်မော်နဲ့ VOA တွေ့ဆုံ မေးမြန်းခန်းမှာ လက်နက်ကိုင် တိုင်းရင်းသား (၂၀) ကျော် သေဆုံးမှုနဲ့ ပတ်သက်ပြီး တချို့ ခေါင်းဆောင်များ အနေနဲ့ KIO က အခုအချိန်မှာ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်ကောင်းထင်ပါ့မယ်။ အဲဒီလို မဟုတ်ပါဘူး။ ကျနော်တို့ လက်တုံ့ပြန်သင့်တဲ့ ကိစ္စ မဟုတ်ဘူး။ ဒါက ဖြေရှင်းနည်း မဟုတ်ဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း KIA/KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်မှ KIA/KIO ဌာနချုပ်ကို သုံးဖက် သုံးတန် အင်အား(၁၀၀၀) ခန့်နှင့် လက်နက်ကြီးတွေပါ ချထားကာ စစ်ပြင်ဆင်နေတယ်… တိုက်ပွဲဖြစ်ပွားခဲ့ပါက ရဟတ်ယာဉ် များဖြင့် လေကြောင်း ပစ်ကူများ ပိုမိုအသုံးပြုပြီးဖွယ်ရှိတယ်…ပြီးခဲ့တဲ့ လဂျားယန်တိုက်ပွဲ၌ အစိုးရတပ်ရဲ့ ဒါဏ်ရာရ သုံ့ပန်းများကို KIA စစ်သည်များက မပစ်သတ်ဘဲ ထားခဲ့လို့သာ အသက် ရှင်သန်ခွင့် ရခဲ့ကြောင်း၊ ဌာနချုပ်အား တိုက်ခိုက်မည်ဆို လျှင်လည်း မိမိကိုယ်ကို ဒါဏ်ရာမရရေးသည် အဓိကဖြစ်ရာ အကျအဆုံးများစွာနှင့် ရည်မှန်းချက် အောင်မြင်ရန်ခက်ခဲမည်လို့ ရွှေဟင်္သာသတင်း ဌာနကိုပြောဆို ခဲ့ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

၂၀၁၁ အစိုးရတပ်မှ အရာရှိ(၂) ဦးကို KIA ဖမ်းဆီးရာကနေ စတင်ခဲ့တဲ့ တိုက်ပွဲ တွေမှာလည်း တိုက်ပွဲ အစမှာ အစိုးရစစ်ကြောင်းကို KIA တွေ ထိန်းချုပ်နိုင် ခဲ့ပေမဲ့ နောက်ပိုင်း အစိုးရတပ်ရဲ့ တန်ပြန်ရှင်းလင်း တိုက်ခိုက် မှုတွေအရ KIA တွေ တော်တော် အထိ နာခဲ့တာကိုတွေ့ ရပါတယ်။ KIA စခန်းတွေ တစ်ကုန်းပြီး တစ်ကုန်း အစိုးရတပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက် သွားခဲ့ရတယ်… လိုင်ဇာ ဌာနချုပ်ကို ကျားတက်ထိုးတော့မယ့် ဆဲဆဲမှ သမ္မတရဲ့ ထိုးစစ်ရပ်ဖို့ အမိန့်ပေးလို့ ဒီတိုင်း လက်ပိုက်ကြည့်နေခဲ့ရတာလို့ စစ်တပ် အသိုင်းအဝန်းကြားမှာ ပြောဆိုနေကြပါတယ်။

စစ်တပ် အသိုင်းအဝန်းကပြောတာလည်း ဖြစ်နိုင်ပါတယ်… လက်နက်ကိုင် တိုင်းရင်းသား (၂၀) ကျော် သေဆုံးသွားတာက အစိုးရတပ်ရဲ့ လုပ်နိုင်စွမ်းကို တစ်စိတ်တဒေသ ချပြလိုက်တာ ပါပဲ… KIA တွေလည်း တော်တော် သွေးလန့် သွားလောက်တယ်… KIA တွေအနေနဲ့ စစ်တပ် စခန်းတွေကို လက်တုံ့ပြန်နိုင်ဖို့ ကြိုးစားပေမဲ့ အစိုးရတပ်ဘက်မှ KIA စခန်းများဆီသို့ လက်နက် ကြီးတွေနဲ့ သတိပေး ထပ်မံ ပစ်ခတ်ခဲ့တယ် လို့လည်း ပြောဆိုထားတာကို တွေ့ရပါတယ်။ ဂွမ်မော် အနေနဲ့ ဘယ်လိုပဲ လက်တုံ့ပြန်နိုင်တယ်ပြောပြော KIA ရဲ့ ဌာနချုပ်ကတော့ အစိုးရတပ်ရဲ့ နင်းချေ မှုကို ခံရမှာ မလွဲပါဘူး။ ဒါ့ကြောင့်ပဲ ငြိမ်းချမ်းရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ အသံတွေ ထွက်လာတာ ဖြစ်ပါတယ်။

ဒါက အားလုံးအတွက် မှန်ကန်တဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲ… KIA ဌာနချုပ် လိုင်ဇာရဲ့ ကျဆုံးခန်းကို ဂွမ်မော်ရဲ့ စကားလုံးတွေက ကယ်ထုတ်သွားတာပေါ… ဒါပေမဲ့… KIA ရဲ့ လုပ်နေကျ လုပ်ရပ်တွေဖြစ်တဲ့ အဓမ္မလူသစ်စု၊ မိုင်းထောင် ၊ ချောင်းပစ်တာတွေ မလုပ်ဘဲ ကိုယ့်လက်အောက် ကို ကိုယ် နိုင်အောင်ထိန်းဖို့၊ သဘောတူညီချက်တွေကို လိုက်နာဖို့နဲ့ အပြောနဲ့အလုပ်ညီဖို့တော့ လိုမယ်လို့ စစ်ရေးသုံးသပ်သူတွေမှ ဝေဖန်ပြောဆိုနေကြပါတယ်။

Written By စစ်မုန်းပုန်းကန်

from >> Htar Nay
Credit to KDN

No comments:

Post a Comment