Monday 1 December 2014

မြ၀တီချစ်ကြည်ရေးတံတား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် မြန်မာဘက်မှ ခွင့်ပြုထားသော်လည်း ထိုင်းဘက်မှ အသင့်မဖြစ်သေး

Photo: မြ၀တီချစ်ကြည်ရေးတံတား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် မြန်မာဘက်မှ ခွင့်ပြုထားသော်လည်း ထိုင်းဘက်မှ အသင့်မဖြစ်သေး
Monday, December 1, 2014

မြန်မာ-ထိုင်းနယ်စပ် မြ၀တီချစ်ကြည်ရေးတံတား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် မြန်မာနိုင်ငံဘက်မှ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်မှ အဆင်သင့်မဖြစ်သေးဟု သိရသည်။ မြ၀တီ-မဲဆောက် သောင်ရင်းဖြတ်ကျော် ချစ်ကြည်ရေးတံတားအား နံနက် ၆ နာရီမှ ညနေ ၆ နာရီ ဖွင့်လှစ်နေရာမှ ခရီးသွားပြည်သူများနှင့် နယ်စပ်ကုန်သွယ်မှု ပိုမိုလွယ်ကူ မြန်ဆန်လာစေရန် ရည်ရွယ်၍ နံနက် ၅ နာရီတွင် ဖွင့်လှစ်ရန်နှင့် ည ၈ နာရီ တံခါးပိတ်ရန် နှစ်နိုင်ငံဆွေးနွေးနေခြင်းဖြစ်သည်။

“တံတားဆိုတော့ တစ်ဖက်တည်းဖွင့်လို့ မရပါဘူး။ နှစ်နိုင်ငံ ဟိုဘက်ဒီဘက် အဆင်သင့်ဖြစ်မှသာ အချိန်တိုးမယ့်ကိစ္စ အဆင်ပြေမှာပါ။ မြန်မာဘက်မှ ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက် ရထားတာကြာပြီ။ ထိုင်းဘက်မှာတော့ အောက်ခြေထိ ညွှန်ကြားချက်မရောက်သေးဘူးလို့ သိရပါတယ်” ဟု မြ၀တီချစ်ကြည်ရေးတံတား၌ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။

ထိုင်းဘက်ကမ်းတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးကလည်း “တံတားအချိန် တိုးမြှင့်ဖွင့်လှစ်မယ်ဆိုတာတော့ ကြားပါတယ်။ တရားဝင်ညွှန်ကြားချက် မရှိသေးသလို ထိုင်းဘက်က အဆင်သင့်လည်း မဖြစ်သေးဘူး” ဟုဆိုသည်။

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားဖွင့်ချိန်ကို နံနက် ၅ နာရီ တိုးမြှင့်ဖွင့်လှစ်ခြင်းဖြင့် မဲဆောက်ဘက်သို့သွားရန် နံနက်စောစော နေရာဦးနေရာလုပြီး တိုးဝှေ့ပြေးလွှားနေရသော မြ၀တီမှ ခရီးသည်ကြိုပို့ကားများနှင့် သောင်ရင်းကမ်းနဖူးသို့ နံနက်စောစောဆိုက်ရောက်သည့် ဘန်ကောက်-မဲဆောက် ခရီးသည်ယာဉ်များပေါ်မှ နေရပ်ပြန်မြန်မာနိုင်ငံသားများ သွားလာမှု ပိုမိုအဆင်ပြေမည်ဟု ဆိုသည်။

တံတားပိတ်ချိန်အား လက်ရှိ ၆ နာရီမှ ည ၈ နာရီသို့ တိုးမြှင့်လိုက်လျှင် ထိုင်းနိုင်ငံဘက်သို့ နေ့ချင်းပြန်သွားလာကြသော မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်းနိုင်ငံဘက်မှ မြ၀တီကုန်သွယ်ရေးဇုန်သို့ ကုန်ပစ္စည်းလာရောက်ပို့ဆောင်သည့် ကုန်တင်ယာဉ်များ ကုန်စည်ပို့ဆောင်ရာတွင် ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်တစ်ဦးက ပြောကြားသည်။

Eleven Media Group 

မြ၀တီနယ်စပ် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားပေါ်တွင် ဖြတ်သန်းနေသော မော်တော်ယာဉ်များကို တွေ့ရစဉ်
မြ၀တီနယ်စပ် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားပေါ်တွင် ဖြတ်သန်းနေသော မော်တော်ယာဉ်များကို တွေ့ရစဉ်
မြန်မာ-ထိုင်းနယ်စပ် မြ၀တီချစ်ကြည်ရေးတံတား အချိန်တိုးမြှင့်ဖွင့်လှစ်ရန် မြန်မာနိုင်ငံဘက်မှ ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်မှ အဆင်သင့်မဖြစ်သေးဟု သိရ သည်။ မြ၀တီ-မဲဆောက် သောင်ရင်းဖြတ်ကျော် ချစ်ကြည်ရေးတံတားအား နံနက် ၆ နာရီမှ ညနေ ၆ နာရီ ဖွင့်လှစ်နေရာမှ ခရီးသွားပြည်သူများနှင့် နယ်စပ်ကုန်သွယ်မှု ပိုမိုလွယ်ကူ မြန်ဆန်လာစေရန် ရည်ရွယ်၍ နံနက် ၅ နာရီတွင် ဖွင့်လှစ်ရန်နှင့် ည ၈ နာရီ တံခါးပိတ်ရန် နှစ်နိုင်ငံဆွေးနွေးနေခြင်းဖြစ်သည်။

“တံတားဆိုတော့ တစ်ဖက်တည်းဖွင့်လို့ မရပါဘူး။ နှစ်နိုင်ငံ ဟိုဘက်ဒီဘက် အဆင်သင့်ဖြစ်မှသာ အချိန် တိုးမယ့် ကိစ္စ အဆင်ပြေမှာပါ။ မြန်မာဘက်မှ ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက် ရထားတာကြာပြီ။ ထိုင်းဘက် မှာတော့ အောက်ခြေထိ ညွှန်ကြားချက်မရောက်သေးဘူးလို့ သိရပါတယ်” ဟု မြ၀တီချစ်ကြည်ရေးတံတား၌ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။

ထိုင်းဘက်ကမ်းတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးကလည်း “တံတားအချိန် တိုးမြှင့်ဖွင့်လှစ်မယ်ဆိုတာ တော့ ကြားပါတယ်။ တရားဝင်ညွှန်ကြားချက် မရှိသေးသလို ထိုင်းဘက်က အဆင်သင့်လည်း မဖြစ်သေးဘူး” ဟုဆိုသည်။

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားဖွင့်ချိန်ကို နံနက် ၅ နာရီ တိုးမြှင့်ဖွင့်လှစ်ခြင်းဖြင့် မဲဆောက်ဘက် သို့သွားရန် နံနက်စောစော နေရာဦးနေရာလုပြီး တိုးဝှေ့ပြေးလွှားနေရသော မြ၀တီမှ ခရီးသည်ကြိုပို့ကား များနှင့် သောင်ရင်းကမ်းနဖူးသို့ နံနက်စောစောဆိုက်ရောက်သည့် ဘန်ကောက်-မဲဆောက် ခရီးသည်ယာဉ်များပေါ်မှ နေရပ်ပြန်မြန်မာနိုင်ငံသားများ သွားလာမှု ပိုမိုအဆင်ပြေမည်ဟု ဆိုသည်။

တံတားပိတ်ချိန်အား လက်ရှိ ၆ နာရီမှ ည ၈ နာရီသို့ တိုးမြှင့်လိုက်လျှင် ထိုင်းနိုင်ငံဘက်သို့ နေ့ချင်းပြန်သွား လာကြသော မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်းနိုင်ငံဘက်မှ မြ၀တီကုန်သွယ်ရေး ဇုန်သို့ ကုန်ပစ္စည်းလာရောက်ပို့ဆောင်သည့် ကုန်တင်ယာဉ်များ ကုန်စည်ပို့ဆောင်ရာတွင် ပိုမိုအဆင်ပြေ သွား မည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်တစ်ဦးက ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment