Monday 1 December 2014

ကားသွင်းခွင့် စည်းကမ်းချက်များထပ်တိုးရန် ဆွေးနွေးနေ

Photo: ကားသွင်းခွင့် စည်းကမ်းချက်များထပ်တိုးရန် ဆွေးနွေးနေ
Monday, December 1, 2014

 ကားတင်သွင်းမှုကို ပိတ် ပင်သွားရန်မရှိသော်လည်း သတ် မှတ်ချက်အသစ်များ ထည့်သွင်း သွားမည်ဖြစ်ကြောင်း မော်တော် ယာဉ်တင်သွင်းမှုဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်း ကား တင်သွင်းမှုများခြင်းကြောင့် လမ်း ပိတ်ဆို့မှုများ ဖြစ်ပေါ် နေ၍စနစ် တကျဖြစ်စေရန် ပြင်ဆင်သွား မည်ဖြစ်ကြောင်း သိရသည်။

‘‘တင်သွင်းတဲ့ပုံစံတွေ ပိုပြီး စနစ်တကျဖြစ်အောင် ဘယ်လို အချက်အလက်တွေ ထည့်ပြီး ဘယ်လိုလုပ်မလဲဆိုတာ ဆွေး နွေးလုပ်ဆောင်မယ်’’ ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာပွင့်ဆန်းက ပြောသည်။

အသက်(၁၈)နှစ် ပြည့်သူ တိုင်း နိုင်ငံခြား ငွေစာရင်းဖွင့်၍ တင်သွင်းရာ၌ လိမ်လည်မှုများရှိ နေ၍ စည်းကမ်းချက် အချို့ ထည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

‘‘ကားပေါ်လစီ မပြောင်း ဘူး။ ကားပါမစ် ပိတ်တာတွေ မလုပ်ဘူး။ အများပြည်သူ သွားလာလို့အဆင်ပြေအောင် အကြံပေးကြပါ’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်း ဖြင့် ကားတင်သွင်းမှုများသည် နီးစပ်ရာပုဂ္ဂိုလ်များ ထံမှ မှတ်ပုံ တင်နှင့် အိမ်ထောင်စုစာရင်းများ ကို တစ်စုံလျှင် ကျင်ငါးသောင်း ဖြင့် ဝယ်ယူတင်သွင်းနေကြခြင်း ဖြစ်သည်။

ဘဏ်ငွေစာရင်းတွင်လည်း ဒေါ်လာ  ၅,၁၀၀ သွင်းရမည့် အစား ဒေါ်လာ ၁၀၀ သာသွင်း ကြပြီး ပါမစ်တင်ချိန်၌ သွင်းထား သော ဒေါ်လာ ၁၀၀ ရှေ့တွင် ဂဏန်း(၅)ကိုထည့်ကာ ငွေပမာ ဏ လိမ်လည်တင်ပြမှုများရှိနေ ကြောင်း မော်တော်ယာဉ်လုပ်ငန်း ရှင်များက ပြောသည်။

ယင်းသို့သတ်မှတ်ရာတွင် သန်းခေါင်စာရင်းတစ်ခုလျှင် တစ် ဦး၊ ကားပါကင် ရှိသူ၊ ထောက်ခံ ချက်တစ်ခုရှိမှ တင်သွင်းခြင်း အပါအဝင် ကန့်သတ်နိုင်မည့် အချက်များကို ဆွေးနွေးနေဆဲဖြစ်သည်။

အလွတ်သွင်း  ကားပါမစ်များ တင်းကျပ်မည်ဆိုပါက ကား အရောင်းပြခန်းများ၏ စည်းကမ်း များကိုပါ တင်းကျပ်သင့်ကြောင်း ကားပွဲစားများက တုံ့ပြန်ပြောကြား သည်။

လူတစ်ဦးချင်းစီ တင်သွင်း နိုင်မှုအပေါ်တွင် အိမ်ထောင်စု စာရင်းတစ်ခုလျှင် တစ်ဦးသာတင် သွင်းနိုင်သည့် ကန့်သတ်ချက်များ ထပ်မံထုတ်ပြန်လိုက်ပါက အိမ် ထောင်စုစာရင်း၊ ငှားရမ်းခနှင့် ကားဈေးနှုန်းများသာ တက်သွား နိုင်ပြီး ထူးခြားလာမည် မဟုတ် ကြောင်း ကားပွဲစားများက ပြောကြားသည်။

7Day DAILY 

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ရပ်နားထားသော ကားများ (ဓာတ်ပုံ − နစ်ကီ)
လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ရပ်နားထားသော ကားများ (ဓာတ်ပုံ − နစ်ကီ)  
ကားတင်သွင်းမှုကို ပိတ်ပင်သွားရန်မရှိသော်လည်း သတ်မှတ်ချက်အသစ်များ ထည့်သွင်းသွားမည် ဖြစ်ကြောင်း မော်တော် ယာဉ်တင်သွင်းမှုဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်း ကား တင်သွင်းမှုများခြင်းကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေ၍စနစ် တကျဖြစ်စေ ရန် ပြင်ဆင်သွား မည်ဖြစ်ကြောင်း သိရသည်။

‘‘တင်သွင်းတဲ့ပုံစံတွေ ပိုပြီးစနစ်တကျဖြစ်အောင် ဘယ်လို အချက်အလက်တွေထည့်ပြီး ဘယ်လို လုပ် မလဲဆိုတာ ဆွေးနွေးလုပ်ဆောင်မယ်’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာပွင့်ဆန်းက ပြောသည်။

အသက်(၁၈)နှစ် ပြည့်သူတိုင်း နိုင်ငံခြားငွေစာရင်းဖွင့်၍ တင်သွင်းရာ၌ လိမ်လည်မှုများရှိ နေ၍ စည်းကမ်း ချက် အချို့ ထည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

‘‘ကားပေါ်လစီ မပြောင်း ဘူး။ ကားပါမစ် ပိတ်တာတွေ မလုပ်ဘူး။ အများပြည်သူ သွားလာလို့ အဆင်ပြေ အောင် အကြံပေးကြပါ’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်းဖြင့် ကားတင်သွင်းမှုများသည် နီးစပ်ရာပုဂ္ဂိုလ်များထံမှ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ကို တစ်စုံလျှင် ကျင်ငါးသောင်း ဖြင့် ဝယ်ယူတင်သွင်းနေကြခြင်း ဖြစ်သည်။

ဘဏ်ငွေစာရင်းတွင်လည်း ဒေါ်လာ  ၅,၁၀၀ သွင်းရမည့် အစား ဒေါ်လာ ၁၀၀ သာသွင်း ကြပြီး ပါမစ် တင်ချိန်၌ သွင်းထား သော ဒေါ်လာ ၁၀၀ ရှေ့တွင် ဂဏန်း(၅)ကိုထည့်ကာ ငွေပမာ ဏ လိမ်လည်တင်ပြမှု များရှိနေ ကြောင်း မော်တော်ယာဉ်လုပ်ငန်း ရှင်များက ပြောသည်။

ယင်းသို့သတ်မှတ်ရာတွင် သန်းခေါင်စာရင်းတစ်ခုလျှင် တစ် ဦး၊ ကားပါကင် ရှိသူ၊ ထောက်ခံ ချက်တစ်ခုရှိမှ တင်သွင်းခြင်း အပါအဝင် ကန့်သတ်နိုင်မည့် အချက်များကို ဆွေးနွေးနေဆဲဖြစ်သည်။

အလွတ်သွင်း  ကားပါမစ်များ တင်းကျပ်မည်ဆိုပါက ကား အရောင်းပြခန်းများ၏ စည်းကမ်း များကိုပါ တင်းကျပ်သင့်ကြောင်း ကားပွဲစားများက တုံ့ပြန်ပြောကြား သည်။

လူတစ်ဦးချင်းစီ တင်သွင်း နိုင်မှုအပေါ်တွင် အိမ်ထောင်စု စာရင်းတစ်ခုလျှင် တစ်ဦးသာတင် သွင်းနိုင်သည့် ကန့်သတ်ချက်များ ထပ်မံထုတ်ပြန်လိုက်ပါက အိမ် ထောင်စုစာရင်း၊ ငှားရမ်းခနှင့် ကားဈေးနှုန်းများသာ တက်သွား နိုင်ပြီး ထူးခြားလာမည် မဟုတ် ကြောင်း ကားပွဲစားများက ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment