ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်း (INGO) ရုံး၊ အဆောက်အအုံများကို ခဲနှင့် ပစ်ပေါက် ဖျက်ဆီးမှုတွင် ပါဝင်သည်ဟုဆိုကာ ဒေသခံ ၁၂ ဦးကို မတ်လ ၃၁ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးကာ စစ်ဆေးနေကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
မတ်လ ၃၁ ရက်နေ့ညပိုင်းတွင် လူ ၁၂ ဦးကို ခေါ်ယူ စစ်ဆေးနေသည်ဟု သိရှိထားပြီး အသေးစိတ်ကို သတင်း မရရှိသေးကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုသည်။
Malteser International အမည်ရ INGO မှ အမေရိကန် နိုင်ငံသူသည် မတ်လ ၂၆ ရက်နေ့က ၎င်းတို့ ငှားရမ်းနေထိုင်သည့် အိမ်တွင် နေအိမ်ပိုင်ရှင် လွှင့်ထူသည့် သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီအိတ်ထဲ ထည့်ရာ မဆံ့သဖြင့် ခါးတွင် ထိုးထားခဲ့သည်ဟု ဆိုရာမှ စတင်ခဲ့သည့် အဆိုပါ ပဋိပက္ခကို သမ္မတ ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့က မတ်လ ၃၀ ရက်နေ့မှ စတင်ကာ စုံစမ်းဖော် ထုတ်နေ ပြီ ဖြစ်သည်။
စစ်တွေမြို့တွင် ဒေသခံများနှင့် INGO များအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် INGO များ၏ ရုံး၊ အဆောက် အအုံများ ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးခံခဲ့ ရပြီး INGO ဝန်ထမ်းများကိုလည်း ရန်ကုန်သို့ ပို့ဆောင်ခဲ့ရကြောင်း၊ ပဋိပက္ခများကို တားဆီးရာတွင် သေနတ် ကျည်ဆန် ထိမှန်၍ အသက် ၁၁ နှစ် အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment