Wednesday 2 April 2014

မြန်မာယူ-၁၉အသင်းနှင့် ဂျပန်ယူ-၁၉အသင်းတို့ ခြေစမ်းပွဲကစားမည်

အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသာ မြန်မာယူ-၁၉ အသင်းအနေဖြင့် ဧပြီ ၉ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲကစားမည်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင် အောင်က မဇ်္ဈိမသို့ ပြောသည်။
“ဧပြီ ၉ ရက်မှာ မြန်မာယူ-၁၉ အသင်း နဲ့ ဂျပန်ယူ-၁၉ အသင်းတို့ သုဝဏ္ဏကွင်းမှာ ခြေစမ်းပွဲ ကစားပါမယ်။ ဂျပန်လူငယ်အသင်းက အာရှချန်ပီယံရှစ်ပြိုင်ပွဲအကြို အနေနဲ့ ဒီမှာလာလေ့ကျင့်ဖို့ စီစဉ်ထားတာပါ။ သူတို့ မြန်မာနိုင်ငံမှာ ရက်ဘယ်လောက် နေမလဲဆိုတာတော့ မသိသေးဘူး။ခြေစမ်းပွဲကတော့ တစ်ပွဲတည်း ကစား မှာပါ” ဟု ဦးတင်အောင်က ဆိုသည်။

မြန်မာယူ-၁၉ အသင်းအနေဖြင့် အဆိုပါ ခြေစမ်းပွဲကစားပြီးပါက ဇူလိုင်လအတွင်းဂျာမနီနိုင်ငံသို့လည်း သွားရောက်လေ့ကျင့်ရန် စီစဉ်ထားသည်။ ၂၀၁၄ အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ် ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး သြစတြေးလျ၊ တရုတ်၊ အင်ဒိုနီးရှား၊ အီရန်၊ အီရတ်၊ဂျပန်၊ အိုမန်၊ မြောက်ကိုရီးယား၊ ကာတာ၊ တောင်ကိုရီးယား၊ ထိုင်း၊ ယူအေအီး၊ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်၊ ယီမင် အသင်းတို့ ခြေစစ်ပွဲအောင်ကာနောက်ဆုံး အဆင့်သို့ တက်ရောက်ကစားခွင့် ရထားသည်။

Mizzima

No comments:

Post a Comment