Wednesday 2 April 2014

KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံ ရွာသား တစ်ဦး သေဆုံး

 Photo: KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံ ရွာသား တစ်ဦး သေဆုံး
Tuesday, April 2, 2014

ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် မံလင်းကျေးရွာနေ ဒေသခံရွာသားတစ်ဦးသည် မတ် ၃၁ ရက်နေ့တွင် အသီးအရွက် သွားရောက်ခူးစဉ် KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာမှ သေဆုံးသွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

“ ရွာက ထွက်သွားတုန်းက နှစ်ယောက်ပါ၊ တစ်ယောက်ကတော့ မိုင်းနင်းမိပြီး အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေသွားတယ် ပြောတယ်၊ တရုတ်လို့တော့ သိရတယ် ” ဟု မံလင်းရွာသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာနေ ကျောင်ဖနှင့် အိုက်ပွဲတို့ ၂ ဦးသည် မတ် ၃၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အသီးအရွက် သားငါးရှာရန် ရွာမှ ထွက်ခွာသွားခဲ့ကြောင်း၊ ကောင်းဆာ ကျေးရွာ၏ အနောက်ဘက်အနီးရှိ ၀ါးရုံတော အရောက်၌ မိုင်း နင်းမိခဲ့ရာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး နေရာ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း အတူလိုက်ပါသွားခဲ့သူ အိုက်ပွဲက ဆိုသည်။

“ မိုင်းကွဲတော့ သူနဲ့ကျွန်တော်က နည်းနည်းဝေးတယ်၊ အဲဒါကြောင့် ကျွန်တော့်မှာတော့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး၊ မိုင်းနင်းမိတဲ့အချိန်က နေ့ခင်း ၁၂ နာရီထိုးတော့မယ်၊ ရွာက လူတွေပြန်ခေါ်ပြီး အလောင်းကို သယ်ရ တာပေါ့ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မံလင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက “ မိုင်းနင်းမိတိုင်း သေရင်သေ ၊ မသေရင် ထိခိုက်ဒဏ်ရာရပြီး ခြေပြတ်လက်ပြတ်နဲ့ ဒုက္ခိတဖြစ်ရတာပါပဲ၊ ဒီလိုဖြစ်စဉ်တွေဖြစ်တိုင်း ရွာနဲ့နီးတဲ့ KIA စခန်းက ခေါင်းဆောင်တွေ ကို အသိပေးပါတယ်၊ လာမကြည့်တဲ့အပြင် မိုင်းဖိုးတောင် လျော်ကြေးတောင်းလို့ နောက်ပိုင်းအသိမပေးရဲ တော့ပါဘူး၊ ဒီနယ်မြေတွေမှာတော့ KIA ထောင်ထားတဲ့ မိုင်းတွေကြောင့် ဒုက္ခရောက်ရတဲ့ ဒေသခံတွေ များ ပါပြီ ” ဟု ပြောကြားသွားခဲ့ပါသည်။

credit to : အယ်နော်ဆိုင်း
ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် မံလင်းကျေးရွာနေ ဒေသခံရွာသားတစ်ဦးသည် မတ် ၃၁ ရက်နေ့တွင် အသီးအရွက် သွားရောက်ခူးစဉ် KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာမှ သေဆုံး သွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။
“ ရွာက ထွက်သွားတုန်းက နှစ်ယောက်ပါ၊ တစ်ယောက်ကတော့ မိုင်းနင်းမိပြီး အဲဒီနေရာမှာပဲ ပွဲချင်း ပြီး သေသွားတယ် ပြောတယ်၊ တရုတ်လို့တော့ သိရတယ် ” ဟု မံလင်းရွာသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာနေ ကျောင်ဖနှင့် အိုက်ပွဲတို့ ၂ ဦးသည် မတ် ၃၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အသီး အရွက် သားငါးရှာရန် ရွာမှ ထွက်ခွာသွားခဲ့ကြောင်း၊ ကောင်းဆာ ကျေးရွာ၏ အနောက်ဘက်အနီးရှိ ၀ါးရုံတော အရောက်၌ မိုင်း နင်းမိခဲ့ရာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး နေရာ၌ပင် သေဆုံး သွား ခဲ့ခြင်း ဖြစ်ကြောင်း အတူလိုက်ပါသွားခဲ့သူ အိုက်ပွဲက ဆိုသည်။

“ မိုင်းကွဲတော့ သူနဲ့ကျွန်တော်က နည်းနည်းဝေးတယ်၊ အဲဒါကြောင့် ကျွန်တော့်မှာတော့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး၊ မိုင်းနင်းမိတဲ့အချိန်က နေ့ခင်း ၁၂ နာရီထိုးတော့မယ်၊ ရွာက လူတွေပြန်ခေါ်ပြီး အလောင်းကို သယ်ရ တာပေါ့ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မံလင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက “ မိုင်းနင်းမိတိုင်း သေရင်သေ ၊ မသေရင် ထိခိုက်ဒဏ်ရာ ရပြီး ခြေပြတ်လက်ပြတ်နဲ့ ဒုက္ခိတဖြစ်ရတာပါပဲ၊ ဒီလိုဖြစ်စဉ်တွေဖြစ်တိုင်း ရွာနဲ့နီးတဲ့ KIA စခန်း က ခေါင်းဆော င်တွေ ကို အသိပေးပါတယ်၊ လာမကြည့်တဲ့အပြင် မိုင်း ဖိုးတောင် လျော်ကြေးတောင်း လို့ နောက်ပိုင်း အသိမပေးရဲ တော့ပါဘူး၊ ဒီနယ်မြေတွေမှာတော့ KIA ထောင်ထားတဲ့ မိုင်းတွေကြောင့် ဒုက္ခရောက်ရတဲ့ ဒေသခံတွေ များ ပါပြီ ” ဟု ပြောကြားသွားခဲ့ပါသည်။

credit to : အယ်နော်ဆိုင်း

No comments:

Post a Comment