မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် အရန်ငွေကြေး (reserve money) နည်းနေသေးကြောင်း အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ short term အစီရင်ခံစာတွင် ဖော်ပြလိုက် သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် စုဆောင်းထားသော အရန်ငွေကြေး ၇ ဒသမ ၈ ဘီလျံရှိကြောင်းနှင့် ထုတ်ပြန်ချက်အရ ယင်း အနက် နိုင်ငံပိုင်အရန်ငွေကြေး သုံးဘီလျံကျော်သာရှိပြီး ကျန်သည့်ပမာဏမှာ ပုဂ္ဂလိက ကဏ္ဍမှ ငွေကြေး များဖြစ်ကြောင်း သိရှိသည်။
"နိုင်ငံတစ်နိုင်ငံမှာ ဗဟိုဘဏ်အနေနဲ့ အရန်ငွေကြေးစုဆောင်းထားဖို့ နိုင်ငံတကာငွေကြေးအဖွဲ့ အစည်းတွေက တိုက်တွန်းလေ့ရှိတယ်။ အနည်းဆုံးသွင်းကုန် သုံးကုန် သုံးလစာနဲ့ ညီမျှတဲ့ငွေကြေး သူ့မှာ ရှိမယ်။ ဒါထက် ပိုစုဆောင်းနိုင်ရင် ပိုကောင်းပါတယ်"ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး ပညာ ရှင်က မကြာသေးခင်ကပင် ပြောကြားခဲ့သည်။မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးကိုလေ့လာကြည့်ပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတကာ ကုန်သွယ်မှု ပမာဏမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၅ ဘီလျံရှိကြောင်း၊ ယင်းအနက် ပို့ကုန်ထက် သွင်းကုန်တန်ဖိုး ပိုများနေကြောင်းလည်း သိရသည်။ ထို့ကြောင့် သုံးဘီလျံကျော်ဆိုသောငွေကြေးမှာ စုစုပေါင်းသွင်းကုန် သုံးလစာ ပမာဏသာရှိကြောင်းလည်း သုံးသပ်မှုများရှိသည်။
လက်ရှိထုတ်ပြန်လိုက်သော IMF ၏ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် external balance တွင် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်နေပြီး ငွေရေးကြေးရေးစီမံခန့်ခွဲမှုဆိုင်ရာ ယန္တရားများ အားနည်းနေေ သးကြောင်း၊ နောက်သုံးလနှင့်ကိုးလအတွင်း Telecommunication licenses များရောင်းချရ မှုကြောင့် နိုင်ငံခြားငွေကြေးများ ၀င်ရောက်မှု မြင့်တက်လာနိုင်ကြောင်း၊ အလားတူ အခြားနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များမှလည်း ၀င်ငွေများဝင်ရောက်လာနိုင်ကြောင်း သုံးသပ်ထားသည်။ ယင်းအနေအထား များသည် နိုင်ငံတော်၏ အရန်ငွေကြေးအား မြှင့်တင်နိုင်ရန် အားကောင်းသော အထောက်အပံ့ များဖြစ်ကြောင်း လည်း သုံးသပ်ထားသည်။
"အစိုးရတွေက ဘတ်ဂျက်လိုငွေပြတိုင်းပြတိုင်း treasury bond က ထုတ်ရောင်းရတယ်။ မရောင်း ရင် ငွေရိုက်ထုတ်ကြတယ်။ ဗဟိုဘဏ်ပိုင်ဆိုင်မှုထဲမှာ အစိုးရပိုင်တာရှိသလို ၊ ပုဂ္ဂလိက ပိုင်ဆိုင်တာလည်းရှိ တယ်" ဟု စီးပွားရေးပညာရှင်တစ်ဦးကဆိုသည်။
IMF မှထောက်ပြသည့်အထဲတွင် နိုင်ငံတော်အစိုးရအနေဖြင့် အရန်ငွေကြေးတိုးတက်အောင် လုပ်ဆောင် သင့်ကြောင်း၊ ငွေကြေးလဲလှယ်နှုန်းအပေါ် အများကြီးအာရုံစိုက်နေခြင်းအား လျော့ချသင့်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ယင်းအနေအထားပေါ်တွင် ကောင်းမွန်စွာ ထိန်းကျောင်းနိုင်မှသာ ဖြစ်ပေါ် လာနိုင်သော ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သုံးသပ်ထားသည်။
အလားတူ မြန်မာနိုင်ငံ၏ ငွေကြေးကဏ္ဍနှင့် ဘဏ္ဍာရေးမူဝါဒများကို ပြုပြင် ရန်လို အပ်နေသေးကြော င်း၊ နိုင်ငံတော်ဘဏ်များ၏ အခန်းကဏ္ဍကိုလည်း ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်နေကြောင်း သုံးသပ် ထားသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားသုံးသီးသန့် ငွေစာရင်းတွင် ၂၀၁၃ ခုနှစ်အောက်တို ဘာလ ၂၉ ရက်နေ့အထိ စာရင်းအရ နိုင်ငံတောမှ ပိုင်ဆိုင်ထားသည့် ရွေ ပမာဏ တန်ချိန် ၇ ဒသာမ ၁၅၃၃ တန်နှင့် နိုင်ငံခြား သုံးငွေပိုင်ဆိုင်မှု ပမာဏစုစုပေါင်း ၈ ဒသမ ၁၃ ဘီလျံခန့်ရှိသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။ မြန်မာနိုင်ငံ ရဲ့ နိုင်ငံခြားသုံးသီးသန့် ငွေစာရင်း တွင် ရွှေ စာရင်းကို နိုင်ငံတော်ဗဟိုဘဏ်က ထိန်းသိမ်းထားရှိပြီး နိုင်ငံခြားသုံးငွေကိုမူ ဗဟိုဘဏ်နှင့် နိုင်ငံတော် ဘဏ်များတွင် ငွေသားအဖြစ် ထိန်းသိမ်းထားကာ ပြည်ပတွင်ရှိသည့် အဆက်အသွယ်ဘဏ်များ တွင် ငွေ စာရင်း ဖွင့်လှစ်ထားကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment