Wednesday 2 April 2014

ရွှေအများပိုင် ကုမ္ပဏီက ၂၀၀ ဂရမ်ရွှေပြားသစ်များ ထုတ်မည်

Photo: ရွှေအများပိုင် ကုမ္ပဏီက ၂၀၀ ဂရမ်ရွှေပြားသစ်များ ထုတ်မည်

ရန်ကုန်၊ ဧပြီ ၁

မြန်မာ့ရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီက အလေးချိန်ပိုများသည့် ၅၀ ဂရမ်၊ ၁၀၀ ဂရမ်၊ ၂၀၀ ဂရမ် ရွှေပြားများ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ အုပ်ချူပ်မှု ဒါရိုက်တာ  ဦးကျော်ဝင်းက ပြောကြားသည်။

အဆိုပါ ရွှေပြားများ ဈေးကွက်အတွင်း ထုတ်လုပ် ဖြန့်ချိနိုင်ရန် ရွှေပြားထုတ် စက်သစ်များကို ပြည်ပမှ မှာယူထားကြောင်း မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီထံမှ သိရသည်။
“၁၀၀ ဂရမ်တို့၊ ၂၀၀ ဂရမ်တို့ လုပ်ဖို့အတွက် ခုချိန်က ကုန်ကြမ်းရှားနေသေးလို့ ကုန်ကြမ်းပေါတဲ့ အချိန်လောက် ကျမှထုတ်ဖို့။ ကြိုတင်ရအောင် ခုကတည်းက ပြည်ပကနေ ရွှေထုတ်လုပ်တဲ့စက်တွေ မှာထားပါတယ်” ဟု ၎င်းကဆိုသည်။ 

လက်ရှိ ထုတ်လုပ်နေသည့် ၂ ဒသမ ၅ ဂရမ်နှင့် ၅ ဂရမ် ရွှေပြားများအတွက် ကုန်ကြမ်းကို ပြည်တွင်း အခေါက်ရွှေဈေးကွက် အတွင်းမှ ဝယ်ယူ စုဆောင်းပြီး ၉၉ ဒသမ ၉၉ နိုင်ငံတကာ အရည်အသွေး ပြည့်မီသည့် ရွှေပြားပြုလုပ်ကာ ပြန်လည် ရောင်းချနေကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။

ယင်းဂရမ်ပြားများကို တစ်နေ့ အပြား ၄၀၀ ထိ ဈေးကွက်အတွင်း ရောင်းချနေပြီး မေလတွင် ကိုယ်စားလှယ်များ ခန့်အပ်ကာ ဈေးကွက် ထပ်မံတိုးချဲ့သွားမည်ဟု အဆိုပါ အများပိုင်ကုမ္ပဏီက ကြေညာထားသည်။

ပြည်တွင်း ရွှေဈေးကွက်အတွင်း အစိုးရထုတ် ရွှေဒင်္ဂါးပြားများမှာ တစ်ကျပ်သားလျှင် ၁၆ ဒသမ ၃၂၉ ဂရမ်ရှိပြီး ရန်ကုန် ရွှေဈေးကွက်ရှိ ဒင်္ဂါးပြားမှာ ၁၆ ဒသမ ၆၀၆ ဂရမ်နှင့် မန္တလေးဈေးကွက်ရှိ ဒင်္ဂါးပြားမှာ တစ်ကျပ်သားလျှင် ၁၆ ဒသမ ၆ ဂရမ်ဖြင့် ဈေးကွက်အတွင်း အလေးချိန် မတူညီမှုများ ရှိနေသည်။

အများပိုင်ကုမ္ပဏီမှ အသစ်ထပ်မံ ထုတ်လုပ်မည့် ရွှေဂရမ်ပြားများမှာ ၁၀၀ ဂရမ်တစ်ပြားလျှင် ၆ ကျပ်သားဝန်းကျင် ရှိကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။
မြန်မာ့ရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီက အလေးချိန်ပိုများသည့် ၅၀ ဂရမ်၊ ၁၀၀ ဂရမ်၊ ၂၀၀ ဂရမ် ရွှေပြားများထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ အုပ်ချူပ်မှုဒါရိုက်တာ ဦးကျော်ဝင်း က ပြော ကြားသည်။
အဆိုပါ ရွှေပြားများ ဈေးကွက်အတွင်း ထုတ်လုပ် ဖြန့်ချိနိုင်ရန် ရွှေပြားထုတ် စက်သစ်များကို ပြည်ပမှ မှာယူထားကြောင်း မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီထံမှ သိရသည်။

“၁၀၀ ဂရမ်တို့၊ ၂၀၀ ဂရမ်တို့ လုပ်ဖို့အတွက် ခုချိန်က ကုန်ကြမ်းရှားနေသေးလို့ ကုန်ကြမ်းပေါတဲ့ အချိန်လောက် ကျမှ ထုတ်ဖို့။ ကြိုတင်ရအောင် ခုကတည်းက ပြည်ပကနေ ရွှေထုတ်လုပ်တဲ့စက်တွေ မှာထား ပါ တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ထုတ်လုပ်နေသည့် ၂ ဒသမ ၅ ဂရမ်နှင့် ၅ ဂရမ် ရွှေပြားများအတွက် ကုန်ကြမ်းကို ပြည်တွင်း အခေါက်ရွှေဈေးကွက် အတွင်းမှ ဝယ်ယူ စုဆောင်းပြီး ၉၉ ဒသမ ၉၉ နိုင်ငံတကာ အရည် အသွေး ပြည့်မီသည့် ရွှေပြားပြုလုပ်ကာ ပြန်လည် ရောင်းချနေကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။

ယင်းဂရမ်ပြားများကို တစ်နေ့ အပြား ၄၀၀ ထိ ဈေးကွက်အတွင်း ရောင်းချနေပြီး မေလတွင် ကိုယ်စားလှယ် များ ခန့်အပ်ကာ ဈေးကွက် ထပ်မံတိုးချဲ့သွားမည်ဟု အဆိုပါ အများပိုင်ကုမ္ပဏီက ကြေညာထားသည်။

ပြည်တွင်း ရွှေဈေးကွက်အတွင်း အစိုးရထုတ် ရွှေဒင်္ဂါးပြားများမှာ တစ်ကျပ်သားလျှင် ၁၆ ဒသမ ၃၂၉ ဂရမ်ရှိပြီး ရန်ကုန် ရွှေဈေးကွက်ရှိ ဒင်္ဂါးပြားမှာ ၁၆ ဒသမ ၆၀၆ ဂရမ်နှင့် မန္တလေးဈေးကွက်ရှိ ဒင်္ဂါးပြားမှာ တစ်ကျပ်သားလျှင် ၁၆ ဒသမ ၆ ဂရမ်ဖြင့် ဈေးကွက်အတွင်း အလေးချိန် မတူညီမှုများ ရှိနေသည်။

အများပိုင်ကုမ္ပဏီမှ အသစ်ထပ်မံ ထုတ်လုပ်မည့် ရွှေဂရမ်ပြားများမှာ ၁၀၀ ဂရမ်တစ်ပြားလျှင် ၆ ကျပ်သား ဝန်း ကျင် ရှိကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment