Wednesday 2 April 2014

မြောက်ကိုရီးယားအား လက်တုံ့ပြန်ခြင်းကို တောင်ကိုရီးယား ကာကွယ်ပြောဆို

အငြင်းပွားနေသော တောင်-မြောက်ကိုရီးယားရေပိုင်နက် နယ်နိမိတ်အနီးတွင် အမြောက်ဖြင့် အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားက ယင်းတုံ့ပြန်မှုနှင့် ပတ်သက်ပြီး အခိုင်အမာ ကာကွယ်ပြောဆိုခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားမှ မတ်လ ၃၁ တွင် အမြောက်ဖြင့် အကြိမ် ၅၀၀ ကို သုံးနာရီကြာပစ်လွှတ်ခဲ့ပြီး ထိုထဲမှ အမြောက်ဆန် ၁၀၀ ခန့်မှာ တောင်ကိုရီးယား ရေပိုင်နက်ထဲသို့ ကျရောက်ခဲ့သည်။

ယင်းဖြစ်ရပ်ဖြစ်ပြီးနောက် တောင်ကိုရီးယားမှ ချက်ချင်းပြန်လည်တုံ့ပြန်သောအားဖြင့် အမြောက်ဖြင့် အကြိမ် ၃၀၀ ခန့် ပြန်လည်ပစ်ခတ်ခဲ့သည်။ နှစ်ဖက်စလုံးမှ အမြောက်များ အပြန်အလှန်ပစ်ခတ်ခဲ့သော် လည်း ပင်လယ်ထဲသို့သာ ကျရောက်ခဲ့ပြီး မြေပြင် (သို့) စစ်ဘက်ဆိုင်ရာပစ်္စည်းများသို့ ထိခိုက်မှုမရှိခဲ့ချေ။ “ကျွန်တော်တို့ အနေနဲ့ ပြန်လည်တုံ့ ပြန်တာက အခြေအနေပေါ်မူတည်ပြီး လုံလောက်မှုရှိတယ်လို့ ယုံ ကြည် တယ်” ဟု တောင်ကိုရီးယား ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်းဝိုက သတင်းထောက် များကို ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့မူဝါဒက မြောက်ကိုရီးယားဘက်က လက်မလျှော့မချင်း လုံလောက် တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်သွားခြင်းပါ” ဟု ကင်ကဆက်လက်ပြောကြားသည်။

ထို့နောက် ၎င်းက မြောက်ကိုရီးယား၏ အမြောက်များကြောင့် တောင်ကိုရီးယားရှိ အဆောက်အအုံများ၊ လူများကို ထိခိုက်ခဲ့ပါက စစ်ရေးအရ ချက်ချင်းတုံ့ပြန်မည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment