Wednesday 2 April 2014

မိုးမကျခင် သိမ်းဆည်းခံ လယ်မြေတွေ ပြန်ပေးဖို့ သူရဦးရွှေမန်း တိုက်တွန်း

Photo: မိုးမကျခင် သိမ်းဆည်းခံ လယ်မြေတွေ ပြန်ပေးဖို့ သူရဦးရွှေမန်း တိုက်တွန်း
Wednesday, April 02, 2014

သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို အခု မိုးမကျမီ ပြန်ပေး နိုင်အောင် ဆောင်ရွက်ပေးကြပါလို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။

ဧပြီ ၁ ရက်နေ့က ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူးခန်းမမှာ ကျင်းပတဲ့ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လာမယ့် မိုးရာသီမှာ မြေကွက်လပ်အဖြစ် ရှိမနေစေဖို့ တကယ်ပိုင်ဆိုင်တဲ့ မြေပိုင်ရှင်တွေကို မြန်မြန် ပြန်ရအောင် အကောင်အထည် ဖော်ပေးသင့်ကြောင်းနဲ့ ဒါမှသာ လယ်သိမ်းခံရတဲ့မိသားစုတွေလည်း ပြန် အဆင်ပြေလာမှာ ဖြစ်ပြီး စပါးလည်း အထွက်တိုးလာမှာ ဖြစ်တယ်လို့ သူရဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။

စစ်တပ်ကတော့ သူတို့ သိမ်းထားတဲ့ လယ်ယာမြေ ဧက ၁ သိန်းခွဲကျော် ပြန်ပြီး စွန့်လွှတ်မယ်လို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။

DVB 
သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို အခု မိုးမကျမီ ပြန်ပေး နိုင်အောင် ဆောင် ရွက်ပေးကြပါလို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ တာဝန်ရှိသူတွေကို တိုက် တွန်း လိုက်ပါတယ်။
ဧပြီ ၁ ရက်နေ့က ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူးခန်းမမှာ ကျင်းပတဲ့ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး မှာ သူ က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လာမယ့် မိုးရာသီမှာ မြေကွက်လပ်အဖြစ် ရှိမနေစေဖို့ တကယ်ပိုင်ဆိုင်တဲ့ မြေပိုင်ရှင်တွေ ကို မြန်မြန် ပြန် ရအောင် အကောင်အထည် ဖော်ပေးသင့်ကြောင်းနဲ့ ဒါမှသာ လယ်သိမ်းခံရတဲ့မိသားစုတွေလည်း ပြန် အဆင်ပြေလာမှာ ဖြစ်ပြီး စပါးလည်း အထွက်တိုးလာမှာ ဖြစ်တယ်လို့ သူရဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။

စစ်တပ်ကတော့ သူတို့ သိမ်းထားတဲ့ လယ်ယာမြေ ဧက ၁ သိန်းခွဲကျော် ပြန်ပြီး စွန့်လွှတ် မယ် လို့ ပြောဆို ထား ပြီး ဖြစ်ပါတယ်။

DVB

No comments:

Post a Comment