Wednesday 2 April 2014

ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ထောင်သုံးလချ

Photo: ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ထောင်သုံးလချ
Wednesday, April 2, 2014

မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ဧပြီလ ၁ ရက်နေ့ တွင် ထောင်ဒဏ်သုံးလ ချမှတ်လိုက်ကြောင်း ဦးနေမျိုးဇင်က ပြောကြားသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဗန္ဓုလပန်းခြံတွင် ခွင့်ပြုချက် မရဘဲ တောင်သူလယ်သမားအရေး ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ခဲ့သည့် အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဟုတ်ပါတယ်။ အခုပဲ အချုပ်ကားပေါ် တက်တော့မလို့ပါ” ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်က The Voice ၏ ဆက်သွယ်မေးမြန်း မှုကို ပြန်လည် ဖြေဆိုသည်။

ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်သော အဆိုပါ ပုဒ်မအတွက် ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ကို ထောင်ဒဏ်တစ်မျိုးတည်းသာ ချမှတ်ခဲ့ကြောင်း မြန်မာလူမှုဘဝကွန်ရက် အတွင်းရေးမှူးက ဆိုသည်။

နိုင်ငံတည်ဆောက်ရေး ကဏ္ဍတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်ရန် နိုင်ငံတော်သမ္မတကြီးက ပြောဆိုထားသော်လည်း တောင်သူလယ်သမားအရေး ဆောင်ရွက်သူများ၊ နိုင်ငံရေးသမားများကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ထောင်ချနေမှုသည် သမ္မတ၏ ပြောဆိုမှုကို အောက်ခြေ ဝန်ထမ်းများ လိုက်နာမှု မရှိသည်ကို ပြသနေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ မူလပြစ်ဒဏ်များကို ထက်ဝက် လျှော့ချထားသည့် ဥပဒေ ပြင်ဆင်ချက်ကို မတ်လ နောက်ဆုံးပတ်က ပြည်သူ့လွှတ်တော်တွင် အတည်ပြုထားသည်။

The Voice Weekly
မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူ လယ် သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ဧပြီလ ၁ ရက်နေ့ တွင် ထောင်ဒဏ်သုံးလ ချမှတ်လိုက်ကြောင်း ဦးနေမျိုးဇင်က ပြောကြားသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဗန္ဓုလပန်းခြံတွင် ခွင့်ပြုချက် မရဘဲ တောင်သူလယ်သမားအရေး ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ခဲ့သည့် အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ဟုတ်ပါတယ်။ အခုပဲ အချုပ်ကားပေါ် တက်တော့မလို့ပါ” ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်က The Voice ၏ ဆက်သွယ်မေးမြန်း မှုကို ပြန်လည် ဖြေဆိုသည်။

ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်သော အဆိုပါ ပုဒ်မအတွက် ဦးနေမျိုးဇင်နှင့် ဦးဝင်းချို တို့ကို ထောင်ဒဏ်တစ်မျိုးတည်းသာ ချမှတ်ခဲ့ကြောင်း မြန်မာလူမှုဘဝကွန်ရက် အတွင်းရေးမှူးက ဆိုသည်။

နိုင်ငံတည်ဆောက်ရေး ကဏ္ဍတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်ရန် နိုင်ငံတော်သမ္မတကြီး က ပြောဆို ထားသော်လည်း တောင်သူလယ်သမားအရေး ဆောင်ရွက်သူများ၊ နိုင်ငံရေးသမားများကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ထောင်ချနေမှုသည် သမ္မတ၏ ပြောဆိုမှုကို အောက်ခြေ ဝန်ထမ်းများ လိုက်နာမှု မရှိသည် ကို ပြသနေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ မူလပြစ်ဒဏ်များကို ထက် ဝက် လျှော့ချထားသည့် ဥပဒေ ပြင်ဆင်ချက်ကို မတ်လ နောက်ဆုံးပတ်က ပြည်သူ့လွှတ်တော်တွင် အတည်ပြု ထားသည်။

The Voice Weekly

No comments:

Post a Comment