Wednesday 2 April 2014

တရားမဝင် မိုဘိုင်းလ်ဖုန်းဈေးကွက် Mobile Team လိုက်လံစစ်ဆေးမည်

Photo: တရားမဝင် မိုဘိုင်းလ်ဖုန်းဈေးကွက် Mobile Team လိုက်လံစစ်ဆေးမည်
Wednesday, April 2, 2014

မြန်မာနိုင်ငံ၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော မိုဘိုင်းလ် ဟန်းဆက်များမှာ တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်မှု များပြားခြင်းကြောင့် Mobile Team က လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

တရားမဝင် တင်သွင်းထားသည့် မိုဘိုင်းလ် ဟန်းဆက်များ တွေ့ရှိပါက အခွန်ရုံးသို့ ခေါ်ယူ အခွန်စည်းကြပ်ခြင်း၊ ပစ္စည်းများကို သိမ်းဆည်းခြင်း ပြုလုပ်မည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
“ဒီလိုလုပ်ရတာက အခွန်မဲ့ ဟန်းဆက်တွေ ဈေးကွက်ထဲမှာ များနေလို့ပါ။ အခွန်ဆောင်ထားတယ် ဆိုရင်လည်း အထောက်အထား ပြနိုင်ရပါမယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ပြည်တွင်းတွင် အရောင်းပြခန်း ဖွင့်လှစ်ကာ တရားဝင် အခွန်ပေးဆောင်၍ ရောင်းချလျက်ရှိသော မိုဘိုင်းလ် ဟန်းဆက်များ၏ ဈေးနှုန်းမှာ တရားမဝင် ဝင်ရောက်လျက်ရှိသော ဟန်းဆက်များထက် ဈေးနှုန်း အနည်းငယ် မြင့်မားကြောင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူအချို့ထံမှ သိရသည်။

ဈေးနှုန်း ကွာခြားရခြင်းသည် ဈေးကွက် လိုအပ်ချက်အပေါ် မူတည်၍သာ ပြောင်းလဲခြင်း ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း ကုမ္ပဏီအချို့ထံမှ သိရသည်။

“သုံးစွဲသူကတော့ မော်ဒယ်လ် အသင့်အတင့်ဖြစ်ပြီး ဈေးသင့်တယ်ဆိုရင် လာကြမှာပါပဲ။ အခွန်နဲ့ မဆိုင်ပါဘူး” ဟု KMD ကုမ္ပဏီမှ ဈေးကွက် မန်နေဂျာ ဦးဇာနည်ဟိန်းက ပြောကြားသည်။

ပြည်တွင်းတွင် ရောက်ရှိနေသော မိုဘိုင်းလ် ဟန်းဆက်များ၏ ၉၉ ရာခိုင်နှုန်းခန့်သည် တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်ထားသော ဟန်းဆက်များ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

တရားမဝင် မိုဘိုင်းလ် ဟန်းဆက်များ မည်သည့် လမ်းကြောင်းမှ ဝင်ရောက်နေခြင်းကို သိရှိရန် တရားဝင် တင်သွင်းခွင့်ရ ကုမ္ပဏီအချို့နှင့် မတ်လ ၃၁ ရက်နေ့က တွေ့ဆုံခဲ့ပြီး ဆွေးနွေးလျက် ရှိကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

The Voice Weekly
မြန်မာနိုင်ငံ၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော မိုဘိုင်းလ် ဟန်းဆက်များမှာ တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်မှု များပြားခြင်းကြောင့် Mobile Team က လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။
တရားမဝင် တင်သွင်းထားသည့် မိုဘိုင်းလ် ဟန်းဆက်များ တွေ့ရှိပါက အခွန်ရုံးသို့ ခေါ်ယူ အခွန် စည်းကြပ်ခြင်း၊ ပစ္စည်းများကို သိမ်းဆည်းခြင်း ပြုလုပ်မည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “ဒီလို လုပ်ရ တာက အခွန်မဲ့ ဟန်းဆက်တွေ ဈေးကွက်ထဲမှာ များနေလို့ပါ။ အခွန်ဆောင်ထားတယ် ဆိုရင်လည်း အထောက်အထား ပြနိုင်ရပါမယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦး က ပြောကြားသည်။

ပြည်တွင်းတွင် အရောင်းပြခန်း ဖွင့်လှစ်ကာ တရားဝင် အခွန်ပေးဆောင်၍ ရောင်းချလျက်ရှိသော မိုဘိုင်းလ် ဟန်းဆက်များ၏ ဈေးနှုန်းမှာ တရားမဝင် ဝင်ရောက်လျက်ရှိသော ဟန်းဆက်များထက် ဈေးနှုန်း အနည်းငယ် မြင့်မားကြောင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူအချို့ထံမှ သိရသည်။

ဈေးနှုန်း ကွာခြားရခြင်းသည် ဈေးကွက် လိုအပ်ချက်အပေါ် မူတည်၍သာ ပြောင်းလဲခြင်း ဖြစ်ကြောင်း မိုဘိုင်းလ် ဖုန်း ကုမ္ပဏီအချို့ထံမှ သိရသည်။

“သုံးစွဲသူကတော့ မော်ဒယ်လ် အသင့်အတင့်ဖြစ်ပြီး ဈေးသင့်တယ်ဆိုရင် လာကြမှာပါပဲ။ အခွန်နဲ့ မဆိုင်ပါဘူး” ဟု KMD ကုမ္ပဏီမှ ဈေးကွက် မန်နေဂျာ ဦးဇာနည်ဟိန်းက ပြောကြားသည်။

ပြည်တွင်းတွင် ရောက်ရှိနေသော မိုဘိုင်းလ် ဟန်းဆက်များ၏ ၉၉ ရာခိုင်နှုန်းခန့်သည် တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်ထားသော ဟန်းဆက်များ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

တရားမဝင် မိုဘိုင်းလ် ဟန်းဆက်များ မည်သည့် လမ်းကြောင်းမှ ဝင်ရောက်နေခြင်းကို သိရှိရန် တရားဝင် တင်သွင်းခွင့်ရ ကုမ္ပဏီအချို့နှင့် မတ်လ ၃၁ ရက်နေ့က တွေ့ဆုံခဲ့ပြီး ဆွေးနွေးလျက် ရှိကြောင်း အခွန် စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment