ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့တော်၌ သင်္ကြန်ပွဲတော် ကာလတွင် လုံခြုံရေးအဆင့်မြှင့်ကာ ချ ထားပေး မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က ပြောကြားသည်။
မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ မိုင်းရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်ပြီး အသက် ကယ်ဆယ်ရေး အရေးပေါ်ယာဉ်များ အသက်ကယ် မော်တော်ဘုတ်များ၊ သင်္ကြန်အတွင်း ပြဿနာ ဖြစ်ပွား ပါက ဖြေရှင်းရန် အထူးတရားရုံးများ ဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်း က ပြောဆိုသည်။
ရန်ကုန်မြို့လယ်ရှိ ကုန်သည်ကြီးများ ဟိုတယ်၊ သာကေတမြို့နယ်နှင့် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း တို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းတွင် ဗုံးပေါက်ကွဲခဲ့ပြီး အလုံမြို့နယ် ကမ်းနားလမ်းရှိ Wastern Park Ruby စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိခဲ့သည်။
ရန်ကုန်မြို့တော်တွင် ကျင်းပသော ၂၀၁၀ ပြည့်နှစ် သင်္ကြန်တွင် H2O မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့သည်။
၂၀၁၃ ခုနှစ်က သင်္ကြန်ပွဲတော်တွင် မှုခင်းပေါင်း ၁၆၉ ဖြစ်ပွားခဲ့သည့်အနက် ယစ်မျိုးအမှု ၉၁ မှု ရှိပါကြောင်း၊ ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
ရန်ကုန်မြို့တော်တွင် ယခုနှစ်အတွက် ပေတစ်ရာအထက် မဏ္ဍပ်ကြီး ၅၇ ခု ဖွင့်လှစ်ခွင့် ရရှိထားသည်။
The Voice Weekly
No comments:
Post a Comment