Wednesday 2 April 2014

မြန်မာ့ရေပိုင်နက်တွင် နိုင်ငံခြားသင်္ဘောများ ငါးဖမ်းခြင်းကို ဧပြီ ၁ တွင် တရားဝင်ပိတ်ပင်

မြန်မာ့ရေပြင်ပိုင်နက်တွင် နိုင်ငံခြား ငါးဖမ်းရေယာဉ်များက မြန်မာ့မျိုးရင်းငါးများ ၀င်ရောက်ဖမ်းဆီးခြင်းကို ဧပြီလ ၁ ရက်မှစ၍ တရားဝင်ပိတ်ပင်တားဆီးလိုက်ပြီ ဖြစ်သည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ဧပြီလ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဦးဟန်ထွန်းက “ မြန်မာ့ရေပြင်တစ်ခုလုံးမှာ နိုင်ငံခြားသဘောင်္တွေက မြန်မာ့ မျိုးရင်းငါးတွေ ၀င်ရောက် ဖမ်းဆီး တာကို ဧပြီလ ၁ ရက်ကစပြီး ပိတ်ပင်လိုက်တာပါ။ ပြည်တွင်းရေလုပ်ငန်းရှင်တွေက တောင်းဆို တာရယ်၊ မြန်မာ့ငါးသယံဇာတ လျှော့နည်းလာတာရယ်ကြောင့် ဖမ်းဆီးခွင့် ပိတ်ပင် လိုက်တာပါ” ဟုပြော သည်။

သို့သော် နိုင်ငံတကာ ရေပြင်ပိုင်နက်တွင်သာမကဘဲ မြန်မာ့ရေပြင်ပိုင်နက်သို့ပါ ၀င်ရောက်ကျက်စားလေ့ ရှိသော တူနာ ငါးမျိုးများကိုမူ နိုင်ငံခြားငါးဖမ်းသဘောင်္များ ၀င်ရောက်ဖမ်းဆီးနိုင်ရန် ခွင့်ပြုပေးထားသည် ဟု ဦးဟန်ထွန်းက ပြောသည်။

“ တူနာငါးတွေဖမ်းဖို့ မြန်မာနိုင်ငံက ငါးဦးလုပ်ငန်းဦးစီးဌာနမှာ ခွင့်ပြုချက် တောင်းခံရပါတယ်။ ငါးဦးစီးဌာန က ဖမ်းဆီးခွင့်လိုင်စင်ချပေးရင် ဘယ်သူမဆို တူနာငါးတွေကို ဖမ်းဆီးလို့ ရပါတယ်” ဟု ဦးဟန်ထွန်း က ပြော သည်။

မြန်မာရေပိုင်နက်အတွင်းသို ၀င်ရောက်၍ ပိတ်ပင်မှု ပြုလုပ်ထားသည့် ငါးများကို ဖမ်းဆီးပါက ပင်လယ်ပြင် လှုံခြုံ ရေးတာဝန်ယူထားသည့် တပ်မတော် ရေတပ်နှင့် ပင်လယ်ပြင်တွင် တာဝန်ယူထားသည့် ငါးဦးစီး ဌာနတို့က ဖမ်းဆီးမှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟုလည်း ဦးဟန်ထွန်းက ပြောသည်။

ဟင်္သာတ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ခရိုင်ဥက္ကဋ္ဌ ဦးစံဝင်း က “နိုင်ငံအတွင်းမှာက အလုပ်လက်မဲ့တွေ များ တယ်။ တစ်ခြားနိုင်ငံကို ပင်လယ်ရေပြင်မှာ ငါးဖမ်းဆီးမှု ပိတ်ပင်လိုက်တဲ့အတွက် ပြည်တွင်းရေလုပ်ငန်း ရှင်တွေအတွက် အကျိုးရှိတယ်။ တစ်ခြားနိုင်ငံကို ဖမ်းဆီးခွင့်ပေးထားတာ မဖြစ်သင့်ပါဘူး။ အခုလို ပိတ် ပင်လိုက်တဲ့အတွက် ရေလုပ်ငန်းလုပ်ကိုင်သူတွေ နယ်မြေတိုးချဲ့လို့ ရလာနိုင်တာပေါ့” ဟု ပြောသည်။

မြန်မာပင်လယ်ပြင်တွင် fishing right အစီအစဉ်ဖြင့် ငါးဖမ်းဆီးခွင့်ကို ၂၀၀၉-၂၀၁၀ တွင် စတင်ခွင့်ပြုပေး ခဲ့ပြီး ၂၀၁၄ မတ်လတွင် ဖမ်းဆီးခွင့်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။၂၀၀၉ မှ ၂၀၁၄ အထိ နိုင်ငံခြားငါး ဖမ်း ရေယာဉ်များမှ အခွန်ငွေအဖြစ် အမေရိကန် ဒေါ်လာ၁၃သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ၏ထုတ်ပြန်ချက်များအရ သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment