Wednesday 2 April 2014

ရခိုင် ပြည်နယ် တည်ငြိမ် အေး ချမ်း ရေး နှင့် ပြည် လုံး ကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု အောင်မြင်စွာ ဆောင်ရွက် နိုင်ရေး ပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက် သွားမည်

Photo: ရခိုင် ပြည်နယ် တည်ငြိမ် အေး ချမ်း ရေး နှင့် ပြည် လုံး ကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု အောင်မြင်စွာ ဆောင်ရွက် နိုင်ရေး ပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက် သွားမည်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်

သတင်း ထုတ်ပြန်ရေး အဖွဲ့

သတင်း ထုတ်ပြန်ချက် (၃/ ၂ဝ၁၄)

(၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်)

၁၃၇၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှ စကားပြောကြေးနန်းဖြင့် ဆက်သွယ် ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ခြင်း

၁။ ၂ဝ၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် စကားပြော ကြေးနန်းဖြင့် ဆက်သွယ်၍ အောက်ပါအတိုင်း ဆွေးနွေး ပြောကြားခဲ့သည်-

(က) ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂ဝ၁၄ခုနှစ်၊ မတ်လ ၂၆ ရက်နှင့် ၂၇ရက်များ၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်မီ ထိန်းသိမ်းမှုကို ဆောင်ရွက် နိုင်ခဲ့ပြီး ယခုအချိန်တွင် အခြေအနေတည်ငြိမ်၍ တရားဥပဒေစိုးမိုးမှု ပြန်လည် ရရှိနေပြီ ဖြစ်ကြောင်း၊

(ခ) ယင်းဖြစ်စဉ်များ နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အဖွဲ့ အစည်းများနှင့် လူသားချင်း စာနာ ထောက်ထားရေး ဆိုင်ရာ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ဘေးကင်း လုံခြုံရေးနှင့် ယင်းတို့နှင့် သက်ဆိုင်သည့် အဆောက်အအုံများ လုံခြုံရေးတို့ အတွက် အပြည့်အဝ ကာကွယ် စောင့်ရှောက် ပေးထားကြောင်း၊

(ဂ) စစ်တွေမြို့မှ ပြန်လည်ထွက်ခွာ လိုသော အဖွဲ့အစည်း အသီးသီးမှ ဝန်ထမ်းများနှင့် လုပ်သားများ ဘေးကင်းစွာ ပြန်လည် ထွက်ခွာနိုင်ရန် စီစဉ် ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်ရှိသူများနှင့် အဆောက်အအုံများ လုံခြုံရေး အပါအဝင် လိုအပ်သော ပံ့ပိုးမှု များကိုလည်း အစိုးရက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊

(ဃ) ကုလသမဂ္ဂမှ လူသားချင်း စာနာ ထောက်ထားသော ထောက်ပံ့ ကူညီမှုများအတွက် ကျေးဇူးတင် ရှိကြောင်း၊ ဆက်လက်၍လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာ ကူညီမှုများအား ထိရောက်စွာ ထောက်ပံ့နိုင် စေရန် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊

(င) စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ် အပေါ် ဖြစ်စဉ် အမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း တာဝန်ပေး၍ စစ်ဆေး စေလျက်ရှိပြီး နိုင်ငံတော် သမ္မတထံ အစီရင်ခံ တင်ပြစေရန် ဆောင်ရွက်ထားကြောင်း၊

(စ) နိုင်ငံတော် အစိုးရအနေဖြင့် တရားဥပဒေနှင့် မညီညွတ်သော မည်သည့် ချိုးဖောက်မှု မျိုးကိုမဆို တည်ဆဲ ဥပဒေများ နှင့်အညီ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ကြောင်း၊

(ဆ) မြန်မာနိုင်ငံ တစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို နိုင်ငံတကာ အဆင့်အတန်းနှင့် ညီညွတ်စေရန် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက် လျက် ရှိကြောင်း၊

(ဇ) ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအား လေ့လာနိုင်ရန် နိုင်ငံတကာမှ လေ့လာသူ ၂ဝ ဦးကို လက်ခံ ထားရှိ ကြောင်း၊

(ဈ) ဒုတိယသမ္မတ ဦးစီး၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများ ပါဝင်သော အဖွဲ့အား ရခိုင်ပြည်နယ်သို့ စေလွှတ်၍ လိုအပ်သည့် စီမံခန့်ခွဲမှုများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် စေခဲ့ကြောင်း။

၂။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူမှု အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တို့အတွက် ပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲ၍ ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ ထို့ပြင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ချမှတ်ထားသော နိုင်ငံခြားရေး မူဝါဒ နှင့်အညီ ကုလ သမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

သတင်း ထုတ်ပြန်ရေး အဖွဲ့
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
သတင်း ထုတ်ပြန်ရေး အဖွဲ့
သတင်း ထုတ်ပြန်ချက် (၃/ ၂ဝ၁၄)
(၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်)
၁၃၇၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှ စကားပြောကြေး နန်းဖြင့် ဆက်သွယ် ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ခြင်း
၁။ ၂ဝ၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် စကားပြော ကြေးနန်းဖြင့် ဆက်သွယ်၍ အောက်ပါအတိုင်း ဆွေးနွေး ပြောကြားခဲ့သည်-

(က) ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂ဝ၁၄ခုနှစ်၊ မတ်လ ၂၆ ရက်နှင့် ၂၇ရက်များ၌ ဖြစ်ပွား ခဲ့သော ဖြစ် စဉ်များနှင့် စပ်လျဉ်း၍ အချိန်မီ ထိန်းသိမ်းမှုကို ဆောင်ရွက် နိုင်ခဲ့ပြီး ယခုအချိန်တွင် အခြေအနေတည်ငြိမ်၍ တရားဥပဒေစိုးမိုးမှု ပြန်လည် ရရှိနေပြီ ဖြစ်ကြောင်း၊

(ခ) ယင်းဖြစ်စဉ်များ နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အဖွဲ့ အစည်းများနှင့် လူသားချင်း စာနာ ထောက်ထားရေး ဆိုင်ရာ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ဘေးကင်း လုံခြုံရေးနှင့် ယင်းတို့နှင့် သက်ဆိုင်သည့် အဆောက် အအုံများ လုံခြုံရေးတို့ အတွက် အပြည့်အဝ ကာကွယ် စောင့်ရှောက် ပေးထားကြောင်း၊

(ဂ) စစ်တွေမြို့မှ ပြန်လည်ထွက်ခွာ လိုသော အဖွဲ့အစည်း အသီးသီးမှ ဝန်ထမ်းများနှင့် လုပ်သားများ ဘေး ကင်း စွာ ပြန်လည် ထွက်ခွာနိုင်ရန် စီစဉ် ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်ရှိသူများနှင့် အဆောက် အအုံ များ လုံခြုံရေး အပါအဝင် လိုအပ်သော ပံ့ပိုးမှု များကိုလည်း အစိုးရက ကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း၊

(ဃ) ကုလသမဂ္ဂမှ လူသားချင်း စာနာ ထောက်ထားသော ထောက်ပံ့ ကူညီမှုများအတွက် ကျေးဇူးတင် ရှိကြောင်း၊ ဆက်လက်၍လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာ ကူညီမှုများအား ထိရောက်စွာ ထောက်ပံ့နိုင် စေရန် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊

(င) စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ် အပေါ် ဖြစ်စဉ် အမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း တာဝန်ပေး၍ စစ်ဆေး စေလျက်ရှိပြီး နိုင်ငံတော် သမ္မတထံ အစီရင်ခံ တင်ပြစေ ရန် ဆောင်ရွက်ထားကြောင်း၊

(စ) နိုင်ငံတော် အစိုးရအနေဖြင့် တရားဥပဒေနှင့် မညီညွတ်သော မည်သည့် ချိုးဖောက်မှု မျိုးကိုမဆို တည် ဆဲ ဥပဒေများ နှင့်အညီ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ကြောင်း၊

(ဆ) မြန်မာနိုင်ငံ တစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို နိုင်ငံတကာ အဆင့်အတန်းနှင့် ညီညွတ်စေရန် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက် လျက် ရှိကြောင်း၊

(ဇ) ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအား လေ့လာနိုင် ရန် နိုင်ငံတကာမှ လေ့လာသူ ၂ဝ ဦးကို လက်ခံ ထားရှိ ကြောင်း၊

(ဈ) ဒုတိယသမ္မတ ဦးစီး၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများ ပါဝင်သော အဖွဲ့အား ရခိုင်ပြည်နယ်သို့ စေလွှတ်၍ လိုအပ်သည့် စီမံခန့်ခွဲမှုများ ပေါင်း စပ် ညှိနှိုင်း ဆောင်ရွက် စေခဲ့ကြောင်း။

၂။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ရခိုင်ပြည်နယ် တည်ငြိမ် အေး ချမ်းရေးနှင့် ပြည် လုံး ကျွတ်သန်းခေါင် စာရင်း ကောက်ယူမှု အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး တို့အတွက် ပြည်သူ တစ်ရပ်လုံးနှင့် လက်တွဲ၍ ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ ထို့ပြင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ချမှတ်ထားသော နိုင်ငံခြားရေး မူဝါဒ နှင့်အညီ ကုလ သမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

သတင်း ထုတ်ပြန်ရေး အဖွဲ့

No comments:

Post a Comment