Wednesday, 2 April 2014

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအချို့တွင်ကေအိုင်အေတားမြစ်မှုကြောင့် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိ

မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ၁၂ ရက်ကြာ ပြည်လုံး ကျွတ်လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းများကို နိုင်ငံတစ်ဝန်းတွင် မတ် ၃ဝ ရက် နံနက်ပိုင်းမှ စတင်ကော က်ယူလျက်ရှိရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသအချို့တွင် ကေအိုင်အေ တပ်ဖွဲ့ဝင် များ၏ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိကြောင်း မတ် ၃ဝ ရက် ညနေ ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ရရှိသောသတင်းအရ သိရ သည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိသည့်နေရာများမှာ ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်ခွဲ ပန် ခမ်းကျေးရွာ၊ မန်စီမြို့နယ် မန်ဝိန်းကြီးဒေသကျေးရွာအုပ်စုခြောက်အုပ်စုနှင့် အင်ဘာပါကျေးရွာအုပ်စု ခုနစ်အုပ်စုတို့မှ ကျေးရွာပေါင်း ၆၆ ရွာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲခရိုင်မန်တုံမြို့နယ် မန်ပွန်းကျေးရွာ(ကချင်) နှင့် မန်ကျော့ကျေးရွာအုပ်စု၊ မိုးမိတ်မြို့နယ်ရှိ တောင်ပေါ်ကချင်ရွာ ခုနစ်ရွာဖြစ်သည့် တုံးကြီး၊ လွယ်ယာ၊ မိုင်းနင်း၊ မန်ယွင်း၊ မန်ကာ၊ ဟင်ခုတ်၊ နားခါးလုံကျေးရွာ၊ မိုင်းလုံမြို့နယ်ခွဲ လွယ် ဆာကျေးရွာ အုပ်စု နားလော့ရွာနှင့်မန်မော်အုပ်စုတို့ဖြစ်ကြသည်။

The Union Daily

No comments:

Post a Comment