Wednesday 2 April 2014

သင်္ကြန် နေပြည်တော်မှာ ရှိမယ်လို့ဆိုတဲ့ သရုပ်ဆောင်ရွှေမှုံရတီ

Photo: သင်္ကြန် နေပြည်တော်မှာ ရှိမယ်လို့ဆိုတဲ့ သရုပ်ဆောင်ရွှေမှုံရတီ
Wednesday, April 2, 2014

ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို အပြည့်အဝရရှိထားပြီဖြစ်တဲ့ သရုပ်ဆောင်ရွှေမှုံရတီကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ သူမက ‘အခု လတ်တလော မှာတော့ ကိုခန့်စည်သူနဲ့ ဗီဒီယိုဇာတ်ကားရိုက်နေပါတယ်။ ဒါရိုက်တာ ကိုနေပိုင်ပါ။ ဒီကားပြီးသွားရင် နောက်ထပ်လည်း ဗီဒီယိုဇာတ်ကားတွေပဲ ထပ်ပြီး ရိုက်ဖြစ်သွားမှာပါ။ အခုဆယ်တန်းစာမေးပွဲလည်း ဖြေပြီးသွားပြီဆိုတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်တော့မှာပါ။ စာမေးပွဲနဲ့ ပတ်သက်ရင်တော့ ရွှေမှုံဘက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြေဆိုထားပါတယ်။ ၁၀တန်းဆိုတာက နတ်ကြီးတယ် လို့ ကြားဖူးထားတော့ ကြိုးစားရတာပေါ့။ ဒီနှစ်သင်္ကြန် ရွှေမှုံနေပြည်တော်မှာ မဏ္ဍပ်ထိုင်ဖို့ရှိပါတယ်။ သင်္ကြန်လေးရက်စလုံး နေပြည်တော်မှာပဲရှိပါမယ်။ အဲဒီ့ကနေမှ အောင်ပန်းမှာ ဇာတ်ကား သွားရိုက်ရမယ်။ မြန်မာနှစ်သစ်ကူးမှာ ပရိသတ်ကြီးအားလုံး လူသစ်၊ စိတ်သစ်နဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်’တဲ့။

Trend Myanmar
ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို အပြည့်အဝရရှိထားပြီဖြစ်တဲ့ သရုပ်ဆောင်ရွှေမှုံရတီကို လတ် တလော အနု ပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ သူမက ‘အခု လတ်တလော မှာတော့ ကိုခန့်စည်သူနဲ့ ဗီဒီယိုဇာတ်ကားရိုက်နေပါတယ်။

ဒါရိုက်တာ ကိုနေပိုင်ပါ။ ဒီကားပြီးသွား ရင် နောက်ထပ် လည်း ဗီဒီယိုဇာတ်ကားတွေပဲ ထပ်ပြီး ရိုက်ဖြစ်သွား မှာပါ။ အခုဆယ်တန်းစာမေးပွဲ လည်း ဖြေပြီး သွားပြီဆိုတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်တော့မှာ ပါ။ စာမေးပွဲနဲ့ ပတ်သက် ရင်တော့ ရွှေမှုံဘက် က အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြေဆိုထားပါတယ်။ ၁၀တန်းဆိုတာက နတ်ကြီးတယ် လို့ ကြားဖူး ထားတော့ ကြိုးစားရတာပေါ့။ ဒီနှစ် သင်္ကြန် ရွှေမှုံနေပြည်တော် မှာ မဏ္ဍပ်ထိုင်ဖို့ရှိပါတယ်။ သင်္ကြန်လေးရက် စလုံး နေပြည်တော်မှာပဲရှိပါမယ်။ အဲဒီ့ကနေမှ အောင်ပန်းမှာ ဇာတ်ကား သွားရိုက်ရ မယ်။ မြန်မာနှစ်သစ်ကူးမှာ ပရိသတ်ကြီးအားလုံး လူသစ်၊ စိတ်သစ်နဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက် ပါတယ်’တဲ့။

Trend Myanmar

No comments:

Post a Comment