Wednesday 2 April 2014

IFC က ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေး စီမံကိန်း၏ အကျိုးအမြတ်တွင် အစိုးရက ၅၁ ရာခိုင်နှုန်း ရယူရန် သဘောတူညီမှု ရရှိထား

Photo: IFC က ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေး စီမံကိန်း၏ အကျိုးအမြတ်တွင် အစိုးရက ၅၁ ရာခိုင်နှုန်း ရယူရန် သဘောတူညီမှု ရရှိထား
Tuesday, April 2, 2014

IFC(International Finance Corporation) နှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်မည့် လျှပ်စစ်ဓာတ်အားပေးရေး ကဏ္ဍတွင် အစိုးရက ၅၁ ရာခိုင်နှုန်း ရယူရန် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESB) ကို စီးပွားဖြစ် ကုမ္ပဏီအဖြစ် ပြောင်းလဲရမည့် လုပ်ငန်းစဉ်များနှင့် ရန်ကုန်မြို့၏ လျှပ်စစ်ယူနစ်၊ ဓာတ်အားခ၊ လျှပ်စစ်ဓာတ်အားပေးရေး အခြေအနေတို့ကို IFC (International Finance Corporation) က လေ့လာမှုပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က “အခုက ကော်ပိုရေးရှင်းလုပ်တယ်။ အဲဒီတော့ အစိုးရက ၅၁ ရာခိုင်နှုန်းနဲ့ ကျွန်တော်တို့ ပုဂ္ဂလိက,ကတော့ ၄၉ ရာခိုင်နှုန်းအချိုးနဲ့ လုပ်ဆောင်မှာပါ” ဟု ပြောကြားသည်။

ယင်းအပြင် IFC (International Finance Corporation) မှ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားပေးရေး ကဏ္ဍအတွက် လက်ရှိတွင် သဘောတူညီမှု လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ဦးထွန်းကြွယ်က ဆက်လက်ပြောကြားသည်။

သို့သော် IFC နှင့် စီးပွားဖြစ်ကုမ္ပဏီဘက်သို့ ပြောင်းလဲလုပ်ကိုင်မည့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ လုပ်ငန်းစဉ်များမှာ လက်ရှိကာလများအတွင်း လုပ်ငန်းလည်ပတ်နိုင်ဦးမည် မဟုတ်သေးဘဲ နှစ်အနည်းငယ် ကြာမြင့်နိုင်ကြောင်း သိရသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့ကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းဖြင့်လျှပ်စစ်မီးမရသော နေရာများသို့ ပုံမှန်လျှပ်စစ်မီးကို သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချသွားနိုင်ပြီး လျှပ်စစ်လေလွင့် ဆုံးရှုံးမှုများကိုလည်း လျော့နည်းသွားစေမည်ဟု သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားလိုင်းများမှ လျှပ်စစ်ဆုံးရှုံးမှုမှာ ၂၇ ရာခိုင်နှုန်းခန့်ထိ ရှိနေကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်အဖွဲ့ဝင် IFC မှာ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မြန်မာ့အရှေ့တိုင်းဘဏ်နှင့် ဖေဖော်ဝါရီလအတွင်းက လက်မှတ်ရေးထိုးမှု ပြုလုပ်ထားပြီး ဖြစ်သည်။

ယင်းအပြင် IFC (International Finance Corporation) မှာ ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးစ ဈေးကွက်များ၏ ပုဂ္ဂလိကပိုင်းတွင် အဓိကထား လုပ်ဆောင်နေသည့် အကြီးမားဆုံး ကမ္ဘာ့ဖွံ့ဖြိုးမှုဆိုင်ရာ ငွေကြေးအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၁၅၀ ရှိ ဘဏ် ၅၅၀ နှင့် ပူပေါင်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

Eleven Media Group 

ရန်ကုန်မြို့ရှိ လျှပ်စစ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းအချို့ (ဓာတ်ပုံ-နွဲ့ယဉ်အေး)
ရန်ကုန်မြို့ရှိ လျှပ်စစ်ဖြန့်ဖြူးလျက်ရှိသော ဓာတ်အားလိုင်းအချို့ (ဓာတ်ပုံ-နွဲ့ယဉ်အေး)
IFC(International Finance Corporation) နှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်မည့် လျှပ်စစ်ဓာတ်အားပေးရေး ကဏ္ဍတွင် အစိုးရက ၅၁ ရာခိုင်နှုန်း ရယူရန် သဘော တူညီမှု ရရှိထားကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESB) ကို စီးပွားဖြစ် ကုမ္ပဏီအဖြစ် ပြောင်း လဲရမည့်လုပ်ငန်းစဉ်များနှင့် ရန်ကုန်မြို့၏လျှပ်စစ်ယူနစ်၊ ဓာတ်အားခ၊ လျှပ်စစ်ဓာတ် အားပေးရေး အခြေ အနေတို့ကို IFC (International Finance Corporation) က လေ့လာမှုပြု လုပ်နေကြောင်း သိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းကြွယ်က “အခု က ကော် ပိုရေးရှင်းလုပ်တယ်။ အဲဒီတော့ အစိုးရက ၅၁ ရာခိုင်နှုန်းနဲ့ ကျွန်တော်တို့ ပုဂ္ဂလိက,ကတော့ ၄၉ ရာခိုင်နှုန်းအချိုးနဲ့ လုပ်ဆောင်မှာပါ” ဟု ပြောကြားသည်။

ယင်းအပြင် IFC (International Finance Corporation) မှ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားပေးရေး ကဏ္ဍ အတွက် လက်ရှိတွင် သဘောတူညီမှု လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ဦးထွန်းကြွယ်က ဆက်လက်ပြော ကြား သည်။

သို့သော် IFC နှင့် စီးပွားဖြစ်ကုမ္ပဏီဘက်သို့ ပြောင်းလဲလုပ်ကိုင်မည့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့၏ လုပ်ငန်းစဉ်များမှာ လက်ရှိကာလများအတွင်း လုပ်ငန်းလည်ပတ်နိုင်ဦးမည် မဟုတ်သေး ဘဲ နှစ်အနည်းငယ် ကြာမြင့်နိုင်ကြောင်း သိရသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့ကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းဖြင့်လျှပ်စစ်မီးမရသော နေရာများသို့ ပုံမှန်လျှပ်စစ်မီးကို သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချသွားနိုင်ပြီး လျှပ်စစ်လေလွင့် ဆုံးရှုံးမှုများကို လည်း လျော့နည်းသွားစေမည်ဟု သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားလိုင်းများမှ လျှပ်စစ်ဆုံးရှုံးမှုမှာ ၂၇ ရာခိုင်နှုန်းခန့်ထိ ရှိနေကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်အဖွဲ့ဝင် IFC မှာ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် မြန်မာ့အရှေ့တိုင်းဘဏ်နှင့် ဖေဖော်ဝါရီလအတွင်းက လက်မှတ်ရေးထိုးမှု ပြုလုပ် ထားပြီး ဖြစ် သည်။

ယင်းအပြင် IFC (International Finance Corporation) မှာ ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဖွံ့ဖြိုးစ ဈေးကွက်များ၏ ပုဂ္ဂလိကပိုင်းတွင် အဓိကထား လုပ်ဆောင်နေသည့် အကြီးမားဆုံး ကမ္ဘာ့ဖွံ့ဖြိုးမှုဆိုင်ရာ ငွေကြေးအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၁၅၀ ရှိ ဘဏ် ၅၅၀ နှင့် ပူပေါင်းလုပ်ဆော င်နေကြောင်း လည်း သိရသည်။

Eleven Media Group

No comments:

Post a Comment