ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲပါက ဦးနှောက် သွေးကြောပြတ်ပြီး အသက် အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် အဲကွန်းခန်းမှ နေပူထဲသို့ ထွက်ခြင်း၊ နေပူထဲမှ အဲကွန်းခန်း အတွင်းသို့ ဝင်ခြင်းများကို ဆင်ခြင်သင့်ကြောင်း သိရသည်။ ပူပြင်းသော ရာသီတွင် အဲကွန်းခန်းမှ နေပူထဲသို့ သွားပါက ဦးနှောက်အတွင်းသို့ ပို့ဆောင်သော သွေးကြောလေးများ၏ သွေးသွား၊ သွေးလာ အနှောင့်အယှက် ဖြစ်ကာ မူးမော်ခြင်း ဖြစ်တတ်ပြီး အသက် အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် မပေါ့ဆသင့်ကြောင်း၊ နီးစပ်ရာ ကျန်းမာရေး ဝန်ထမ်းများနှင့် ပြသဖို့ လိုအပ်ကြောင်း သိရသည်။
ယမန်နှစ် နွေရာသီက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် အပူဒဏ် လွန်ကဲမှုကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဆိုက်ကားသမား၊ တောင်ယာ လုပ်ကိုင်သူများထဲမှ အချို့သည် အသက်အန္တရာယ် ဖြစ်ပွားခဲ့ကြသည်။ “နေပူထဲက ပြန်လာပြီး ရေချိုး ခေါင်းလျှော် တာ။ နေပူ ထဲက ပြန် လာပြီး ရေအေးဝတ် ပတ်တာတွေက ဦးနှောက်သွေးကြော ပြတ်တာ ဖြစ်နိုင်တယ်။ ခန္ဓာကိုယ် အပူချိန် ရုတ် တရက် ပြောင်းလဲလို့ ဦးနှောက် သွေးကြော ပြတ်တာ” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ စီမံချက် ညှိနှိုင်းရေးမှူး ဒေါက်တာမြင့်ဇော်က ဆိုသည်။
ကျန်းမာရေး ဝန်ထမ်းတစ်ဦးကလည်း “ယခုဆိုရင် ရာသီဥတုက အချိန်အခါ မရွေး ဖောက်ပြန်နေတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းကဆိုရင် ရန်ကုန်မြို့ အပါအဝင် တစ်နိုင်ငံလုံး ပြင်းပြင်းထန်ထန် ပူခဲ့တယ်။ သက်ကြီးရွယ်အိုတွေ သေဆုံးတယ်။ ဒီနှစ်လဲ အရက်သမားတွေ ဦးနှောက် သွေးကြောပြ တ်ပြီး သေတာတွေ တွေ့လာနေရတယ်။ ကျွန်မတို့ ရပ်ကွက်ထဲက လူတစ်ယောက် ဟာ နေ့ခင်းကြောင်ေ တာင် ဦးနှော က်သွေးကြောပြတ်ပြီး လမ်းပေါ်မှာ ဆုံးသွားခဲ့တယ်။ လူကတော့ အကောင်းပဲ။ ဒါပေမဲ့ သူက အရက်ကို နေ့မရှောင်၊ ညမရှောင် သောက်တဲ့ လူစားမျိုးဆိုတော့ အပူရှိန်ပြင်းတဲ့ အချိန်မှာ အရက်သောက်တော့ ဦးနှောက်ကြောပြတ်ပြီး သေတာပဲ။ အရက်သောက်တတ်တဲ့ သူတွေဟာ ယခုလိုပူတဲ့ အချိန်မှာ နေ့ခင်းဘက် အရက်သောက်ရင် လျှော့သောက်သင့်တယ်။ ဖြစ်နိုင်ရင် မသောက်တာ အကောင်းဆုံးပါဘဲ” ဟု ဆိုသည်။ ထို့ပြင် ရန်ကုန် ကလေးဆေးရုံကြီးတွင်လည်း ပြီးခဲ့သော နွေရာသီတွင် ကလေးများ အပူကြီးပြီး ဆေးရုံတက်ရခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ သို့ဖြစ်၍ ပူသော ရာသီတွင် ကလေးများအား အင်္ကျီပွပွ၊ ပါးပါးများ ဝတ်ပေးခြင်း၊ ရေမကြာခဏ တိုက်ပေးခြင်း၊ လေဝင်လေ ထွက် ကောင်းသောနေရာ၊ အရိပ်ရသော နေရာများတွင် ထားခြင်းတို့ဖြင့် အပူဒဏ်ကို ကာကွယ် ရမည် ဖြစ်သည်။ ထို့ပြင် လွင်တီးခေါင်ပြင်တွင် နေထိုင်သူများနှင့် မြစ်ချောင်း နံဘေးတွင် နေထိုင်သူများ အနေဖြင့် နံနက် ၁၀ နာရီမထိုးမီနှင့် ညနေ ၅ နာရီ နောက်ပိုင်းမှသာ ရေချိုးသင့်ကြောင်း သိရသည်။
Flower News Journal
No comments:
Post a Comment