Friday 5 December 2014

ဆင်းရဲမှုကို ဖုံးကွယ်သည့် မြန်မာအစိုးရလုပ်ရပ် နော်ဝေအစိုးရဝေဖန်

Photo: ဆင်းရဲမှုကို ဖုံးကွယ်သည့် မြန်မာအစိုးရလုပ်ရပ် နော်ဝေအစိုးရဝေဖန်
Friday, December 5, 2014 

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် နော်ဝေဘုရင်နှင့် မိဘုရားတို့၏ မန္တလေးမြို့ ခရီးစဉ်တွင် ဆင်းရဲနွမ်းပါးမှုကို ကွယ်ဝှက်သည့်အနေဖြင့် မန္တလေး ဂေါဝိန်ဆိပ်ကမ်းအနီးရှိ ကျူးကျော်တဲများကို ဖယ်ရှားစေခဲ့ပြီး ဘုရင်နှင့် မိဘုရားကို ကြိုဆိုခဲ့ခြင်းသည့် မလုပ်သင့်သည့် လုပ်ရပ်ဟု န်ာဝေး လွှတ်တော် နိုင်ငံခြားရေးရာနှင့် ကာကွယ်ရေးကော်မတီ အဖွဲ့ဝင် Halleraker က ဝေဖန်လိုက်သည်ဟု နော်ဝေနိုင်ငံအခြေစိုက် NRK သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

"မြန်မာနိုင်ငံဟာ နားလည်မှု လွဲနေပါတယ်။ ဒါက အလွန်လည်း ဝမ်းနည်းစရာကောင်းပါတယ်။ မြန်မာနိုင်ငံဟာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရာမှာ နော်ဝေနိုင်ငံကျင့်သုံး လုပ်ဆောင်ခဲ့တာမျိုးနဲ့ များစွာကွဲပြားခြားနားပါတယ်။ ဘုရင်နဲ့ မိဘုရားအနေနဲ့ မြန်မာနိုင်ငံရဲ့  တကယ်အရှိတရားကို ဘယ်လိုလုပ်တွေ့ မြင်နိုင်တော့မှာလဲ" ဟု Halleraker ကို ကိုးကားလျက် NRK ကရေးသားသည်။

နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာ ဆက်သွယ်ရေးအရာရှိချုပ်ဖြစ်သူ Frode Andersen ကလည်း ဆင်းရဲနွမ်းပါးမှုသည် ဖုံးကွယ်ထားရမည့် အရာတစ်ခုမဟုတ်ဟု ဝေဖန်သည်ကို NRK က ဖေါ်ပြသည်။

"ဆင်းရဲမွဲတေမှုဆိုတာ ဖုံးကွယ်ထားရမယ့်အရာမဟုတ်ဘူး။ ဒီပြဿနာက ဖြေရှင်းရမှာဖြစ်တယ်။ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်းသွားရမယ့် ပြဿနာဖြစ်တယ်။ ဒါကြောင့် နော်ဝေနိုင်ငံအနေနဲ့  မြန်မာနိုင်ငံအတွက် ကူညီပေးဖို့လုပ်ဆောင်နေခြင်းပဲဖြစ်တယ်” ဟု Halleraker ကပြောဆိုကြောင်း NRK က ဖေါ်ပြထားသည်။

နော်ဝေဘုရင်နှင့် မိဘုရားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ရက်က ရောက်ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဒီဇင်ဘာ ၁ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၂ရက်တွင် ရန်ကုန်တက္ကသိုလ်၌လည်း မိန့်ခွန်းပြောကြားခဲ့သေးသည်။

ယင်းနောက် ဒီဇင်ဘာ ၅ ရက်တွင် မန္တလေးမြို့သို့သွားရောက်ပြီး ဧရာဝတီမြစ်ကို သင်္ဘောဖြင့် ကြည့်ရှုလည်ပတ်ရန် စီစဉ်ခဲ့ရာ ဘုရင်နှင့် မိဘုရားတို့ စီးနင်းမည့် သင်္ဘောကပ်ရာ ဂေါဝန်ဆိပ်ကမ်းအနီး ကျူးကျော်တဲများကို ဖယ်ရှားစေခဲ့ခြင်းကြောင့် အမှန်တရားကို ဖုံးကွယ်မှုအဖြစ် နော်ဝေနိုင်ငံက ရှုမြင်ခြင်းဖြစ်သည်။

၎င်းတို့နှင့်အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အစိုးရအဖွဲ့များနှင့် စီးပွားရေး ကုမ္ပဏီ ၄၀ခန့် လိုက်ပါလာခဲ့သည်။

Mizzima - News in Burmese
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် နော်ဝေဘုရင်နှင့် မိဘုရားတို့၏ မန္တလေးမြို့ ခရီးစဉ်တွင် ဆင်းရဲနွမ်းပါးမှုကို ကွယ်ဝှက်သည့်အနေဖြင့် မန္တလေး ဂေါဝိန်ဆိပ်ကမ်းအနီးရှိ ကျူးကျော်တဲများကို ဖယ်ရှား စေခဲ့ပြီး ဘုရင်နှင့် မိဘုရားကို ကြိုဆိုခဲ့ခြင်းသည့် မလုပ်သင့်သည့် လုပ်ရပ်ဟု န်ာဝေး လွှတ်တော် နိုင်ငံခြား ရေးရာနှင့် ကာကွယ်ရေးကော်မတီ အဖွဲ့ဝင် Halleraker က ဝေဖန်လိုက်သည်ဟု နော်ဝေနိုင်ငံအခြေစိုက် NRK သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

"မြန်မာနိုင်ငံဟာ နားလည်မှု လွဲနေပါတယ်။ ဒါက အလွန်လည်း ဝမ်းနည်းစရာကောင်းပါတယ်။ မြန်မာနိုင်ငံ ဟာပွင့်လင်းမြင်သာမှု ဖော်ဆောင်ရာမှာ နော်ဝေနိုင်ငံကျင့်သုံး လုပ်ဆောင်ခဲ့တာမျိုးနဲ့ များစွာကွဲပြား ခြားနားပါတယ်။ ဘုရင်နဲ့ မိဘုရားအနေနဲ့ မြန်မာနိုင်ငံရဲ့  တကယ်အရှိတရားကို ဘယ်လိုလုပ်တွေ့ မြင်နိုင် တော့မှာလဲ" ဟု Halleraker ကို ကိုးကားလျက် NRK ကရေးသားသည်။

နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာ ဆက်သွယ်ရေးအရာရှိချုပ်ဖြစ်သူ Frode Andersen ကလည်း ဆင်းရဲ နွမ်းပါးမှုသည် ဖုံးကွယ်ထားရမည့် အရာတစ်ခုမဟုတ်ဟု ဝေဖန်သည်ကို NRK က ဖေါ်ပြသည်။

"ဆင်းရဲမွဲတေမှုဆိုတာ ဖုံးကွယ်ထားရမယ့်အရာမဟုတ်ဘူး။ ဒီပြဿနာက ဖြေရှင်းရမှာဖြစ်တယ်။ ဖွံ့ ဖြိုး တိုးတက်ရေးအတွက် ဖြေရှင်းသွားရမယ့် ပြဿနာဖြစ်တယ်။ ဒါကြောင့် နော်ဝေနိုင်ငံအနေနဲ့  မြန်မာနိုင်ငံ အတွက် ကူညီပေးဖို့လုပ်ဆောင်နေခြင်းပဲဖြစ်တယ်” ဟု Halleraker ကပြောဆိုကြောင်း NRK က ဖေါ်ပြထားသည်။

နော်ဝေဘုရင်နှင့် မိဘုရားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ရက်က ရောက်ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဒီဇင်ဘာ ၁ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၂ရက်တွင် ရန်ကုန်တက္ကသိုလ်၌လည်း မိန့်ခွန်းပြောကြားခဲ့သေးသည်။

ယင်းနောက် ဒီဇင်ဘာ ၅ ရက်တွင် မန္တလေးမြို့သို့သွားရောက်ပြီး ဧရာဝတီမြစ်ကို သင်္ဘောဖြင့် ကြည့်ရှု လည်ပတ်ရန် စီစဉ်ခဲ့ရာ ဘုရင်နှင့် မိဘုရားတို့ စီးနင်းမည့် သင်္ဘောကပ်ရာ ဂေါဝန်ဆိပ်ကမ်းအနီး ကျူးကျော် တဲများကို ဖယ်ရှားစေခဲ့ခြင်းကြောင့် အမှန်တရားကို ဖုံးကွယ်မှုအဖြစ် နော်ဝေနိုင်ငံက ရှုမြင်ခြင်းဖြစ်သည်။

၎င်းတို့နှင့်အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အစိုးရအဖွဲ့များနှင့် စီးပွားရေး ကုမ္ပဏီ ၄၀ခန့် လိုက်ပါလာခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment