Friday 5 December 2014

အမျိုးသားအမျိုးသမီးတန်းတူရေး အရေးကြီးဟု သမ္မတ အသိအမှတ်ပြုပြောကြား

Photo: အမျိုးသားအမျိုးသမီးတန်းတူရေး အရေးကြီးဟု သမ္မတ အသိအမှတ်ပြုပြောကြား
Friday, December 5, 2014

ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုအခြေခံပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပြန်လည် တည်ဆောက်နေရတဲ့ နိုင်ငံတနိုင်ငံမှာ အမျိုးသားအမျိုးသမီး တန်းတူရေး ဟာလည်း အလွန်အရေးကြီးပြီး အခြေခံကျတဲ့ ကိစ္စရပ်တခုပဲဖြစ်တယ်လို့ သမ္မတ ဦးသိန်စိန်က    နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အမျိုးသမီးဖိုရမ်ဆွေးနွေး ပွဲမှာ ပြောပါတယ်။

အမျိုးသမီးများ နိုင်ငံရေးမှာ တန်းတူညီမျှပါဝင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းတွေမှာ တန်းတူညီမျှအခွင့်အရေး ရရှိရေးကိုလည်း ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်။

“အသွင်ကူးပြောင်း စ မြန်မာနိုင်ငံလို နိုင်ငံတနိုင်ငံမှာ လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုထားတဲ့ မြန်မာအမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ် ဆိုတာ ကျနော့်အနေနဲ့ လေးနက်စွာ အသိအမှတ်ပြုပါတယ်” လို့ သမ္မတဦးသိန်စိန် က   ပြောဆိုသွားပါတယ်။

ဒီဖိုရမ်မှာ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း  တတ်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး  တိုင်းပြည်အပြောင်းအလဲမှာ အမျိုး သမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍအရေးကြီးပုံနဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာ နည်းမှန်လမ်းမှန်နဲ့ ပိုမိုပါဝင်ဖို့လို တယ်လို့ ပြောကြားသွားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးဖိုရမ်ကို မြန်မာနိုင်ငံမှာ ဒုတိယ အကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။

ဒီဗွီဘီ
ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုအခြေခံပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပြန်လည် တည်ဆောက်နေ ရတဲ့ နိုင်ငံတနိုင်ငံမှာ အမျိုးသားအမျိုးသမီး တန်းတူရေး ဟာလည်း အလွန်အရေးကြီးပြီး အခြေခံကျတဲ့ ကိစ္စရပ်တခုပဲဖြစ်တယ်လို့ သမ္မတ ဦးသိန်စိန်က    နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အမျိုးသမီးဖိုရမ် ဆွေး နွေး ပွဲမှာ ပြောပါတယ်။

အမျိုးသမီးများ နိုင်ငံရေးမှာ တန်းတူညီမျှပါဝင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းတွေမှာ တန်းတူညီမျှအခွင့်အရေး ရရှိရေးကိုလည်း ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်။

“အသွင်ကူးပြောင်း စ မြန်မာနိုင်ငံလို နိုင်ငံတနိုင်ငံမှာ လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုထားတဲ့ မြန်မာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ် ဆိုတာ ကျနော့်အနေနဲ့ လေးနက်စွာ အသိ အမှတ်ပြုပါတယ်” လို့ သမ္မတဦးသိန်စိန် က   ပြောဆိုသွားပါတယ်။

ဒီဖိုရမ်မှာ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း  တတ်ရောက် မိန့်ခွန်း ပြော ကြားခဲ့ပြီး  တိုင်းပြည်အပြောင်းအလဲမှာ အမျိုး သမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍအရေးကြီးပုံနဲ့ အမျိုးသမီး တွေ နိုင်ငံရေးမှာ နည်းမှန်လမ်းမှန်နဲ့ ပိုမိုပါဝင်ဖို့လို တယ်လို့ ပြောကြားသွားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးဖိုရမ်ကို မြန်မာနိုင်ငံမှာ ဒုတိယ အကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment